Subscribe to our RSS Feed

ပြည်ပ အတိုက်အခံများ အစိုးရပေါ် ယုံကြည်မှု တိုးလာဟု မိုးသီးဇွန် ပြောကြား


From : The Voice

မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး ဖြစ်စဉ်များနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း စဉ်များတွင် မြန်မာနိုင်ငံသား အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်ပေးနေသော သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ကို ပြည်ပ အတိုက်အခံ နိုင်ငံရေး အင်အားစုများက ယုံကြည်မှု မြင့်တက်လာကြောင်း ခေတ္တ ပြည်တော် ပြန်လာသ
ူ ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန် က ပြောကြားသည်။

စက်တင်ဘာ လ ၂ ရက်နေ့ ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ ငြိမ်းချမ်းရေး စင်တာ တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောာင်မင်းအပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံသည့် ပွဲ ၌ အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးမှု ရလဒ်အရ အစိုးရနဲ့ ယုံကြည်မှု တော်တော် တည်ဆောက် နိုင်ခဲ့တယ် ပြည်ပ အတိုက်အခံတွေလည်း ယုံကြည်မှု တော်တော်လေး ရလာကြပြီ၊ ကျွန်တော်တို့လိုပဲ ပြည်ပက လူတွေ အများကြီး ပြန်လာ ကြဦးမယ် ၊” ဟု ဦးမိုးသီးဇွန်က ဆိုသည်။

ငြိမ်းချမ်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ကလည်း “ကျွန်တော်တို့ ငြိမ်းချမ်းရေး ကိစ္စ တွေ ၊ All Inclucive လူတွေ အားလုံး ပါဝင်နိုင် မယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ခုလိုမျိုး ပဲ ပွင့်လင်း မြင်သာမှု ရှိရှိ ဆက်လက် လုပ်ဆောင်သွားပါမယ် ၊ ဘယ်သူ့မှ ချန်မသွားဘူး ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ABSDF ဥက္ကဋ္ဌ ဟောင်း ဒေါက်တာနိုင်အောင် ၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့် ၊ ABSDF ဥက္ကဋ္ဌ ဟောင်းနှင့် ဦးမိုးသီးဇွန် အပါအဝင် ၊ လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီဝင် များသည် သြဂုတ်လ ၃၁ ရက်နေ့ နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့ တွင် မြန်မာနိုင်ငံသို့ ဆက်တိုက် ပြည်တော်ဝင်ခဲ့ ကြသည်။

Myanmar Express

1 comments:

မြန်မာနိုင်ငံဒီမိုကရေစီတည်ဆောက်နေချိန်မှာ
ဒီလိုကောင်စားတွေပါဖို့လ်ုအပ်လို့လား??????
ယခင်မြန်မာပြည်ထဲဗုံးကွဲတိုင်းဒီအဖွဲ့ကကောင်တွေ
ကြောင့်လို့စစ်အစိုးရကပြောခဲ့ဖူးတော့အခုအစိုးရက
ဒီကောင်တွေရဲ့အရည်အချင်းကိုသဘောကြပြီး
လူလိုသူလိုဆက်ဆံနေတာ လား ???????????့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်