နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင်အချို့သည် စက်တင်ဘာ ၁၇ ရက်ညနေ TG-306 လေယာဉ် ဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
"အဓိကကတော့ သမ္မတခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အတွက်သွားတာ။ နောက်အမေရိကန်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဖို့လည်းပါတယ်" ဟုအဆိုပါခရီးစဉ်တွင် လိုက်ပါမည့် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
ဦးအောင်မင်းနှင့်အဖွဲ့သည် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များသို့ သွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်မှာ စက်တင်ဘာ ၂၂ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်