Subscribe to our RSS Feed

မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လေ့လာရန် လာရောက်သော ခရီးသွားဦးရေ ဆက်လက်မြင့်တက်


From : ခေတ်လူငယ်

မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ လေ့လာလုပ်ကိုင်ရန် လာရောက်သော စီးပွားရေး ခရီးသွား ဝင်ရောက်မှုသည် ဆက်လက်မြင့်တက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သတင်းရရှိသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ရရှိသော စာရင်းများအရ Business Visa ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးသွားဝင်ရောက်မှုသည် လအလိုက် မြင့်တက်မှုရှိလာကြောင်း သိရသည်။ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ စီးပွားရေးခရီးသွား ဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကထက် လအလိုက် မြင့်တက်လာပြီး ၂၀၁၂ ခုနှစ် ခုနှစ်လတာအတွင်း ဇူလိုင်လသည် အများဆုံးဖြစ်ကာ စုစုပေါင်း ၉၇၃၈ ဦး ဝင်ရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လာရောက်လေ့လာမှုများ ပိုမိုလာရာတွင် ယင်းသို့ လာရောက်သော အဖွဲ့ဝင်များအနက် ဟိုတယ်လုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူ ပိုမိုများပြားကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ သိရှိရသည်။ ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်ရန် လေ့လာမှုများရှိနေပြီး အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ ရုရှား၊ ဟောင်ကောင် စသည့်နိုင်ငံများမှ လေ့လာမှုများ ရှိနေသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်