Subscribe to our RSS Feed

၄၅ နှစ်အတွင်း ပထမဆုံး အမျိုးသမီး သံတမန် ခန့်အပ်


From : သာနောင်

မြန်မာ့ သမိုင်းတွင် ၄၅ နှစ်အတွင်း ပထမဆုံးအဖြစ် အမျိုးသမီး တစ်ဦးကို သံအမတ်အဖြစ် ခန့်အပ်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်မြင့်ကို ဘရူနိုင်း နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သံအမတ်အဖြစ် ၁၉၆၀ မှ ၆၇ ခုနှစ်အထိ ၇ နှစ်ကြာ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဒေါ်ယဉ်ယဉ်မြင့်ကို သံအမတ်ကြီး အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့်အတူ အခြား သံအမတ်ကြီး လေးဦးအားလည်း အသီးသီး ပြောင်းရွှေ့ တာဝန်ပေးခဲ့ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ထားသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်