Subscribe to our RSS Feed

အရေးပေါ်မလိုအပ်သော သံရုံးဝန်ထမ်းများကို ပါကစ္စတန်နိုင်ငံမှ ထွက်ခွာလာကြရန် အမေရိကန်အမိန့်ထုတ်

From : .. မြန်မာခေတ်

အမေရိကန်အစိုးရသည် တိုက်ခိုက်ရန်ခြိမ်းခြောက်မှုကြောင့် ပါကစ္စတန်အရှေ့မြောက်ပိုင်း လာဟိုးမြို့ရှိ သံရုံးခွဲမှ အရေးပေါ် တာဝန်ထမ်းဆောင်ရန် မလိုအပ်သောဝန်ထမ်းများအား
ထွက်ခွာလာကြရန် ယနေ့အမိန့်ပေးလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း ပါကစ္စတန်သို့ ခရီးမသွားကြရန် သတိပေးလိုက်သည်။

“လာဟိုးမှာရှိတဲ့ အမေရိကန်သံရုံးကို ခြိမ်းခြောက်မှုတွေကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒီဝန်ထမ်းတွေထွက်ခွာမိန့်ကို ထုတ်ပြန်ရပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အင်တာနက်စာမျက်နှာတွင်
ဖော်ပြ ထားသည်။
အိန္ဒိယနယ်စပ်အနီးရှိ လာဟိုးမြို့အတွက် သတိပေးစကားထုတ်ပြန်ခြင်းသည် အမေရိကန်အစိုးရအနေနှင့် ယီမင်ရှိသံရုံးဝန်ထမ်းတချို့ကို ပြန်ခေါ်ပြီး နှစ်ရက်အကြာတွင် လုပ်ဆောင်ခြင်းဖြစ်ပြီး
ယီမင်နိုင်ငံရှိ အမေရိကန်နိုင်ငံသားများကိုလည်း ၎င်းနိုင်ငံတွင်းမှ ချက်ချင်းထွက်ခွာရန် အမိန့်ပေးခဲ့သည်။
အမေရိကန်သည် အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ သံရုံးနှစ်ဆယ်ခန့်ကိုပိတ်ထားပြီး လာဟိုးနှင့်ပတ်သက်၍ သတိပေးရာတွင်လည်း နိုင်ငံခြားမှ အကြမ်းဖက်သမားများနှင့် ဒေသတွင်း အကြမ်းဖက်အုပ်စုများစွာတို့သည် ပါကစ္စတန်နိုင်ငံတွင် ရှိနေသော အမေရိကန်ပြည်သူများကို အန္တရာယ် ပေးလာဖွယ်ရှိကြောင်း ပါရှိသည်။
အမေရိကန်သံရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က သံရုံးကို မည်သည့်အချိန်တွင်ပြန်လည်ဖွင့်လှစ်မည်ကို မသိရှိသေးကြောင်း ပြောကြားသည်။
၎င်းကဆက်လက်၍ ယခုကဲ့သို့သံရုံးပိတ်ရခြင်းသည် လာဟိုးမြို့ရှိ ခြိမ်းခြောက်မှုကြောင့်ဖြစ်ကြောင်း ပြောကြားသည်။
လာဟိုးမြို့သည် ရှေ့ဟောင်းမူဂါဟယ်ခံတပ်တစ်ခုရှိပြီး ယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်သော်လည်း စစ်သွေးကြွအုပ်စုများတိုက်ခိုက်ခြင်း ခံရသောမြို့ဖြစ်သည်။
လွန်ခဲ့သည့်လအတွင်းကလည်း နိုင်ငံခြားခရီးသွားများဖြင့် စည်ကားသည့် စားသောက်ဆိုင်များ စီတန်းရှိနေသည့်လမ်းတွင် ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူငါးဦးဒဏ်ရာရရှိခဲ့ပြီး မေလအတွင်းက
ဝန်ကြီးချုပ် နာဝတ်ရှာရစ်ရွေးကောက်ခံရပြီး ချိန်မှစ၍ တိုက်ခိုက်မှုများ တိုးလာသည်။



.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်