Subscribe to our RSS Feed

သမ္မတ ဦးသိန်းစိန်အား တရုတ် အနောက်မြောက် စိုက်ပျိုးရေးနှင့် သစ်တော ပညာ တက္ကသိုလ် က ဂုဏ်ထူးဆောင်ဒေါက်တာ ဘွဲ့ ချီးမြှင့်



From :7day


 မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စိုက်ပျိုးရေးနှင့် သစ်တောပညာတက္ကသိုလ်မှ ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ယမန်နေ့ (စက်တင်ဘာ ၁၉ရက်)က လက်ခံရရှိခဲ့သည်။

သမ္မတဦးသိန်းစိန်အား ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ယင်းတက္ကသိုလ်ဥက္ကဋ္ဌ ပါမောက

္ခဆန်ကျီရှင်းက သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင်း၌ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ထူးခြားအရေးပါသည့် ဆောင်ရွက်မှုများ အမြဲပြုလုပ်လျက်ရှိခြင်းကြောင့် ဖြစ်ကြောင်းပြောသည်။
၎င်းက "ဒီဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဟာ သမ္မတကြီးရဲ့ အမျိုးသားစီးပွားရေး တည်ဆောက်မှု၊ စိုက်ပျိုးရေး၊ နည်းပညာ၊ ပညာရေးနဲ့ လူထုဘ၀ မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးမှုတွေအပြင် ကျွန်တော်တို့ နှစ်နိုင်ငံကြား မိတ်ဆွေဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်မှုတို့ကိုပါ မိမိတို့ဘက်မှ တန်ဖိုးထားကြောင်း ပြသခဲ့တာလည်းဖြစ်ပါတယ်"ဟုပြောသည်။

ပါမောက္ခဆန်က ၄င်း၏ တက္ကသိုလ်မှ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးပညာရှင်များ ပိုမိုပေါ်ထွက်ရန် ရည်ရွယ်၍ နှစ်စဉ် တရုတ်အစိုးရ ပညာသင်ဆုငါးဆုကိုလည်း ပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။ တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားမှုဖြင့် ရှန်ဇီးပြည်နယ်သို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်ကလည်း ၄င်းအား ဆုချီးမြှင့်သည့်အတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာအစိုးရသည် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးတို့တွင် တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုပြောကြားသည်။
သမ္မတအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးသည့်အခမ်းအနားတွင် မြန်မာနိုင်ငံမှ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စိုက်ပျိုးရေးနှင့် သစ်တောပညာတက္ကသိုလ်တို့ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပညာရှင်များ အပြန်အလှန်စေလွှတ်ရေး နားလည်မှုစာချွန်လွှာ MOU တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။




 

ရှန်ဇီးပြည်နယ် ရန်လင်းမြို့၌ တည်ရှိသော တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်း စိုက်ပျိုးရေးနှင့် သစ်တောပညာတက္ကသိုလ်သည် သက်တမ်း ၇၇ နှစ်ရှိသော တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ တက္ကသိုလ်တွင် ၀န်ထမ်း ၄,၅၅၇ ဦးရှိပြီး ကျောင်းသားပေါင်း ၂၀,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိသည်။

  Myanmar Express 

4 comments:

ဒေါ်စုတယောက်ထဲဆုရတာမဟုတ်ဘူးကွ
ဒို့သမတကြီးလဲဒေါက်တာဘွဲ့ရတယ်၊တွေ့တယ်မဟုတ်လား

..

It's great. However, it is irrelevant. It should actually be given by political science universities instead. Need to thoroughly review before accepted.

ကုလားမရေ နင်တစ်ယောက်တည်းဆုရတာမဟုတ်ဘူး

သမ္မတ ကြီး ခင် ဗျား

GTC ပညာ ရေး သည် အ နာဂါတ် ကြယ် လေး များ ကို ရိုက် ခီူး ဖျက် ဆီး ပြစ် တာ နဲ့ အ တူ တူ ပါ GTCB test 2 ဖြေ ဆို ရာ တွင် အ ကျ , အ အောင် နှင့် အောင် ပြိး စ တား ပါ တာ ရယ် လို့ ရှိ ပါ သည် အောင် ရုံ အောင် တဲ့ ကျောင်း သား တွေ မှာ ကျောင်း တက် စ ရာ လည်း မ ရှိ တော့ ပါBE ဘွဲ့ လည်း ဆက် တက် စရာ မ ရှိ ပါ ကျ တဲ့ ကျောင်း တွေ မှာ ဆက် တက် ခွင့် ရှိ ပြိး BEသို့ ရ ရှိ နိုင် ပါ သည် အောင် ရုံ အောင် တဲ့ ကျောင်း သား လေး ကို အကျ သ ဘော ထား ပြိး ကျောင်း ပြန် တက် ခွင့် ပြု ပါ ရန် အသနား ခံ တင် ပြ အပ် ပါ သည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်