Subscribe to our RSS Feed

မြန်မာ့မီးရထားရုံးချုပ်အဆောင်အဦးဟောင်းအား 5 star အဆင့်မြင့်ဟိုတယ်အဖြစ် (၂၀၁၄) ခုနှစ်တွင်ဖွင့်လှစ်မည်

From : ..hot news




ရန်ကုန်မြို့ကုန်သည်လမ်းရှိ မြန်မာ့မီးရထားရုံးချုပ်အဆောက်အဦ  ဟောင်းအား 5 star  အဆင့်မြင့် ဟိုတယ်အဖြစ်ပြုပြင်ရာတွင် US ဒေါ်လာ (၁၅) သန်းကုန်ကျမည် ဖြစ်ပြီး အဆိုပါဟိုတယ်အား (၂၀၁၄) ခုနှစ်တွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်အခန်းများလိုအပ်မှု ကြောင့် အစိုးရမှ (၂၀၁၁) ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံပိုင်သတင်း စာများမှ မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦဟောင်းအားပုဂ္ဂလိ  ကသို့ငှားရမ်းရန်အတွက် တင်ဒါ ခေါ်ယူခဲ့ရာ၌ (၂၀၁၂) ခုနှစ် မေလတွင် DOSIN ENGINEERING & CONSTRUCTION Co.,Ltd. မှ မန်နေဂျင်း ဒါရိုက်တာဒေါ်နန်းနွယ်ဖွေမှ တင်ဒါအောင်မြင်ခဲ့ကြောင်း သိရ သည်။
“ကျွန်မတင်ဒါ (၄) ခု လျှောက်ခဲ့ရာမှာ ဒီအဆောက်အဦ ကို တင်ဒါအောင်ခဲ့ပါတယ်။တင်ဒါအောင်ပြီးတဲ့နောက်(၂၀၁၂) ခုနှစ် မေလမှာ အစိုးရကပြုပြင်ဖို့ အတွက်ခွင့်ပြုခဲ့ပါတယ်။ ဒီအဆောက်အဦကို အစိုးရဆီက နှစ် (၅၀) ငှားရမ်းကားတာပါ။ မကြာခင်ရက်ပိုင်းမှာ အစိုးရနဲ့ စာချုပ်ချုပ်ဆိုတော့မှာပါ။ စာချုပ် ချုပ်ပြီးတဲ့အချိန်ကစပြီး (၁၀) လ အတွင်းမှာ 5 star အဆင့်မြင့် ဟိုတယ်အဖြစ်နဲ့ပြီးမယ်လို့တင်ပါ တယ်။ မြေငှားရမ်းခကို တစ်လ US ဒေါ်လာ (၂၅၀၀၀) ပေးရပါ တယ်။ အပြီးအစီးမြေကြီးကို သုံးစွဲခကတော့ US (၃.၇၅) သန်း  ပေးရမှာပါ။ အားလုံးစုစုပေါင်း ကုန်ကျစရိတ်ကတော့ US (၁၅) သန်းကုန်မှာပါ။ ဒီဟိုတယ်ပြီးသွား ရင်ဝန်ထမ်းတစ်ဦးရေ (၄၅၀)  လောက်ခေါ်သွားမှာပါ”ဟု တင်ဒါ အောင်မြင်သူဒေါ်နန်းနွယ်ဖေက ပြောသည်။
အဆိုပါအဆောက်အဦ၏  မြေနေရာမှာ (၃.၅) ဧကရှိပြီးထပ်အဆောက်အဦဖြစ်၍အဆောက်အဦအားမြန်မာတိုင်း ရင်းသားလုပ်ငန်းရှင်များက ပြုပြင် မွမ်းမံနေပြီး ဟိုတယ်အဖြစ်ပြီးစီးပါ  က အခန်းပေါင်း (၁၄၅) ခန်းပါဝင် မည်ဖြစ်ကြောင်း သိရသည်။
.. www.MyanmarExpress.net
 

2 comments:

ဟိုးလွန်ခဲ့တဲ့နှစ်တွေမှာ ဒီအတိုင်းပစ်ထားတာ တော်တော်ဆိုးတယ်ဗျာ။

Very glad to hear that the building which I played inside when I was a child will become a 5 stars hotel. Congraculation & be successful !

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်