Subscribe to our RSS Feed

Mail တစ်စောင်ထဲနှင့် သတင်းဖြစ်ပြီလား







ငါ့သားကြီး သမီးကြီး ဂျာနယ်လစ်တွေလည်း camera 360 နဲ့ ရိုက်တဲ့ ပုံတွေ သတင်းလုပ်လိုလုပ်၊       တင်လိုတင်၊  အခုလည်းတစ်ခါ       ဖြစ်ပြန်ပြီ။ Myanmar Times မှာ တင်ထားတဲ့သတင်းတစ်ပုဒ်က ကလေးစစ်သားအသုံးပြုမှုများကို ရပ်တန့်ရန် လိုတယ်ကလေးစစ်သားအသုံးပြုမှုတွေက ဆက်လက်ဖြစ်ပွားနေတုန်းပဲတဲ့၊    ဘယ်သူပြောလဲ၊             ဘယ်ကနေသိတာလဲဆိုတော့ မေးလ်ကနေပို့တာတဲ့။  အင်မတန်တိကျခိုင်မာတဲ့   သတင်းရင်းမြစ်ကြီးကရထားတာပဲ။  ပြောပြန်ရင်လဲ   အောင်မင်းလွန်ရာကျဦးမယ်။  


ပြည်တွင်းမှာလည်း    လက်ရှိ ရှိမနေတဲ့လူတစ်ယောက်က  ရလာတဲ့ သတင်း အတိုအစလေးတွေအပေါ်ကိုးကားပြီးပို့လိုက်တဲ့မေးလ်တစ်ခုကိုသတင်းအဖြစ်တင်တယ်ဆိုတော့    ထပ်ပြောစရာအကြောင်းလည်း   မရှိတော့ပါဘူး။ ကလေးစစ်သား၊ ကလေးစစ်သားနဲ့သာ လူကြားကောင်းအောင်အော်နေကြတာ တာဝန်ရှိသူတွေက ခင်ဗျားတို့သိခဲ့ရင်ပြောပါ အချိန်မရွေးလာသတင်းပို့ပါ၊ မိဘနေရပ်ကိုပြန်နိုင်အောင် စီစဉ်ပေးမယ် အကြောင်းကြားပါလို့ပြောတော့ ပါးစပ်ပိတ်နေကြတယ်။


၂၀၁၂ ခုနှစ် ဇွန်လက ကုလသမဂ္ဂနဲ့ အရွယ်မရောက်သေးသူများ တပ်မတော်တွင်အမှုထမ်းဆောင်ခြင်းအား စိစစ်ဖို့  သဘောတူလက်မှတ်ရေးထိုးပြီး ၁၃ လ အတွင်းအစိုးရက စစ်မှုထမ်းဆောင်ရန် အသက်မမှီသေးသူ  စုစုပေါင်း ၁၇၆ ဦးကို ၄ ကြိမ်ခွဲပြီး လွတ်ငြိမ်းခွင့် ပေးခဲ့တယ်။ ပထမအကြိမ် ၂၀၁၂ စက်တင်ဘာလ တုန်းက ၄၂ ဦး၊ ဒုတိယကြိမ် ၂၀၁၃ ဖေဖဝါရီလမှာ ၂၄ ဦး၊ နောက်တကြိမ် ၂၀၁၃ ဇူလိုင်လက ၄၂ ဦးနဲ့ အခုအကြိမ် ၆၈ ဦး စုစုပေါင်း ၁၇၆ ဦး အသီးသီး မိဘနေရပ်ဆီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်။

ဒီလောက်     နိုင်ငံတော်အစိုးရနဲ့        တပ်မတော် အကြီးအကဲတွေအနေနဲ့  သတင်းစာရှင်းလင်းပွဲတွေလုပ်၊ အရွယ်မရောက်သေးသူများ  တပ်မတော်သို့ဝင်ခွင့်မပြုဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ   လမ်းမကြီးတွေမှာစိုက်ထူပြီး      ကြေငြာနေတာတွေ၊   အရွယ်မရောက်သေးတဲ့ တပ်သားတွေရှိရင်လည်း မိဘရပ်ထံဆီသို့    ပြန်လည် ပို့ဆောင်ပေးနေတာတွေကို မမြင်၊ မကြားတာလား၊ မမြင်ချင်ယောင်၊ မသိချင်ယောင် ဆောင်နေကြတာလားဆိုတာကိုတော့    ကာယကံရှင်တွေမှပဲသိလိမ့်မယ်။ အင်မတန် တရားမျှတသော စိတ်ထားကြီးပါတကား။

- ပရိုမီးသီးယပ်စ်

6 comments:

Dear Prometheus,
These media are discrediting Tat-Ma-Daw in every way. But they won't succeed.

မ သိ တဲ့ ကောင် တွေ ပြော နေ ပါ စေ ။ နိုင် ငံ တော်

လို အပ် ရင် က လေး က ဝါ သ နာ ပါ ရင် ငယ် ငယ်

က တည်း က လေ့ ကျင် ပြီး တပ် မ တော် လေ့ ကျင့်

ရေး ကျောင်း မှာ ပညာ သင် စ ရိတ် ငြိမ်း တောင် ပေး

သင့် ပါ တယ် ။

မြန် မာ တိုင်း ရင်း သား များ ဘယ် နိုင် ငံ ကို မှ အ ရင်

ကျုး ကျော် မှာ မ ဟုတ် ပါ ။ မင်း တုန်း မင်း လက် ထက်

အင်္ဂ လိပ် တွေ ရဲ့ စ ရိုက် မ ကြိုက် လို့ စ ကား မ ပြော

ချင် တော့ ပဲ ၅၅၀ ဇာတ် နိ ပါတ် တော် ကို ဖတ် ခိုင်း

တော့ မြန် မာ တွေ ရဲ့ ဗုဒ္ဓ ဘာ သာ အ ပေါ် တန် ဖိုး ထား

ပြီး အ ကု သိုလ် လုပ် ရ မှာ ကို အ ရမ်း ကြောက် သော

စိတ် ထား ကို အ သုံး ချ သွား ဒါ ပဲ ။

တ ကယ် တော့ မင်း တုန်း မင်း က မင်း မြတ် တစ် ပါး ပါ

က နောင် မင်း သား ၏ လုပ် ရပ် က အား မ ပေး သင့်

ပေ မဲ့ တား ဆီး ဖို့ ခက် ခဲ ပါ တယ် ။

က လေး အ ချင်း ချင်း ရန် ဖြစ် တာ ကို လူ ကြီး က

လူ စု ခွဲ ရ တာ လွယ် ပေ မယ့် လူ ကြီး ချင်း ချင်း ဆို ရင်

တစ် တမ်း ပြော တ လောက် မ လွယ် တော့ ပါ ဘူး ။

အ ကြမ်း ဖက် မှု အ သွင် ဆောင် လာ တော့ ဒါ ပဲ ။

အ ရမ်း အင် အား ကြီး သော အ ဖွဲ့ တာ ဝန် ယူ ရင်

အ သေ အ ကျေ မ ဖြစ် ပဲ အေး အေး လေး ပဲ ပြီး မှာ ပါ

" အ ထူး ပြော ချင် ဒါ က မြန် မာ့ တပ် မ တော်

အား နည်း သွား အောင် မ လုပ် ကြ ပါ နဲ့ "

ဘာ သာ ရေး နဲ့ မ ဆန့် ကျင် ပါ ဘူး ထင် ပါ တယ် ။

ဓ မ္မ ပါ ဒ မှာ တောင် ပါ သေး တယ်

" ဆိုး သွမ်း သော သူ ကို ရိုက် ပုတ် ခြင်း ဖြင့် ဆို ဆုံး

မ ရာ ၏ "



They(always blaming and pointing to the government) have only one eye and one ear...Only can hear and see one side...Pity people!

why fucking 167 child your guy did that don"t explain everybody knew it,

စစ်မှု့မထမ်းမနေရပြဌန်းသင့်ပါပြီ ဒါဆိုအငြင်းပွားစရာမရှိပဲစစ်အင်အားကြီးထွား
လာမှာပါ မဟုတ်ရင်မီဒီယာတွေကကဲလွန်းတယ်
ဒီမိုစနစ်ကိုအရောက်သွားဖို့ကတပ်မတော်အင်အားကြီးမားဖို့တစ်ကယ်လိုအပ်ပါတယ်

WTF,, this KIA,KNU or Myanmar ARMY?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်