Subscribe to our RSS Feed

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ တတိယအကြိမ်တွေ့ဆုံ


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ ကရင်ပြည်နယ် ဘားအံမြို့တွင် ငြိမ်းချမ်းရေးအတွက် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ ဆွေးနွေးပွဲကို စက်တင်ဘာ ၃ရက်နှင့် ၄ ရက်တို့တွင် ပြုလုပ်
မည်ဖြစ်ပြီး ယနေ့ (စက်တင်ဘာ ၃ရက်) နံနက် ၈ နာရီမှ ယခုအချိန်ထိ ဆွေးနွေးနေဆဲဖြစ်သည်။ ဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစိုးသိန်း၊ ဦးခင်ရီ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ပြီး KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ နော်မေဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်