Subscribe to our RSS Feed

လယ်ယာမြေဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်းနှင့် ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၊ လယ်ယာမြေဥပဒေ အာဏာတည်သည့် နေ့ရက် သတ်မှတ်ခြင်း၊ အမိန့်ကြော်ငြာစာ အမှတ် (၆၂/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် လယ်ယာမြေဥပဒေသည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်၊ [၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း(၁၄) ရက်] နေ့တွင် လယ်ယာမြေ ဥပဒေပုဒ်မ ၂ အရ စတင် အာဏာတည်သည်ဟု သတ်မှတ် လိုက်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း၊ အမိန့်အမှတ် (၂၈/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း၁၄ ရက် (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ ဦးရဲထွဋ်အား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုက်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်