From : 7day
ထိုင်းနိုင်ငံတွင်း ရှိနေသော မြန်မာဒုက္ခသည် ၁၂၀,၀၀၀ ခန့်သည် တစ်နှစ်တာကာလအတွင်း ဇာတိမြေပြန်နိုင်ဖွယ်ရှိ ကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက ပြောကြားသည်။
ထိုင်းနှင့် မြန်မာနှစ်နိုင်ငံသည် ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ဆွေးနွေးမှုများ မကြာသေးမီက ပြုလုပ်ခဲ့ပြီးနောက် ယခု ကြေညာချက်ထွက်ပေါ် လာခြ

င်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် နယ်စပ်တစ်လျှောက်၌ ရှမ်းနှင့်ကရင် တိုင်းရင်းသားအများစု ပါဝင်သော ဒုက္ခသည်များစွာ ခိုလှုံလျက်ရှိပြီး၊ ယခုအခါ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီဖြစ်၍ ၄င်းတို့ ပြန်လာနိုင်ရေးမျှော်လင့်ချက် မြင့်တက်လာသည်။
ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ(NSC)၏ ကြေညာချက်၌ မြန်မာအစိုးရသည် “နယ်စပ်တစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းနေပြီး (ဒုက္ခသည်များအတွက်) တစ်နှစ်အတွင်း နေထိုင်နိုင်မည့် နေအိမ်များ၊ အခြား အခြေခံအဆောက်အအုံများကို ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း” ဖော်ပြထားသည်။
ပြီးခဲ့သည့်သြဂုတ်လက နေပြည်တော်သို့ သွားရောက်ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဆွေးနွေးခဲ့သော NSC အထွေထွေအတွင်းရေးမှူးချုပ် ၀ီချိယန်ပုတ်ပိုဆရီက မြန်မာအစိုးရသည် နေရပ်ပြန်လာမည့် ဒုက္ခသည်များအတွက် အလုပ်အကိုင်နှင့် အခြားလိုအပ်သော လေ့ကျင့်ပေးမှုများ ဆောင်ရွက်ပေးရန်ရှိကြောင်း
ပြောကြားခဲ့သည်ဟုဆိုသည်။ ထို့အပြင် NSC ၏ ကြေညာချက်၌ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံအား နေရပ်ပြန်လာသူ ဒုက္ခသည်များအတွက် စက်မှုဇုန်များ တည်ဆောက်ရေးတွင် ပါဝင်ရင်းနှီးမြှုပ်နှံစေလိုကြောင်း ပြောကြားခဲ့သည်ဟုလည်းဖော်ပြထားသည်။
NSC ၏ ယခုကြေညာချက်သည် မကြာသေးမီက နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ (Human Rights Watch)၏ အစီရင်ခံစာ၌ ထိုင်းနိုင်ငံသည် မြန်မာဒုက္ခသည်များအား ဆက်ဆံရာတွင် နိုင်ငံတကာ စံနှုန်းများကို လိုက်နာရန် ပျက်ကွက်ကြောင်း ဝေဖန်ခဲ့အပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၅၁ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသကဲ့သို့ ဒုက္ခသည်များကို ကာကွယ်ပေးမည့် မည်သည့်ဥပဒေမှ ပြဋ္ဌာန်းထားခြင်းမရှိပေ။
HRW အဖွဲ့၏ ဒုက္ခသည်လုပ်ငန်းစဉ်ဆိုင်ရာ ဒါရိုက်တာ ဘီလ်ဖရဲလစ်ခ်က “ထိုင်းဟာ မြန်မာဒုက္ခသည်တွေကို မမျှတတဲ့ ရွေးချယ်မှုတစ်ရပ်အနေနဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသက ဒုက္ခသည်စခန်းတွေထဲမှာ နှစ်ပေါင်းများစွာ နေထိုင်စေခြင်း (သို့မဟုတ်) အဖမ်းဆီးခံ ပြည်နှင်ဒဏ်ခံရမယ့် အန္တရာယ်ကနေ ကာကွယ်ပေးခြင်းမရှိဘဲ ဒုက္ခသည်စခန်းတွေ ပြင်ပမှာ အလုပ်လုပ်ကိုင်ခြင်းကို လွှတ်ပေးထားခြင်းတို့ကို ပြုလုပ်နေပါတယ်။ တခြားနိုင်ငံတွေကလာတဲ့ ဒုက္ခသည်တွေဟာ ဒါကို သည်းညည်းခံရုံပါပဲ။ သူတို့ကို တစ်ခါတလေ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတာ၊ အကြောင်းမဲ့ ထိန်းသိမ်းတာတွေ လုပ်လေ့ရှိပါတယ်” ဟုဆိုသည်။
ယမန်နှစ်ကစ၍ မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်လာပြီးနောက် မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ပိတ်ပစ်ချင်ကြောင်း ထိုင်းနိုင်ငံက ကြေညာခဲ့သည်။ သို့သော် ထိုင်းနိုင်ငံသည် စခန်းများ ပိတ်ပစ်ရေးကို အလောတကြီး မဆောင်ရွက်ခဲ့သည့်အတွက် Human Rights Watch (HRW) က ချီးကျူးခဲ့သည်။
Myanmar Expressထိုင်းအမျိုးသား လုံခြုံရေးကောင်စီ(NSC)၏ ကြေညာချက်၌ မြန်မာအစိုးရသည် “နယ်စပ်တစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းနေပြီး (ဒုက္ခသည်များအတွက်) တစ်နှစ်အတွင်း နေထိုင်နိုင်မည့် နေအိမ်များ၊ အခြား အခြေခံအဆောက်အအုံများကို ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း” ဖော်ပြထားသည်။
ပြီးခဲ့သည့်သြဂုတ်လက နေပြည်တော်သို့ သွားရောက်ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဆွေးနွေးခဲ့သော NSC အထွေထွေအတွင်းရေးမှူးချုပ် ၀ီချိယန်ပုတ်ပိုဆရီက မြန်မာအစိုးရသည် နေရပ်ပြန်လာမည့် ဒုက္ခသည်များအတွက် အလုပ်အကိုင်နှင့် အခြားလိုအပ်သော လေ့ကျင့်ပေးမှုများ ဆောင်ရွက်ပေးရန်ရှိကြောင်း
ပြောကြားခဲ့သည်ဟုဆိုသည်။ ထို့အပြင် NSC ၏ ကြေညာချက်၌ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံအား နေရပ်ပြန်လာသူ ဒုက္ခသည်များအတွက် စက်မှုဇုန်များ တည်ဆောက်ရေးတွင် ပါဝင်ရင်းနှီးမြှုပ်နှံစေလိုကြေ
NSC ၏ ယခုကြေညာချက်သည် မကြာသေးမီက နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ (Human Rights Watch)၏ အစီရင်ခံစာ၌ ထိုင်းနိုင်ငံသည် မြန်မာဒုက္ခသည်များအား ဆက်ဆံရာတွင် နိုင်ငံတကာ စံနှုန်းများကို လိုက်နာရန် ပျက်ကွက်ကြောင်း ဝေဖန်ခဲ့အပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၅၁ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသကဲ့သို့ ဒုက္ခသည်များကို ကာကွယ်ပေးမည့် မည်သည့်ဥပဒေမှ ပြဋ္ဌာန်းထားခြင်းမရှိပေ။
HRW အဖွဲ့၏ ဒုက္ခသည်လုပ်ငန်းစဉ်ဆိုင်ရာ ဒါရိုက်တာ ဘီလ်ဖရဲလစ်ခ်က “ထိုင်းဟာ မြန်မာဒုက္ခသည်တွေကို မမျှတတဲ့ ရွေးချယ်မှုတစ်ရပ်အနေနဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသက ဒုက္ခသည်စခန်းတွေထဲမှာ နှစ်ပေါင်းများစွာ နေထိုင်စေခြင်း (သို့မဟုတ်) အဖမ်းဆီးခံ ပြည်နှင်ဒဏ်ခံရမယ့် အန္တရာယ်ကနေ ကာကွယ်ပေးခြင်းမရှိဘဲ ဒုက္ခသည်စခန်းတွေ ပြင်ပမှာ အလုပ်လုပ်ကိုင်ခြင်းကို လွှတ်ပေးထားခြင်းတို့ကို ပြုလုပ်နေပါတယ်။ တခြားနိုင်ငံတွေကလာတဲ့ ဒုက္ခသည်တွေဟာ ဒါကို သည်းညည်းခံရုံပါပဲ။ သူတို့ကို တစ်ခါတလေ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတာ၊ အကြောင်းမဲ့ ထိန်းသိမ်းတာတွေ လုပ်လေ့ရှိပါတယ်” ဟုဆိုသည်။
ယမန်နှစ်ကစ၍ မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်လာပြီးနောက် မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ပိတ်ပစ်ချင်ကြောင်း ထိုင်းနိုင်ငံက ကြေညာခဲ့သည်။ သို့သော် ထိုင်းနိုင်ငံသည် စခန်းများ ပိတ်ပစ်ရေးကို အလောတကြီး မဆောင်ရွက်ခဲ့သည့်အတွက် Human Rights Watch (HRW) က ချီးကျူးခဲ့သည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်