Subscribe to our RSS Feed

လန်ဒန်လူထုကို ပါးစပ်နဲ့ စော်ကားပြီး message ပို့တောင်းပန်ပြီးနောက် မီဒီယသမားများကို ပါးစပ်နဲ့ -ီးလိုမှပဲ လို့ ဆဲဆိုပြီး အီးမေးဖြင့် ဇာဂနာ တောင်းပန်



ရန်ကုန်လေဆိပ်တွင် ဆဲဆိုခဲ့ခြင်းအပေါ် မီဒီယာသမားများသို့ တောင်းပန်ကြောင်းစာတစ်စောင့်ကို ဇာဂနာမှ အီးလ်မေးမှတဆင့် ပေးပို့ခဲ့သည်။

ယင်းစာကိုသတင်းဂျာနယ်တိုက်များနှင့် ဂျာနယ်လစ်ဆိုင်ရာအသင်းအဖွဲ့များသို့ ယနေ့ နေလည် ၃ နာရီကျော်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပေးပို့သည့်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

" ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း"

၂၀၁၂
သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။ လေဆိပ်တွင်သတင်းရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြားခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။ ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ဆဲမိခဲ့ပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအားလည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေးအတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကားလိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင် ပါတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်းအပ်ပါသည်။

ဇာဂနာ


ဟူ၍ဖြစ်သည်။ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ခရီးစဉ် တုန်းကလည်း လန်ဒန်ရောက် မြန်မာမိသားစုများ နှင့် ဇဂနာ တို့ ပြဿနာအကြီးအကျယ် တက်ခဲ့ပြီး ဇဂနာမှ ယုခုကဲသလို့ပင် message ရိုက် တောင်းပန်ကာ ကျေနပ်ခိုင်းခဲ့သည်။ ဇာဂနာ ၏ တောင်းပန်ချက်အပြည့်အစုံမှာ



ထပ်မံရှင်းပြပါရစေ။ ပွဲပြီးသည်အထိ ကျွန်တော့်လက်ထဲအစီအစဉ်စာရွက်ရောက်မလာပါ၊ ဃခုကဲ့သို့ကြီး ကျယ်ခမ်းနားသော ပွဲမှာစင်ခုံမန်နေဂျာ တစ်ယောက်မှမရှိပါ၊ အန်တီကို လာပေးသမျှ လက်ဆောင်ပစ္စည်းများကို မိုင်းရှာ ကိရိယာဖြင့်မက်ထရို ပိုလီတန်ရဲများကရှာဖွေစေပြီး ကျွန်တော်တိ့ကိုယ်တိုင်တစ်ထုပ်ချင်းဖောက်ပြရပါသည်။ အခမ်းအနားမှုး တစ်ယောက်အနေဖြင့်လုပ်ပေး စရန်မလို အပ်ပါပဲအောက်ကျခံပြီး လုပ်ပေးခဲ့ရပါသည်။ မြန်မာပြည်မှာပင် လျင် ရဲ ခိုင်းသည့် အလုပ်မလုပ်ခဲ့သော်လည်း လန်ဒန်ပွဲ အနှောင့် အရှက်မဖြစ်အောင် သည်းခံခဲ့ရပါသည်။ ထိ့ပြင့ခေတ်ဆန်းချိန် သီချင်းဖြုတ်လိုက် သဖြင့ စိတ်ဆိုးကုန် ကြသူများပြေ လည်အောင်ပြန်လည် ကပြခွင့်ရရရေး အတွက် ဇာတ်ရုံတာဝန်ခံများ ကိုရောအန်တီ ကိုပါမေတ္တာ ရပ်ခံတောင်းပန်ပြီး ပွဲဆက်ကပြနိုင်ရန် ချက်ချင်း ကမောက်ကမ ဆုံးဖြတ်ချက်ချ လုပ်ခဲ့ပါတယ်။ အရေးမပါတဲ့ ဆရာတော်များ အစီအစဉ်ကိုတော့ အစကတည်းက မလိုအပ်ဘူးထင်လို့ ကျော်ခဲ့ရခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်း စုကြည်ထံသို့လဲ ထိုဖြစ်စဉ်အားလုံးတင်ပြပြီးဖြစ်ပါသည်။ ဒါတောင်မှ မကျေနိုင် မချမ်းနိုင် ဖြစ်ဖြစ်နေသး လန်ဒန်ရောက်မြန်မာများ အားလည်း စိတ်ပျက်ပါသည်။ နောက်တခါ လန်ဒန်မှာဘာပွဲလုပ်လုပ် ဘယ်တော့မှပါဝင်တော့မှာမဟုတ်ပါ။

ဟူ၍့ဖြစ်သည်။

စွယ်စုံရ ဆိုသည့်အတိုင်း အဆဲအဆို အရိုင်းအစိုင်းများကိုပါ သူမတူအောင် ထူးချွန်သည့် အနုပညာရှင် ဇာဂနာသည် ရန်ကုန်အပြန်ပြန်ဆိုင်ရာလေဆိပ် တွင် အမျိုးသမီး များစွာ ဘေးနားရှိနေချိန်၌ ဆင်ခြင်မဲ့စွာဖြင့် " -ီး လိုမှပဲ" ဟု ကျယ်လောင်စွာ ဆဲဆိုခဲ့သည်။



ယူကေတွင် ဇာဂနာ မွှေခဲ့သော ပြဿနာများကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်သည်။

ဇာဂနာအကြောင်း အကုန်ဖွင့်ချမည်

ဒေါ်စု ယူကေမှာ ဖြစ်ခဲ့တဲ့ ပြဿနာ ကို အကြောင်းပြုပြီ...

ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင် ဘာသာပြောင်းခိုင်းတဲ...

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မှာ ဖြစ်တဲ့ ပြဿနာကြောင့် ...

ယူကေမှ ဘုန်းကြီးများကို ဒေါ်အောင်ဆန်းစုကြည် အရေးပေါ်...

ပြဿနာ အကြီးကြီးတက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရ...

ကိုသူရ(ခ)ဇာဂနာ၊ ဗစ်ကီိဘိုးမန်း၏ယောက်ျားပန်းချီထိန်..

ယူကေတွင် ပြဿနာဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည် ခရ...

လန်ဒန်မှာ ဘုန်းကြီးတွေနဲ့ ပြဿနာတတ်တဲ့ ဒေါ်အောင်ဆန်း...

Myanmar Express

3 comments:

ငပေါကြီးပါ

chee ga done tha dong sar US mar lar tong pee pyan thuar tae kg chee dote zar ga nar.sout paul

နိုင်ငံရေးအကျဉ်းသားကြီးက ထောင်ထဲမှာအနေကြာတော့ လူကျပ်တဲ့ဒဏ်မခံနိုင်ဘူး ထိမိလို့လဲမလိုဖြစ်တော့ တမင်သက်သက်တိုက်တာလား မတော်တဆထိမိတာလား မစဉ်းစားဘဲ ဆဲပစ်လိုက်တာ aggressive ဖြစ်လှချေလား ဒီတိုင်းဆိုအပြင်ထွက်ရင် လိုင်းကားမစီးနဲ့ ခဏခဏဆဲနေရလို့ဆဲမှုနဲ့ထောင်ထဲပြန်ရောက်နေဦးမယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်