Subscribe to our RSS Feed

မြန်မာ နိုင်ငံနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခြေအနေများ ရင်းနှီးစွာ ဆွေးနွေး

From : mwd


ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင်  မြန်မာနိုင်ငံ၌ ရောက်ရှိနေသော အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အာရှရေးရာ ဒုတိယ ဥက္ကဋ္ဌ Ms. Tami Overby ဦးဆောင်သည့် အမေရိကန်နှင့် အာရှ ဒေသရှိ အမေရိကန် ကုမ္ပဏီ ၂ဝ တို့မှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် လက်ရှိ စီးပွားရေး ရင်းနှီး မြှုပ်နှံမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်နိုင်မည့် အလားအလာများကို ရင်းနှီး ခင်မင်စွာ ဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုတိယ သမ္မတနှင့် အတူ ပြည်ထောင်စု ဝန်ကြီး များဖြစ်ကြသော ဦးတင်နိုင်သိန်း၊ ဦးသန်းဌေး၊ ဦးဝင်းမြင့်၊ ဒေါက်တာ မြင့်အောင်၊ ဦးဝင်းရှိန်နှင့် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဟံစိန်၊ ဦးအောင်သန်းဦး၊ ဦးမျိုးအောင်နှင့် ဦးဆက်အောင်တို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အတူ ညီလာခံ ခန်းမရှေ့၌ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။  

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်