From : မြဝတီ
ကမ္ဘာအဝှမ်း လူအများ ကိုးကွယ် ယုံကြည်လျက်ရှိသော အဓိက ဘာသာကြီးများ၏ ခေါင်းဆောင် အသီးသီး သည် ကမ္ဘာ လောကကြီး ငြိ
Myanmar Express

မ်းချမ်း သာယာရေးအတွက် မေတ္တာတရားကို လက်ကိုင်ကျင့်သုံး ကြရန် ညွှန်ပြ ကြကြောင်း၊ ဘာသာဝင် အသီးသီးက ယနေ့ ကမ္ဘာကြီးကို မေတ္တာတရား အခြေခံပြီး ငြိမ်းချမ်းမှု ရရှိအောင် စွမ်းအား ရှိသမျှ တည်ဆောက် ဖန်တီးလျက် ရှိနေကြသည်ဟု ယုံကြည်ပါ ကြောင်းဖြင့် ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့(မြန်မာ) မိတ်ဆက် ဆွေးနွေးပွဲ အခမ်းအနားတွင် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးမြင့်မောင်က ပြောကြား သည်။
ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားရာတွင် မေတ္တာတရား သည်သာလျှင် အချင်းချင်း စာနာ ထောက်ထားမှု၊ နားလည်မှု တို့ကိုဖန်တီးပေးကြောင်း၊ ကိုးကွယ်မှု ဘာသာတိုင်းတွင် လက်ခံ ကျင့်သုံး လျက်ရှိသော မေတ္တာတရားသည် သာလျှင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင် တည်ဆောက်နိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ပါကြောင်း၊ ဘာသာဝင် အသီးသီးက မေတ္တာတရားကို လေးနက်ယုံကြည်စွာဖြင့် ကျင့်သုံးရင်း ကမ္ဘာ့ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ကြပါစေဟု ဆုတောင်း အပ်ပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် Dr. William F. Vendley က ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂ Organization of the Islamic Cooperation (OIC) မှPermanent Observer Ambassador H.E Mr.Ufuk Gokcen က မိမိမြန်မာနိုင်ငံသို့ ရောက်ရှိပြီး ရခိုင်ဒေသ သို့လည်း သွားရောက် လေ့လာခဲ့ပြီး ဖြစ်ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် ပြဿနာမှာ ဘာသာရေးကို အခြေခံသည့် ပြဿနာ မဟုတ်ဘဲ လူမျိုးရေးကို အခြေခံပြီးဖြစ်သော ပြဿနာမျိုးဖြစ်၍ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင် များက ပူးပေါင်းဖြေရှင်းရန် လိုကြောင်း၊ OIC မှလည်း ပံ့ပိုးထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း၊ ရပ်ရွာအောက်ခြေ ပြည်သူများ အကြားတွင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အဆင်ပြေနိုင်မည်ဟု ယူဆပါ ကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ချုပ်နှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ (မြန်မာ)တို့မှ ဘာသာရေး ခေါင်းဆောင်များက ငြိမ်းချမ်းရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ချုပ်တွင် အဖွဲ့ဝင်ပေါင်း နိုင်ငံ(၉ဝ)ရှိပြီး ဖြစ်သည်။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ)ကို ၂ဝ၁၂ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်း ခဲ့ပြီး ဘာသာကြီး လေးရပ်မှ ဦးဆောင် နာယက လေးဦးပါဝင်၍ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ချုပ်၏ (၉၁)နိုင်ငံ မြောက်အဖွဲ့ဝင်ဖြစ်သည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်