From :
..MWD
.. www.MyanmarExpress.net
ကိုလံဘို မေ ၁၄
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော
မုန်တိုင်းကြောင့် သီရိလင်္ကာ နိုင်ငံတွင် မေ ၁၄ ရက်က မိုးသည်းထန်စွာ
ရွာသွန်းမှုဖြစ်ပွား ခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၆ဝဝ ကျော်
မုန်တိုင်းဒဏ် ခံစား ခဲ့ရကြောင်း အာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးက
ပြောကြားခဲ့သည်။မဟာစင် အမည်ရှိ အဆိုပါ မုန်တိုင်းကြောင့် ရေကြီးမှုများ
ဖြစ်ပွားခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့သည့် အပြင် အရှေ့ဘက်နှင့် တောင်
ဘက်ပိုင်း ပင်လယ် ကမ်းခြေတွင် ငါးဖမ်းသမားများ သောင်တင်လျက် ရှိသည်ဟု
သိရသည်။
နိုင်ငံအတွင်း မေ ၁၃ ရက်က
မုန်တိုင်းကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး
အခြားရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ ၁၆၁၈ ဦးသည် ရေကြီးမှုဒဏ်ကို
ခံစားရလျက် ရှိကြောင်း သဘာ ဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန (DMC)မှ
ထုတ်ပြန်သော မှတ်တမ်းများ အရ သိရသည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်