Subscribe to our RSS Feed

ပြင်ဆင်ဖွဲ့စည်းသည့် ပြည်ထောင်စု ၀န်ကြီး စာရင်းတွင် ရွေးချယ်မခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို နှုတ်ဆက်ကာ အပြီးထွက်ခွာ


ပြင်ဆင်ဖွဲ့စည်းသည့် ပြည်ထောင်စု ၀န်ကြီး စာရင်းတွင် ရွေးချယ်မခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို နှုတ်ဆက်ကာ အပြီးထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မနက်ပိုင်းတွင် ပြင်ဆင်ဖွဲ့စည်းသည့် ဝန်ကြီးစာရင်း ရောက်လာပြီးနောက် ထိုနေ့ မွန်းလွဲပိုင်းမှစ၍ ရွေးချယ်မခံရမှန်း သိသိချင်း လွှတ်တော်မှ ခွင့်ယူလိုက်ကြောင်း သိရသည်။

ယခု ကျင်းပနေသော လွှတ်တော် အစည်းအဝေးကို လုံးဝ တက်တော့မည် မဟုတ်ကြောင်း သိရပြီး လွှတ်တော်မှ ခွင့်ယူထားသည်မှာ ခွင့်ယူသည့်နေ့မှစ၍ လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော်အ စည်းအဝေးများပြီးဆုံးသည်အထိဖြစ် ကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါသည်။

''၇ ရက်နေ့အထိ ခွင့်ယူထားပါတယ်။ ၇ ရက်နေ့မှာ ဒီတစ်ကြိမ် အစည်းအဝေးတွေလည်း ပြီးပါပြီ။ အဲဒီနေ့မှာ လွှတ်တော်မပြီးလည်း နောက်အစည်းအဝေးမှ ပြန်တက်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း နှုတ်ဆက်သွားပါတယ်''ဟု ဦးအုန်းကြိုင်က ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ကတည်းကပင် နိုင်ငံခြားရေးဝန်ကြီးပဲ ဖြစ်မလိုလို၊ ဒုသမ္မတပဲ ဖြစ်မလိုလို၊ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်ပဲဖြစ်မလိုလို၊ ဒုတိယပင်လုံ ဥက္ကဌကြီးပဲ ဖြစ်မလိုလို နဲ့ ယခု ၂ နှစ် ကြာချိန်ထိ ဘာမှ ဖြစ်မလာခဲ့ပေ။ ရာထူးအချိန်းအပြောင်းကာလတိုင်းတွင်း သွေးတက်ခဲ့ရပြီး ယခုလို မကြာခဏ ခွင့်ယူခဲ့ရတာမျိုးတွေလည်း ရှိခဲ့ကြောင်းသိရသည်။

အစားကောင်းကောင်းမစားတဲ့အပြင် တွေ့သမျှလူအားလုံးကိုလည်း ပြဿနာ ရှာတတ်တာကြောင့် ပါတီဝင်များအားလုံး တုန်လှုပ်ခြောက်ခြားနေရပြီး ယခုကာလအတွင်း အမြတ်တော် ရှခံရသူ မြောင်းမြ NLD မှ ပါတီဝင် နှစ်ကိုလည်း စုံစမ်းစစ်ဆေးခြင်းမရှိ ထုတ်ပယ်ခဲ့တာမျိုးတွေ လုပ်ခဲ့သည်။

နေရာ တစ်နေရာမှမရ၊ ပါတီတွင်း အလဲအကွဲ တွေ ဆက်တိုက်ဖြစ်နေသော်လည်း ခေါင်းစဉ်အမျိုးမျိုးဖြင့် ဆုတွေကတော့ နေ့တိုင်းနီးပါးရနေတုန်းပင်ဖြစ်သည်။

ပြင်ဆင်ဖွဲ့စည်းသည့် ပြည်ထောင်စု ၀န်ကြီး စာရင်းများ ကို http://www.myanmarexpress.net/2012/09/blog-post_1127.html တွင် ဆက်လက်ဖတ်ရှုနိုင်သည်။

Myanmar Express

3 comments:

သနားစရာတော်တော်လေး ကောင်းနေပါပီး .. ဆန္ဒမဲ နိုင်သွားသော်လဲ မေမေ ဘာမှ့ မစွမ်းဆောင်နိုင်ပါလားေိေိ

She should not be called Leader of Democracy
She is only an Opposition Party Leader.
She is the puppet of US and EU.
She is a Trouble maker of the Union of Myanmar,

Millions of Myanmar people suffered and struggle to survive because of Sanctioned supported by Daw Aung San Suu Kyi .

Her policy of Centralization, dictatorship and stubboness will not success.



အမေ အတွက်စိတ်မကောင်းဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်