Subscribe to our RSS Feed

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် အဖွင့်ပွဲ မြန်မာအသင်း ဂိုးပြတ်နိုင်


From : The Voice

ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသာ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ အုပ်စု(က) အဖွင့် ပွဲစဉ်တွင် မြန်မာအသင်းက ဖီလစ်ပိုင် အသင်းအား သုံးဂိုးပြတ် အနိုင် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာအသင်း၏ အဖွင့်ဂိုးကို ပထမပိုင်း ပွဲအစ ငါးမိနစ်တွင် စန်းစန်းမော်က ၁၈ ကိုက်စည်း အတွင်း ဒိုက်ဗင်ထိုး ၍ ခေါင်းတိုက် သွင်းယူ ပေးခဲ့သည်။ ပွဲချိန် ၃၈ မိနစ်တွင် ဖိလစ်ပိုင် နောက်ခံလူ အမှားမှ တစ်ဆင့် ရရှိလာ သည့် အခွင့်အရေးကို နီလာမြင့် အပိုင် အသုံးချ နိုင်ခဲ့သဖြင့် မြန်မာအသင်း ပထမပိုင်းတွင် ၂-၀ ဖြင့် ဦးဆောင်ခဲ့ သည်။

ဒုတိယပိုင်း ပွဲချိန်(၈၂) မိနစ် အရောက်တွင် သန်းသန်းထွေး ပေးပို့မှုကို ရီရီဦးက ဂိုးဧ ရိယာထဲ ဆွဲဝင် ကန်သွင်းယူရန် ကြိုးစားခဲ့ရာ ဖိလစ်ပိုင် နောက်တန်းလူက ဥပဒေပ ဖျက်ထုတ် ခဲ့သောကြောင့် မြန်မာအသင်း ပင်နယ်တီ ကန်ခွင့် ရခဲ့သည်။ယင်းပင်နယ်တီကို စန်းစန်းမော်က အမှားအယွင်းမရှိ ကန်သွင်းယူသ ဖြင့် မြန်မာအသင်း (၃-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် ၂၀၁၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် (AFF Women's Championship 2012) ပွဲစဉ်ကို စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင် ကျင်းပလျှက် ရှိရာ မြန်မာအသင်းအနေဖြင့် ဒုတိယပွဲစဉ် အဖြစ် စက်တင်ဘာ ၁၅ရက်နေ့တွင် စင်ကာပူနှင့် ဆက်လက် ရင်ဆိုင် ရမည် ဖြစ်သည်။မြန်မာအသင်းသည် အုပ်စု(က)တွင်အိမ်ရှင် ဗီယက်နမ်၊စင်ကာပူ၊ဖိလစ်ပိုင် တို့နှင့် အတူ ကျရောက် နေသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်