Subscribe to our RSS Feed

ပုဂ္ဂလိကလုပ်ငန်းများ အခြေကျသွားလျှင် အာမခံကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၂၀၁၅ တွင် ၀င်ခွင့်ပေးမည်


From : .7day

ပြည်တွင်းလုပ်ငန်းရှင်များအား ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပေးပြီးဖြစ်၍ ၄င်းတို့ လုပ်ငန်း၌ အခြေကျသွားပြီးနောက် ၂၀၁၅ ပတ်ဝန်းကျင်ခန့်တွင် အာမခံလုပ်ငန်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ၀င်ရောက် လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဘ
ဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ယင်းကိစ္စနှင့် ပတ်သက်၍ "အဲဒီ ပြည်တွင်းအာမခံလုပ်ငန်း ကုမ္ပဏီတွေကို ဒီလုပ်ငန်းထဲမှာ အတွေ့အကြုံရအောင် အခွင့်အရေးပေးထားဖို့ ကျွန်တော်တို့ လိုအပ်နေပါတယ်။ ဒီနောက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အာမခံလုပ်ငန်းမှာ ၀င်လုပ်ခွင့်ပြုသွားမှာပါ။ ၂၀၁၅ လောက်မှာ အကောင်အထည်ပေါ်မယ် ထင်ပါတယ်"ဟု နေပြည်တော်တွင် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုဖိုရမ်ပြင်ပ၌ ရိုက်တာသတင်းသို့ ပြောသည်။ ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ယခုမှတ်ချက်သည် ဗြိတိန်၏ ထိပ်တန်းအာမခံကုမ္ပဏီကြီး Prudential Plc (PRU.L)မှ အကြီးအကဲက မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ပြောဆိုခဲ့အပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။ ယင်းကုမ္ပဏီသည် ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံခြားသားပိုင် အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ကို မကြာသေးမီက ရရှိခဲ့ပြီး မြန်မာဈေးကွက်သို့လည်း ၀င်ရောက်ရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Tidjane Thiam ကလည်း "ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းတွေ ရှာဖွေနေသလို မြန်မာဟာလည်း ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ အထဲမှာ ပါဝင်နေပါတယ်"ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ Sompo Japan အာမခံလုပ်ငန်းနှင့် Tokio Marine & Nichido Fire Insurance ကုမ္ပဏီလီမိတက်တို့သည် ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားကြောင်း အာရှအာမခံရီဗျူးစာစောင်မှ ထုတ်ဝေသည့် အာရှအာမခံလမ်းညွှန်စာစောင် (၂၀၁၃) တွင် ဖော်ပြထားသည်။

Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်