From : ခေတ်လူငယ်
နဝမအကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ Mr.Xi Jinping ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr.Thongsing Thammavong ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr.Nguyen Tan Dung ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံနိုင်ငံများကိုယ်စား ဂုဏ်ထူးဆောင် ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ Mr.Xi Jinping နှင့် တာဝန်ရှိပုဂ္ဂိုလ်များက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အဖွင့်မိန့်ခွန်းတွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို အာဆီယံနိုင်ငံများအားလုံး လိုလားပါကြောင်းနှင့် အာဆီယံ-တရုတ် လွတ်လပ်သည့် ကုန်သွယ်မှုဒေသ အပြည့်အဝ ပေါ်ထွန်းလာရေးနှင့် ဆက်လက်ထိန်းသိမ်းထားနိုင်ရေးတို့အတွက် လက်တွဲကြိုးပမ်းသွားကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် အစဉ်အလာအရ တည်ရှိသည့် ခင်မင်ရင်းနှီးမှုများကို တန်ဖိုးထားကာ အိမ်နီးချင်းနိုင်ငံများအကြား သမိုင်းဝင်ဆက်နွှယ်မှုများကို ထိန်းသိမ်းမြှင့်တင်သွားရန် သန္နိဋ္ဌာန်ပြုထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားရာတွင် ဒေသတွင်းနှင့် ဒေသပြင်ပ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးရေး ဖော်ဆောင်ရန်အတွက် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ ကိုယ်စား ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။ အာဆီယံ-တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၏ ယခုနှစ်အတွက် ခေါင်းစဉ်မှာ “နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုအတွက် ပေါင်းစပ်ဆက်သွယ်မှု မြှင့်တင်ရေး” ဟူ၍ ဖြစ်သည်။ ၂၀၁၀ ခုနှစ်အတွင်း အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၃၂ ဘီလီယံအထိ ရှိခဲ့သည်။ ၄င်းအပြင် ဒေသတွင်းနိုင်ငံများ အကြား အပြန်အလှန် ခရီးသွားကဏ္ဍသည် နှစ်စဉ် တိုးတက်လျက်ရှိရာ ၂၀၁၅ ခုနှစ် အရောက်တွင် ခရီးသွား ၁၅ သန်းအထိ ရောက်ရှိနိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။ ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေး ကြိုးပမ်းမှုများကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Northwest စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံတော် သမ္မတက ယခုကဲ့သို့ ဂုဏ်ပြုမှုနှင့် အောင်မြင်မှုကို မြန်မာပြည်သူများနှင့်အတူ မျှဝေခံစားရမည် ဆိုပါက မိမိအတွက် ပိုမိုပြည့်စုံမည် ဖြစ်သည်ဟု ထည့်သွင်းပြောကြားသွားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

1 comments:
ဒို့သမတကြီးက နိုင်ငံခေါင်းဆောင်အနေနဲ့ တရုတ် နဲ့ အမေရိကန် ကိုသွားတာကွ၊ ဟိုအရူးမဒေါ်စုလို ကိုယ့် နာမယ်ကြီးဖို့ ၊ ကိုယ့် ပုဂ္ဂိုလ် ရေးအရ အမြတ်ထုတ်ဖို့သွားတာမဟုတ်ဘူး ၊ တိုင်းပြည် အတွက် ၊ ပြည်သူတွေအတွက်သွားတာ ၊ ဟိုကောင်မကလင်တန် တရုတ်ပြည်သွားတုန်းက ၊ နောက်လ ဆိုသမတဖြစ်တော့မဲ့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်) ကတောင် လက်ခံမတွေ့ဘူး။
ဒို့သမတကြီးဒေါက်တာဦးသိန်းစိန်သွားတော့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်-နောက်လ ဆိုသမတဖြစ်တော့မဲ့ ) ကတောင် ပေကျင်းကနေ နန်နင်းအထိလာတွေ့တယ် ။ သိတယ်မဟုတ်လား?
ကွာကိုကွာတယ်...။ ပြီးတော့ အရူးမစုက ပြည်သူဆီကအခွန်ငွေတွေနဲ့ လွှတ်တော်မှာလခယူပြီး၊ဘာမှမလုပ်ဘဲ၊နိုင်ငံခြားမှ လျှောက်လည်နေသေးတယ်..တိဘက်ကပြည်ပြေးနိုဘယ်ဆုရှင် နိုင်ငံရေးဘုန်းကြီး (ဘုန်းကြီးအတု)နဲ့အတူတူဘဲနိုင်ငံတကာသွားပြီး၊
အလှုငွေတောင်းလိုက်၊စာအုပ်ရောင်းစားလိုက်၊ဥာဏ်မမှီတဲ့ ဟောပြောပွဲတွေလုပ်လိုက်နဲ့ကိုယ့်အတွက်ဘဲပိုက်ဆံရှာနေတာ ။
ဒေါ်စုလဲဒီအတိုင်းဘဲလာမှာ။အတ္တဆန်လိုက်ကြတာများ.........
..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်