Subscribe to our RSS Feed

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အများပိုင်ကုမ္ပဏီများ တည်ထောင်မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကို အများပိုင်ကုမ္ပဏီ တည်ထောင်ရန် သက်ဆိုင်ရာသို့ တင်ပြဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်မှ သိရသည်။ အများပိုင်ကုမ္ပဏီ တည်ထောင်ခွင့်ရပါက အများပြည်သူများအား ရှယ်ယာဖိတ်ခေါ် ရောင်းချသွားမည်ဖြစ်ကြောင်း၊ အများပိုင်ကုမ္ပဏီမှ Tourism Development ဖြစ်စေရန်နှင့် ယင်းနှင့် ဆက်စပ်နေသော လုပ်ငန်းများကိုပါ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ဖော်ထုတ်မည့် တံတားဦးဟိုတယ် စီမံကိန်းတွင် လုပ်ကိုင်သွားမည်ဖြစ်ပြီး ပုဂံ၊ အင်းလေး၊ ရခိုင်ဒေသများတွင်လည်း ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ဆိုင်သောလုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။  

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်