From : ဆူးနှင်းမယ်
ညပိုင်းအလုပ်လုပ်ရတဲ့ အမျိုးသားတွေအနေနဲ့ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားကြောင်း ကူးစက်မှုရောဂါဆိုင်ရာ အမေရိကန်ဂျာနယ်မှ လေ့လာမှုအသစ်အရ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုက ညပိုင်းအလုပ်လုပ်ရတဲ့ အမျိုးသားတွေ နဲ့ ဆီးကျိတ်၊ အူမကြီး၊ အဆုတ်၊ ဆီးအိမ်၊ စအိုနဲ့ မုန့်ချိုအိတ်ကင်ဆာနဲ့ လင်ဖိုမားကျူမာ ဆက်စပ်မှုအကြောင်း ကမ္ဘာ့ပထမဆုံးလေ့လာမှုလို့ သိရပါတယ်။ ညဘက်မှာ မီးရောင်ကို ထိတွေ့နေရတာကြောင့် အိပ်စက်မှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်း မယ်လတိုနင် ထုတ်လုပ်မှု လျော့နည်းသွားကာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မယ့် ကိုယ်တွင်းပြောင်းလဲမှုတွေ ဖြစ်စေတာကြောင့် လို့သိရပါတယ်။ မယ်လတိုနင် ဟော်မုန်းဟာ ညလယ်ပိုင်း မီးရောင်မရှိတဲ့အချိန်မှာ ထွက်ပေါ်လာ တတ်ပြီး ဟော်မုန်း လုပ်ငန်းဆောင်တာနဲ့ ခုခံအားစနစ်အတွက် အရေးကြီးတဲ့ကဏ္ဍမှ ပါဝင်ကြောင်း သိရပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်