Subscribe to our RSS Feed

တပ်မတော်ကို ထိပ်တိုက်တွေ့ လျှင် နောက်ကြောင်းပြန် လှည့်သွားနိုင်တယ်

From : .. http://www.oppositeyes.info/2013/09/blog-post_3476.html


 လူရယ်လို့ဖြစ်လာရင် လူတွေအကြောင်း ပေါင်းကြည့်မှ သိနိုင်ပါတယ်။ ဘယ်သူက လူဆိုး၊ ဘယ်သူက လူကောင်း၊ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူဆိုတာ သိလာတဲ့အခါကျတော့ ဘယ်လိုလူမျိုးကို ပေါင်းသင်းရမယ်ဆိုတာ အလိုလို နားလည်သိတတ်လာပါလိမ့်မယ်။ အဲဒီလို သိတတ်ပြီဆိုရင် လူ့ပတ်ဝန်းကျင်ထဲမှာ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်လာပါလိမ့်မယ်။

ပတ်ဝန်းကျင်ကြောင့် ကဲ့ရဲ့မှုကို ကြုံတွေ့နိုင်သလို ချီးမွမ်းခြင်းလည်း ခံရနိုင်ပါတယ်။ ချီးမွမ်း (၇)ရက် ကဲ့ရဲ့(၇) ရက်ဆိုတဲ့ မြန်မာစကားပုံလည်း ရှိနေတာပဲ။ ဒီတော့ ကိုယ်က ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမှာဖြစ် သလို မကောင်းတာ ကျူးလွန်ရင်တော့ ဆိုးကျိုးပဲခံစားရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေကျပြန်တော့ ကိုယ်က ကောင်းတာလုပ်နေပေမယ့် မလိုမုန်းထား ၀ိုင်းဝန်းအပြစ်တင်ခံရတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်လုပ်တာ ကိုယ်သိပြီး လိပ်ပြာလုံဖို့ လိုပါတယ်။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတာ လောကဓံ တရားတွေမို့ ခံနိုင်ရည်တော့ ရှိရပါမယ်။

အဲဒီလို စိတ်ဓာတ်မျိုး လူတစ်ဦးချင်းစီမှာ မွေးမြူကျင့်ကြံနိုင်မယ်ဆိုရင် ယနေ့လူ့ပတ်ဝန်းကျင်ဟာလည်း အမြဲထာဝရ ကျက်သရေမင်္ဂလာရှိနေမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းတာလုပ်တာကို အကောင်းမမြင်နိုင်တဲ့လူတွေရှိ နေသေးတော့ လူ့ပတ်ဝန်းကျင်မှာလည်း ပြဿနာများစွာနဲ့ ရှုပ်ထွေးပွေလီလျက်ရှိပါတယ်။ ယခုတလော ကျွန်တော်တို့ မြန်မာနိုင်ငံသားတစ်ဦးချင်းစီနဲ့ သက်ဆိုင်တဲ့ သတင်းတွေ ဟိုနားဒီနားမှာ ပွစိပွစိ ထွက်ပေါ်နေပါတယ်။ တပ်မတော်ကို ထိပ်တိုက်တွေ့လျှင် နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ခြောက်ခြား တုန်လှုပ်ဖွယ်ရာ သတင်းပဲ ဖြစ်ပါတယ်။ ဒီစကားဟာ အပြုသဘောလား၊ အပျက်သဘောလား၊ စဉ်းစားချင့်ချိန်ဖို့ လိုပါတယ်။
ဒီမိုကရစီရတာမှ ၂ ရက်တစ်ပိုင်းပဲရှိသေးတယ်။ နောက်ကြောင်းပြန်လှည့်မယ်ဆိုတဲ့ စကားဟာ ဘယ်က ထွက်လာတာလဲ၊ ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ မျှော်လင့်ထားတဲ့ အနာဂတ်ရည်မှန်းချက်တွေကို တစစီ ဖျက်ဆီးပစ်တာနဲ့ အတူတူပဲလို့ ပြောချင်ပါတယ်။ ရပ်ကွက်ထဲက ပညာတတ်လူတန်းစားတွေ၊ ပါတီအဖွဲ့အစည်း တွေ၊ လူမှုရေးအဖွဲ့အစည်း တွေကြားထဲမှာ အဲဒီစကားအပေါ် ဝေဖန်မှု၊ ထင်မြင်ယူဆမှုတွေ အမျိုးမျိုး ထွက်ပေါ် နေတာကို ကြားနေရပါတယ်။

ရပ်ကွက်ထဲက မွေးနေ့ပွဲတစ်ခုမှာ ကျွန်တော်ထိုင်တဲ့ စားပွဲဝိုင်းမှာ ဆရာဝန်ကြီးတွေ၊ တရားသူကြီးတွေ၊ လွှတ်တော်အမတ် ဆိုသူတွေ၊ ဘာပါတီဝင် ညာပါတီဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဆုံကြတော့ စကား အချေအတင် ပြောဆိုမှုတွေ ဖြစ်ခဲ့ကြတယ်။

“ လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုရှိတယ်ဆိုတာ သမ္မတကြီး သုံးတဲ့စကားလို့ အသံထွက်နေတာပဲ။ သာမန်ထက် ကျော်လာရင်တော့ ဂိုဏ်းဂဏတွေ ကွဲသွားမှာပဲ။ ဒါဆိုရင် တိုင်းပြည်အခြေအနေက ဆိုးရွားသွားပြီး အခုပြောနေကြတဲ့ အာဏာသိမ်းတာတွေ ပြန်ဖြစ်သွားနိုင်တာပေါ့ ” ဆိုပြီး တရားသူကြီးတစ်ဦး ပြောလိုက်တဲ့ စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။
“ ဟိုတစ်နေ့က ဦးကျော်ဝင်း အင်တာဗျူး ဖတ်လိုက်ရတယ်၊ အခုလွှတ်တော်နဲ့ အစိုးရကြားက ပွတ်တိုက်မှုဟာ အာဏာသိမ်းတဲ့အထိတော့ မဖြစ်နိုင်ဘူးလို့ ပြောတာပဲ၊ ဒါပေမယ့် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ကိစ္စ တွေမှာ အတိုက်အခံဘက်က အလွန်အကျွံတောင်းခံလာရင် တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တယ်၊ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘာမှ လုပ်လို့မရဘူးဆိုပြီး ပြောသွားတာပဲ၊ တပ်ကလည်း ဒို့တာဝန်အရေး သုံးပါးနဲ့ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေးဆိုပြီး ပြောနေတော့ ထိန်းမနိုင် သိမ်းမနိုင် ပြဿနာတွေ ဖြစ်လာရင်တော့ အာဏာပြန်သိမ်း နိုင်တာပေါ့” လို့ ဆရာဝန်ကြီးကလည်း ပြောပြန်ပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ဒီမိုကရေစီလုံးဝမဆန်လို့ ဖျက်သိမ်းပြီး အသစ်ပြန်ဆွဲမယ်ဆိုရင် လူကြိုက်များ နိုင်တယ်။ ဒါပေမယ့် တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တော့ အန္တရာယ်ရှိတယ်။ အဲဒီအတွက် တိုင်းပြည်အနာဂတ်လည်း ကောင်းမှာ မဟုတ်ဘူးလို့  လွှတ်တော်အမတ်တစ်ဦးက ၀င်ရောက် ဆွေးနွေးပါတယ်။

ဟိုတစ်နေ့က အွန်လိုင်းပေါ်မှာ ကျွန်တော်ဖတ်လိုက်ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား(၁၂)ချက်မှာ တပ်မတော်နဲ့ ပတ်သက်တဲ့ ထောက်ပြမှုတွေများနေတာကို ပြောချင်ပေမယ့် ပြောချိန်မရ လိုက်ပါဘူး။ မွေးနေ့ပွဲကနေ အလျှိုလျှို ပြန်သွားကြပြီ ဖြစ်ပါတယ်။ အိမ်အပြန်လမ်းမှာ သူတို့ စကားတွေကို နားထောင်ရင်း ကျွန်တော့်အတွေးထဲမှာ နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ စကားက အကြိမ်ကြိမ်ပဲ့တင် ထပ်နေပါတယ်။
ကျွန်တော် ဥာဏ်မီသလောက် တွေးမိတာရှိပါတယ်။ တပ်မတော်မရှိရင် တိုင်းပြည်ကို ဘယ်သူတွေ ကာကွယ် ပေးမှာလဲဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် ပြည်တွင်းစစ်တွေဖြစ်နေကြတယ်။ အချို့ နိုင်ငံတွေ ကျပြန်တော့ အင်အားကြီးနိုင်ငံတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်တိုက်ခိုက်မှုကို ခံနေရတယ်။ အခု ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံမှာရော တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရသေးတာမှမဟုတ်တာ၊ ဟိုတစ်လောက ကချင် ပြည်နယ် မချမ်းဘော ဘက်မှာရော ကွတ်ခိုင်ဘက်မှာပါ တိုက်ပွဲတွေ ဖြစ်နေကြတုန်းပဲမို့လား၊ အဲဒီလို လက်နက်ကိုင်ပဋိပက္ခတွေ မဖြေရှင်းနိုင်သရွေ့ တပ်မတော်ကို ဘေးဖယ်ထားလို့ မရသေးဘူးလို့ပဲ မြင်မိပါတယ်။ ကိုယ့်တိုင်းပြည်ကောင်းစားဖို့ဆိုရင် တပ်မတော်ကလည်း လက်ရှိအရပ်သားအစိုးရကို ကူညီစောင့်ရှောက် ပေးမှာပဲလေ။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာက ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲတွေနဲ့ တပ်မတော်အပေါ် မကောင်းမြင်နေကြတဲ့ အဖွဲ့အစည်းတွေရှိနေတာပါပဲ။ သူတို့က တပ်မတော်ကို အစိုးရအဖွဲ့ထဲကနေ လုံးဝ ထုတ်ပစ်ချင်တဲ့သဘော ဖြစ်နေပါတယ်။ လတ်တလော အခြေအနေတွေအရ တပ်မတော်မပါဘဲနဲ့ ဒီမိုကရေစီ ခရီးလမ်းဟာ အဆင်ပြေဖြောင့်ဖြူးပါမလားဆိုတဲ့ အတွေးဟာ အသိဥာဏ်ရှိသူတိုင်း စိုးရိမ်ပူပန်နေရတဲ့ အရေးကိစ္စ ဖြစ်နေပါတယ်။ ပြီးတော့ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေ ဆိုတာ ခွဲခြားတတ်ဖို့လိုပြီး မိတ်ဆွေချင်း တူနေရင်တော့ အချင်းချင်းစည်းလုံးစေချင်ပါတယ်။

လက်ရှိ ဒီမိုကရေစီစနစ်ကို မြန်မာနိုင်ငံသားအားလုံးက လက်ခံပြီး ပိုမိုပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို လိုလား နေကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ အမျိုးမျိုးသော ပြဿာနာတွေကြောင့် နောက်ကြောင်းပြန်လှည့်သွားမယ့် အဖြစ်မျိုးကို လုံးဝ မလိုလားကြပါဘူး။ ဒီတော့ ရိုးသားပွင့်လင်းစွာပြောရရင် ဦးကျော်ဝင်း ပြောခဲ့သလို တပ်မတော်ကို ထိပ်တိုက်မတွေ့ကြဖို့ ပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို သန်း ၆၀ ကျော် မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ကိုယ်စား မေတ္တာရပ်ခံချင်ပါတယ်။

မောင်ခိုင်မြဲ



.. www.MyanmarExpress.net

14 comments:

တပ်မတော်ကအာဏာသိမ်းတယ်လို့လူတွေကအလွယ်ခေါ်
နေတာ အမှန်ကတို့တာဝန်အရေးသုံးပါးကို
ကာကွယ်လိုက်တာပါ အဲဒီတော့ပါတီတွေနဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအဝင်အခြားအဖွဲ့အ
စည်းတွေအနေနဲ့တပ်မတော်ကစိုးရိမ်တဲ့တို့တာဝန်အရေးသုံး
ပါးကိုထိခိုက်စေမဲ့အပြုအမူတွေကိုရှောင်ကြဉ်သင့်ပါတယ်
အပြန်အလှန်နားလည်မှု့နဲ့သွားမှလမ်းမှန်ရောက်မယ်
အတူတူသွားမှရောက်မဲ့ခရီးဆိုတာသိသင့်တာပေါ့
တစ်ယောက်တည်းသွားလို့မရဘူးနော်အားလုံးနေမြဲ
ဖြစ်သွားလိမ့်မယ် အားလုံးကိုစိတ်ရင်းနဲ့
အကြံပေးရရင်ဒီနိုင်ငံရဲ့ဖြတ်သန်းမှု့တွေအရတပ်မတော်ဟာ
အခုချိန်ထိနိုင်ငံရေးမှာရှိနေသင့်သေးပါတယ်
တို့တာဝန်အရေးသုံးပါးကိုစိတ်မချရမချင်းရှိနေပါလိမ့်မယ်
အခုတိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့အဖွဲ့တွေလက်နက်စွန့်
ဖို့အစိုးရကိုဘယ်ပါတီတွေကဘယ်လောက်ကူညီမှာလဲ
ကူညီချင်စိတ်ကောရှိရဲ့လား ဒါကအရေးကြီးတယ်
ဒီမိုစနစ်ကိုသွားဖို့ပထမဆုံးလုပ်ရမှာကငြိမ်းချမ်းရေးရဖို့ပဲ
ရှင်းရှင်းပြောရရင်ပြည်ထောင်စုတပ်မတော်တစ်ခုတည်းရှိတဲ့
နေ့မှဒီမိုစကားပြောတာအကောင်းဆုံးပါပဲဗျာ

Tat-Ma-Daw was born out of politics. had engaged in politics. Is engaging in politics. Must engage in politics. Putting "Democracy" in the political equation is besides the point.

politician all rubbish. ask them national service.

နောက်ကြောင်းမပြန်ချင်ပါသော်လည်း ၊ နောက်ကြောင်းပြန်အောင်တွန်းပို့မှု့များလုပ်ဆောင်လာမည်ဆိုပါက၊ နောက်ကြောင်း
ပြန်ချင်လို့မဟုတ်ပါ၊ မပြန် ပြန်အောင်တွန်းပို့နေကြလို့သာဖြစ်သဖြင့် တွန်းပို့သူများသည်သာ သမိုင်းတရားခံများဖြစ်ကြမည်ဖြစ်သည်။

It was recorded in the world that officers from Myanma Tat Ma Taw ruled Myanmar from 1962 to 2011 with mismanagement and Myanmar became one of Lowest Development Countries in the world. You can imagine, what the hell for Myanmar if Tat Ma Taw rule again our country.

ခွေးခေတ်ကိုတော့ ပြန်မသွားကြပါနဲ့တော့။ဆီးရီးယားလို ဖြစ်သွားလီမ့်မယ်။

If you do not want Myanmar history moving backwards, control politicians and armed insurgents. Otherwise foreign powers will get in. All of us will be miserable. Tat-Ma-Daw is only sincerely doing its duty. It had sacrificed for our country without expecting any thing from us. We should at least recognize it.

နောက် ကြောင်း ပြန် အောင် လုပ် ရင် ပြန် မှာ ဘဲ မြန် မာ နိုင် ငံ က အ ခြား နိုင် ငံ တွေ ထက် ပို ဆိုး တယ် ဖ ဒ ရယ် မူ ကို ပေး မယ် ဆို ရင် ဖြစ် ပ မ လား ကိုယ့် ဘာ သာ ကို စဉ်း စား ပေါ့ ယ ခု လက် ရှိ အ ခြေ အ နေ က ကော သူ ပုန် တွေ က သူ တို့ နေ ရာ သူ တို့ အုပ် ခူပ် နေ ပြိး လုပ် ချင် တိုင်း လုပ် တယ် ခင် ဗျား တို့  ဝ င် လို့ ရလား အ စိုး ရ အာ န စက် ရှိ လား ငွေတု လုပ် တယ် လူ သတ် တယ် သစ် ခခိုး တယ် သ တ္ထု တူး တယ် လက် နက် စက် ရုံ ထောင် တယ် မြန် မာ မှတ် ပုံ မ ကိုင် ဘူး မြန် မာ ငွေ မ သုးံ ဘူး တ ရုတ် တွေ ဝင် နေ တယ် တ ရုတ် က မြှောက် ပေး တယ် ကိုယ့် ပြည် နယ် က ထွက် တာ ကို အ ပိုင် လို ချင် တယ် လက် နက် မ စွန့် ဘူး ဒီလောက် ဆိုး ဝါး နေ တာ ကို ဖယ် ဒ ရယ် ပေး ရင် ဖြစ် ပါ့ မ လား ခေါင်း ရှိ ရင် စဉ်း စား တတ် မှာ ပါ ပေး ချင် ရင် ပေး လိုက် ပါ လက် နက် အပ် မ လား တပ် မ တော် တစု တည်း လုပ် မ လား ဒါ အ ဓိ က ဘဲ အာ ဏါ ဟာ ဗဟိုလ် မှာ ရှိ ရမယ်

လွတ် တော် အ မတ် များ ယ ခု လော လော ဆည် ဝ နယ် ဘဲ သွား ကြည့် ပါ မြန် မာ နိုင် ငံ ပိုင် မှ ဟုတ် ရဲ့ လား လို လမ်း တင် ဘဲ ပစ် သတ် ခံ နေ ရ မယ် နော်

သိ ထား ဘို့ က မြန် မာ နိုင် ငံ ပြို ကွဲ မယ် အ ရေး ဆို ရင် တော့ နောက် ကြောင်း လှည့် ရင် ကြာ နေ အုးံ မယ် ရှေ့ တည့် တည့် ဘဲ ပြန် သိမ်း ပစ် မယ် စစ် သား တ ယောက် လောက် လေက် တောင် ဦး ဏောက် မ ရှိ တန် ဘိုး မ ရှိ တဲ့ တ ခို့ အ မ တ် တွေ လက် ဖက် ရည် ဆိုင် ထိုင် ပြိး လေ ကန် ဝေ ဖန် တတ် တဲ နိုင် ငံ ရေး သ မား တွေ ခွေး ခြင်း ပူး တာ တောင် ထည့် ရေး တတ် တဲ့ မီဒီယာ သ မား တွေ
တိုင်း ပြည် အ တွက် စစ် သား ရဲ့ ခြေ သန်း လောက် တောင် မ မှိ တဲ့ သူ တွေ က ထ ထ ဟောင် နေ ကြ တယ် ရုတ် ရုတ် လုပ် ရင် လွှတ် တော် ပါ သိမ်း ပစ် မယ် ဒါ ဘဲ

PKU THAR THEE

မင်း က ဒေါ် စု သား လား ဂွန် မော် သား လာ ရွက် ဆစ် သား လား ဂုဏ် ယူ မ နေ နဲ့ ဒေါ် စု သား ဆို ရင် မိုး မ စစ် ဘူး နော်

နောက် ကြောင်း လှည့် မ လှည့် ဆို တာ နိုင် ငံ ရေး ပွဲ စား လုပ် နေ တဲ့ ခွေး ၈၈ အ ဖွဲ့ တို့ ဖက် ဒ ရယ် တောင်း ဆို နေ တဲ့ သူ တောင်း စား တွေ အ ပေါ် မှာ ပဲ မူ တည် ပါ တယ်

အခုခေတ်ကိုက ပြည်သူတွေကခွေးခေတ်ဖြစ်နေတာ တစ်ယောက်တစ်ပေါက် ဝိုင်းဟောင်နေကြတော့တာ

ကြိုက်တယ်ဗျာ။ဦးနှောက်မရှိတဲ့ကောင်တွေသိသင့်တယ်

သိပ်မှန် သဗျာ။

နောက်တော့ပြန်မလှည့်ကြပါနဲံ့တော့ ဒီတစ်ခါပြန်လှည့်ရင်
ကျနော်တို့ပြည်သူတွေ မြက် ရိတ်စားရပါလိမ့်မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်