From :
.. 7day
..
www.MyanmarExpress.net
ရွးချယ်တင်မြှောက်ပုံ စနစ် (Electoral System)တွေ အ ကြောင်းဆွေးနွေးရင် ဆက်စပ် နေတဲ့ နိုင်ငံရေးသင်္ချာကို သေချာ စွာသဘောပေါက်ဖို့လိုတယ်။ လွှတ်တော်အတွင်းနဲ့ အပြင်မှာ အကျယ်အကျယ် ငြင်းခုံနေကြ တဲ့ မဲများသူ နိုင်စတမ်းစနစ် (First Past The Post, FPTP)နဲ့ အချိုးကျကိုယ်စားပြုစနစ် (Pro-portional Representation, PR)တွေနဲ့ တိုက်ရိုက်ဆက်စပ်နေ တဲ့ နိုင်ငံရေးသင်္ချာကိုတင်ပြပါ မယ်။ အဲဒီနိုင်ငံရေးသင်္ချာကို သေ ချာစွာနားလည်ပါမှ မှန်ကန်တဲ့ နိုင်ငံရေးတွက်ကိန်းထုတ်နိုင်မယ်။
FPTP မဲများသူနိုင်စတမ်း စနစ်ကို ကိုယ်စားလှယ်တစ်ဦး မဲဆန္ဒနယ် (single member constituency)နဲ့ တွဲဖက်ကျင့်သုံး တယ်။ PR အချိုးကျကိုယ်စားပြု စနစ်ကိုတော့ ကိုယ်စားလှယ်စုံမဲ ဆန္ဒနယ် (multimember con-stituency)ဖြစ်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာမဲဆန္ဒနယ် (nati-onwide constituency) (သို့ မဟုတ်) ပြည်နယ်အတိုင်းအတာ မဲဆန္ဒနယ် (statewide con-stituency)တစ်မျိုးမျိုးနဲ့ တွဲဖက် ကျင့်သုံးတယ်။
FPTP ကိုထောက်ခံတဲ့ပါတီ တွေဟာ ရွေးချယ်တင်မြှောက်ပွဲ မှာ မိမိတို့ပါတီက အခြားပါတီ အားလုံးထက် အသာစီးရမယ့် အခြေအနေရှိတယ်လို့ အခိုင် အမာယုံကြည်တဲ့ ပါတီတွေဖြစ် တယ်။ FPTP စနစ်မှာ နှာတစ်ဖျား သာပြီးမဲအများဆုံးရသူက မဲဆန္ဒ နယ်တစ်ခုလုံးကို ကိုယ်စားပြုခွင့် ရတယ်။ အဲဒီမဲအများဆုံးဆိုတာ ဘယ်တော့မှ တစ်ရာ ရာခိုင်နှုန်း ထောက်ခံမဲမျိုးမဖြစ်နိုင်ပါ။ ကိုယ် စားလှယ်လောင်းသုံးဦးနဲ့အထက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံတဲ့ မဲဆန္ဒနယ်မျိုးဆိုရင် မဲအားလုံးရဲ့ ထက်ဝက်တောင်မပြည့်ဘဲနဲ့ မဲ အများဆုံးဖြစ်နေတာမျိုးရှိတတ် တယ်။
FPTP နဲ့ ပိုမိုကိုယ်စားပြုခြင်း ပြဿနာ
မဲအများဆုံးနဲ့ အရွေးခံရသူ ကိုယ်စားပြုခွင့် ရတာကတော့ မဲဆန္ဒရှင်အားလုံး (၁၀၀ ရာနှုန်း) ဖြစ်တယ်။ အဲဒီလိုရရှိတဲ့ ထောက် ခံမဲထက်ပိုပြီး ကိုယ်စားပြုခွင့်ရ ခြင်းကို ပိုမိုကိုယ်စားပြုခြင်း (over representation) လို့ခေါ်တယ်။ တစ်နိုင်ငံလုံးက မဲဆန္ဒနယ်အား လုံးရဲ့ ရလဒ်တွေကိုပေါင်းလိုက် ရင် ပိုမိုကိုယ်စားပြုမှုဟာ သိသိ သာသာကြီးမားနေတတ်တယ်။
လွတ်လပ်တရားမျှတတယ် လို့ သတ်မှတ်ခံရတဲ့ ၁၉၉၀ အထွေထွေရွေးချယ်တင်မြှောက် ပွဲရလဒ်ကို နမူနာအဖြစ် သုံးသပ် တင်ပြပါမယ်။ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် NLD ပါတီဟာ တစ်နိုင်ငံလုံးက မဲဆန္ဒနယ် ၄၈၅ ခု အနက် ၃၉၂ မှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တယ်။ အနိုင်ရတဲ့ မဲဆန္ဒ နယ် (တစ်နည်းကိုယ်စားလှယ် ဦးရေ)ဟာ ရာနှုန်းအားဖြင့် ၈၁ ရာနှုန်းဖြစ်တယ်။ တစ်နိုင်ငံလုံးမှာ NLD ကရရှိတဲ့ ထောက်ခံမဲအချိုး အစားကတော့ ၅၂ ဒသမ ၅ ရာနှုန်းဖြစ်ပါတယ်။ မဲအချိုး အစားအရ ကိုယ်စားပြုခွင့်သတ် မှတ်မယ်ဆိုရင် NLD ဟာ ကိုယ် စားလှယ် ၂၅၅ ဦး (မဲဆန္ဒနယ် ၂၅၅ နယ်)သာအနိုင်ရမှာဖြစ် တယ်။ ဒါပေမဲ့ ၃၉၂ ဦး အနိုင်ရ တာဟာ အထက်မှာတင်ပြခဲ့တဲ့ FPTP စနစ်မှာဖြစ်လေ့ရှိတဲ့ ပိုမို ကိုယ်စားပြုခွင့်ရခြင်းကြောင့်ဖြစ် တယ်။ ပိုမိုကိုယ်စားပြုသွားတဲ့ ကိုယ်စားလှယ်အရေအတွက်ဟာ ၁၃၇ ဦးဖြစ်ပြီး ရာနှုန်းအားဖြင့် ၃၈ ရာနှုန်းဖြစ်တယ်။ အဲဒီလိုပိုပြီး ကိုယ်စားပြုသွားခြင်းအတွက် အနစ်နာခံရသူတွေကတော့ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)နဲ့ နောက်မှာ တန်းစီနေတဲ့ ပါတီငယ်တွေဖြစ်ပါတယ်။
နှာတစ်ဖျားသာတဲ့ ပါတီဆိုတာ တစ်ခုတည်းပဲရှိတယ်
သင်္ချာသဘောအရ နှာတစ်ဖျား အသာနဲ့အနိုင်ရတဲ့ ပါတီဆိုလို့ တစ်ပါတီတည်းသာရှိတယ်။ ဘယ်လိုနည်းနဲ့မှ တစ်ပါတီထက်မပိုပါ။ အများဆုံးဆိုတာ တစ်ခုတည်းပဲရှိတာပါ။
တစ်နိုင်ငံလုံးက မဲဆန္ဒနယ် အများစုမှာ နှာတစ်ဖျားအသာနဲ့ အနိုင်ရမယ်လို့ အခိုင်အမာယုံ ကြည်တဲ့ ပါတီကတော့ မဲများသူ နိုင်စတမ်းစနစ်ကိုလိုလားတာ သဘာဝကျတယ်။ အဲဒီလိုနှာ တစ်ဖျားအသာနဲ့ အနိုင်ရမယ်လို့ မိမိကိုယ်မိမိယုံကြည်တဲ့ ပါတီတွေ ဟာလည်း တစ်ခုထက်ပိုရှိနိုင် တယ်။ ၁၉၉၀ အထွေထွေရွေး ချယ်တင်မြှောက်ပွဲမတိုင်မီက NLD နဲ့ တစညပါတီနှစ်ခုစလုံးက နှာတစ်ဖျားအသာနဲ့ အနိုင်ရမယ် လို့ တွက်ချက်ခဲ့ဟန်တူတယ်။ ဒါ ကြောင့်ပဲ နှစ်ပါတီစလုံးက FPTP ကို လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ ရွေးချယ်တင်မြှောက်ပွဲရလဒ်တွေ ထွက်လာတဲ့အခါ NLD သာလျှင် တစ်ခုတည်းသောနှာတစ်ဖျား အသာနဲ့ အနိုင်ရပါတီအဖြစ် ပေါ် ထွက်လာတယ်။ တစညပါတီဟာ တစ်နိုင်ငံလုံးထောက်ခံမဲ ၂၂ ရာ နှုန်းနဲ့ ဒုတိယနေရာပဲရခဲ့တယ်။ ဒါပေမဲ့ ၂၂ ရာနှုန်းမဲအချိုးအစား နဲ့ ညီမျှတဲ့ကိုယ်စားလှယ် ၁၀၆ နေရာ အရွေးခံရတာမျိုးတော့ မဟုတ်ပါ။ တစ်နိုင်ငံလုံးမှာကိုယ် စားလှယ် ၁၀ နေရာ၊ ရာနှုန်းအား ဖြင့် ၂ ရာနှုန်းသာအနိုင်ရခဲ့တယ်။ ၂၀ ရာနှုန်းကို NLD က ပိုမိုကိုယ် စားပြုခွင့်ရဖို့အတွက် ပေးဆပ် လိုက်ရတယ်။ ၁၉၉၀ တုန်းက တစညပါတီနိုင်ငံရေးတွက်ကိန်း မှားခဲ့တယ်။ FPTP ရဲ့ သား ကောင်ဖြစ်ခဲ့ရတယ်။
၁၉၉၀ တုန်းက ပါတီငယ် တွေလည်း တစညလိုပဲနစ်နာမှု တွေရှိခဲ့တယ်။ NLD က ပိုမိုကိုယ် စားပြုသွားတဲ့ ၃၈ ရာနှုန်းအတွက် တစညက ၂၀ ရာနှုန်းပေးဆပ်ရ ပြီး ကျန်တဲ့ ၁၈ ရာနှုန်း၊ ကိုယ်စား လှယ်နေရာ ၈၇ ဦးကို ပါတီငယ် တွေက ပေးဆပ်ခဲ့ရတာဖြစ် တယ်။
ပါတီငယ်တွေ သူတို့ထောက် ခံမှုရရှိတဲ့ မဲအချိုးအစားအတိုင်း မျှတစွာကိုယ်စားပြုခွင့်ဆိုတာ PR စနစ်မှာသာရှိတယ်။ FPTP စနစ်ဟာ ပါတီငယ်တွေကို နစ်နာ စေတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီငယ်တွေဟာ နှာတစ်ဖျား အသာနဲ့ အနိုင်ရမယ့် ပါတီဘယ် လိုနည်းနဲ့မှ မဖြစ်နိုင်လို့ပါ။ ပါတီ ကြီးတစ်ခုရဲ့ အဖြည့်ခံတွေပဲဖြစ် သွားလေ့ရှိတယ်။ ၁၉၉၀ ရွေးချယ် တင်မြှောက်ပွဲရလဒ်က သက်သေ ပြခဲ့ပြီးပြီ။ ၁၉၉၀ တုန်းက PR စနစ်တစ်မျိုးမျိုးကို ကျင့်သုံးခဲ့မယ် ဆိုရင် NLD က ပိုပြီးယူသွားတဲ့ ကိုယ်စားလှယ် ၁၃၇ နေရာကို တစညနဲ့ ပါတီငယ်တွေ၊ တိုင်း ရင်းသားပါတီတွေရရှိခဲ့မှာပါ။
တည်ငြိမ်တဲ့အစိုးရစိုးရိမ်မှု
PR စနစ်ကိုပြောင်းလိုက်ရင် နိုင်ငံရေးပါတီအများအပြားလွှတ် တော်ထဲရောက်လာပြီး ညွန့်ပေါင်း အစိုးရ (coalition government) ဖွဲ့ရပြီး အစိုးရတည်ငြိမ်ရေးကို ထိခိုက်နိုင်တယ်လို့ ထောက်ပြသူ တွေရှိတယ်။ ညွန့်ပေါင်းအစိုးရဖွဲ့ တယ်ဆိုတာ ပါလီမန်ဒီမိုကရေစီ လို့ လူသိများတဲ့ ဝန်ကြီးချုပ်ဦး ဆောင်တဲ့ ပါလီမန်အခြေခံအစိုး ရစနစ် (parliamentary type of government)တွေမှာသာရှိ တယ်။ သမ္မတဦးဆောင်အစိုးရ စနစ် (presidential type of government)တွေမှာမရှိပါ။ ၂၀၀၈ အခြေခံဥပဒေအရ မြန်မာ နိုင်ငံအစိုးရစနစ်ဟာ သမ္မတ ဦးဆောင်အစိုးရစနစ်ဖြစ်တယ်။ ပုဒ်မ ၂၃၂ အရ သမ္မတမှာ ဝန် ကြီးများပါဝင်တဲ့ အစိုးရဖွဲ့ကိုဖွဲ့ ခွင့်အပြည့်အဝရှိတယ်။ ပြည် ထောင်စုလွှတ်တော်ဟာ သမ္မတ ကခန့်အပ်မယ့် ဝန်ကြီးတွေ အခြေခံဥပဒေကသတ်မှတ်တဲ့ အရည်အချင်းပြည့်မီခြင်းရှိ၊ မရှိ စိစစ်မှုကိုသာ လုပ်နိုင်တယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ သမ္မတက အစိုးရအဖွဲ့ကိုဖွဲ့စည်းတဲ့ပုံစံနဲ့တူတယ်။ ဒီလိုနည်းနဲ့ သမ္မတက အစိုးရကိုဖွဲ့စည်းတဲ့အခါ တည်ငြိမ်တဲ့အစိုးရကို စိတ်တိုင်းကျဖွဲ့နိုင်တယ်။ တည်ငြိမ်မှုကင်းတဲ့ညွန့်ပေါင်းအစိုးရဆိုတာမျိုးပေါ်လာစရာအကြောင်း လုံးဝမရှိပါ။ သမ္မတဦးဆောင်အစိုးရ စနစ်ရှိတဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်တဲ့အစိုးရဖွဲ့စည်းနိုင်ရေးကို ထိခိုက်လေမလားစိုးရိမ်မှုနဲ့ PRကို ငြင်းပယ်တာဟာ အကြိုးအကြောင်းမဆီလျော်ပါ။
ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်
တချို့ကလည်း မြန်မာပြည် သူတွေ နိုင်ငံရေးအတွေ့အကြုံ နည်းတာ၊ စာမတတ်တာတွေကို ထောက်ပြပြီး PR စနစ်ပြောင်းလဲ ကျင့်သုံးဖို့ မသင့်လျော်ကြောင်း ပြောကြတယ်။ အမှန်က PR စနစ်ဟာ ကြောက်စရာကောင်း လောက်အောင် မဲပေးသူတွေ အတွက် ရှုပ်ထွေးတဲ့စနစ်မဟုတ် ပါ။ စစ်ဘေးစစ်ဒဏ်ကာလကြာ ရှည်ခံစားခဲ့ပြီးမှ ဒီမိုကရေစီလမ်း ကြောင်းပေါ်တက်ဖို့ ကြိုးစားနေ တဲ့ အာဖဂန်နစ္စတန်နဲ့ ကမ္ဘောဒီး ယားနိုင်ငံတွေမှာ PR စနစ်ကို ကျင့်သုံးနေတာကို သာဓကအနေနဲ့ တွေ့နိုင်တယ်။ ပြည်သူတွေ မဲပေးတတ်အောင် အထိုက် အလျောက်ပညာပေးမှုတွေတော့ လုပ်ရစမြဲပါ။ အာဖဂန်နစ္စတန်နဲ့ ကမ္ဘောဒီးယား ပြည်သူတွေထက်တော့ မြန်မာပြည်သူတွေပိုညံ့မယ် မထင်ပါ။
ပါတီတွေရဲ့ နိုင်ငံရေးတွက်ကိန်း
လာမယ့် ရွေးချယ်တင် မြှောက်ပွဲတွေ လွတ်လပ်မျှတမှုရှိ ခဲ့ရင် အပြတ်အသတ်မဟုတ်ရင် တောင်မှ နှာတစ်ဖျားအသာနဲ့ တစ် နိုင်ငံလုံး မဲဆန္ဒနယ်အများစုမှာ အနိုင်ရမယ်လို့ တွက်ချက်ထားတဲ့ NLD ပါတီအနေနဲ့ လက်ရှိကျင့် သုံးဆဲ FPTP စနစ်ကိုထောက်ခံ ပြီး PR ကိုကန့်ကွက်တာဟာ သူ့ နိုင်ငံရေးတွက်ကိန်းအရလုပ်တာ ဖြစ်တယ်။ ပြည်ခိုင်ဖြိုးပါတီက PR ကိုလိုလားမှုပြနေတာဟာ ၁၉၉၀ တုန်းက တစညပါတီခံ လိုက်ရတာမျိုးမဖြစ်ဘဲ ရရှိတဲ့ မဲအချိုးအစားအတိုင်းကိုယ်စားပြု ခွင့်ရချင်လို့ သူ့နိုင်ငံရေးတွက် ကိန်းအရ လုပ်တာဖြစ်တယ်။ ပါတီငယ်တချို့ PR ကိုထောက်ခံ တာဟာ နိုင်ငံရေးတွက်ကိန်းမှန် တယ်လို့ ပြောလို့ရတယ်။ ဥပမာ ၂၀၁၀ ရွေးချယ်တင်မြှောက်ပွဲ တုန်းက မဲဆန္ဒနယ်တစ်ခုလေး တောင်မှ အနိုင်မရခဲ့တဲ့ ဒီမို ကရက်တစ်ပါတီ (မြန်မာပြည်) အနေနဲ့ PR စနစ်မှာဆိုရင် နေရာ အနည်းငယ်အနိုင်ရနိုင်တယ်။ FPTP စနစ်မှာပါတီကြီးတစ်ခု အတွက် ပေးဆပ်ရတဲ့ တိုင်းရင်း သားပါတီတွေနဲ့ ပါတီငယ်တွေ ဟာ PR စနစ်မှာကိုယ်စားပြုမှုသေ ချာပေါက်ပိုများလာပါလိမ့်မယ်။
PR ဟာ ရင်ကြားစေ့ရေးကို ပိုမို အားပေးတယ်
တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့နိုင်ငံတစ်ခုမှာ တိုင်းရင်းသားလူမျိုးတွေကို ကိုယ် စားပြုတဲ့ နိုင်ငံရေးပါတီတွေရှိ စမြဲပါ။ ဒါပေမဲ့ နိုင်ငံရေးပါတီ တိုင်း တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေး (national level politics)မှာ ပါဝင်ခွင့်ရမယ်လို့တော့ မပြော နိုင်ပါ။ လူမျိုးကြီးတွေ၊ ပါတီကြီး တွေရဲ့ လှိုင်းတံပိုးအောက်မှာ တိုင်းရင်းသားပါတီငယ်တွေရဲ့ အခန်းကဏ္ဍပျောက်ကွယ်နေရ တာ နိုင်ငံတကာအတွေ့အကြုံ တွေအရလည်း သိနိုင်တယ်။ ဒါ ကြောင့် တိုင်းရင်းသားလူမျိုးစု ငယ်တွေ တော်လှန်ပုန်ကန်ထကြွ တာတွေ နိုင်ငံအတော်များများမှာ တွေ့နေရတယ်။ ဒီမိုကရေစီရှိ တိုင်း တိုင်းရင်းသားလူနည်းစု ပြဿနာပြေလည်သွားတာ မဟုတ်ပါ။
တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ တစ်နည်းအားဖြင့် တိုင်းရင်းသားရင်ကြားစေ့ရေးရစေဖို့ နိုင်ငံရေးစနစ်အရ အထူးစီမံမှုတွေလုပ်ပေးဖို့လိုတယ်။ အဲဒီလို ဖြေရှင်းဖို့ နည်းလမ်းရှာရင်း ပေါ် ထွက်လာတဲ့ နိုင်ငံရေးစီမံမှုတစ် ရပ်က ‘‘ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီ (consociation demo-cracy)’’ဆိုတာပါ။ ကွန်ဆိုဆီရေး ရှင်းဒီမိုကရေစီအကြောင်းတင်ပြ ရာမှာ ထင်ရှားလူသိများတဲ့ ပညာ ရှင်ကတော့ ဒတ်ခ်ျလူမျိုးနိုင်ငံရေး သိပ္ပံပညာရှင် ArendLijphart (1936)ဖြစ်တယ်။ သူ့တင်ပြချက် အရ ကွန်ဆိုဆီရေးရှင်းဒီမိုကရေစီ ရဲ့ အဓိကအင်္ဂါရပ်တွေကတော့-
- ညွန့်ပေါင်းအစိုးရဖော်ဆောင် ကာ ပါတီပေါင်းစုံက ကိုယ်စား လှယ်တွေ အစိုးရမှာပါဝင်ခွင့်ရ အောင် စီမံပေးရေး (grand coalition)၊
- လူနည်းစုပင် ဖြစ်စေကာမူ အကျိုးစီးပွား ကာကွယ်နိုင်အောင် (တချို့ကိစ္စရပ်တွေမှာ)ဗီတို အာဏာကျင့်သုံးခွင့်ရရေး (mutual veto)၊
- ရွေးချယ်တင်မြှောက်ပုံစနစ် အဖြစ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး (proportional re-presentation, PR)၊
- တိုင်းရင်းသား အုပ်စုတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မြင့်မားရေး (seg-mental autonomy)၊ တစ်နည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် (federalism)ကျင့်သုံးရေးဆိုတာတွေပါ။
တကယ်စစ်မှန်တဲ့ တိုင်းရင်း သား ရင်ကြားစေ့ရေးရဖို့ဆိုတာ တိုင်းရင်းသား လူမျိုးတစ်မျိုး တည်းက နိုင်ငံရေးကို လွှမ်းမိုး ထားတာမျိုးရှောင်ဖို့နဲ့ လူမျိုးကြီး၊ ငယ်မရွေးနိုင်ငံရေးတန်းတူအခွင့် အလမ်းရအောင် စီမံဖို့လိုတယ်။ အဲဒီလို တကယ်လုပ်မယ်ဆိုရင် ကွန်ဆိုဆီရေးရှင်းဒီမိုကရေစီဟာ စဉ်းစားသင့်တဲ့ စနစ်တစ်မျိုးပါ။ အဲဒီစနစ်မှာ PR ဟာ မဖြစ်မနေ လိုအပ်တယ်။

1 comments:
A very convincing argument. Thanks.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်