From :
.. 7day
မြန်မာနှင့်ထိုင်းအသင်းတို့၏ဗိုလ်လုပွဲစဉ်ကိုကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးကြမည့် မြန်မာပရိသတ်အချို့ လက်မှတ်ဝယ်ယူရာတွင် အခက်တွေ့လျက်ရှိသည်။
အွန်လိုင်းမှတစ်ဆင့်ဝယ်ယူနိုင်သော်လည်း ၀င်ရောက်ဝယ်ယူသူများပြားသဖြင့် ၀က်ဘ်စာမျက်နှာကိုပင် ၀င်ရန်ခက်ခဲနေသည်။
အားကစားရုံလက်မှတ်အရောင်းဌာနများတွင်လည်းဝယ်ယူလိုသူများပြားသည့်အတွက် အချိန်အတော်ကြာအောင် တန်းစီစောင့်ဆိုင်းခဲ့ရသည်ဟု ကိုယ်တိုင်လက်မှတ်ဝယ်ယူခဲ့သောစင်္ကာပူရောက်မြန်မာပရိသတ်များ ကပြောသည်။
"ဒီလိုစနစ်ကျတဲ့နိုင်ငံမှာ ဒီလောက်ခက်ခဲနေတာမျိုးမဖြစ်သင့်ဘူး" ဟု မြန်မာပရိသတ်တစ်ဦးကမှတ်ချက်ပြုသည်။
အွန်လိုင်းမှဝယ်ယူရာတွင်လည်း မူလက အကောင့်တစ်ခုလျှင် ဆယ်စောင်ရောင်းချပေးသော်လည်း ယခုအခါ တစ်ခါဝယ်လျှင် သုံးစောင် (သို့) လေးစောင်သာရောင်းချပေးတော့သည်ဟု
ကိုယ်တိုင်လက်မှတ်ဝယ်ခဲ့သူ ကိုအောင်သူကပြောသည်။
တနင်္ဂနွေရုံးပိတ်ရက်ဖြစ်သဖြင့် ပုံမှန်ဝယ်ယူရနိုင်သည့် စာတိုက်အခွဲများမှာလည်း ပိတ်ထားပြီး အွန်လိုင်းမှဝယ်ယူရာတွင်လည်း လိုင်းကျပ်နေသဖြင့်
မည်သည့်နေရာတွင် ၀ယ်ယူရသည်ကို အချင်းချင်းမေးမြန်းကာ လက်မှတ်ရရေး ကြိုးပမ်းနေကြသည်ဟုမြန်မာပရိသတ်တစ်ဦးကပြောသည်။
ထိုင်းနှင့်မြန်မာအသင်းတို့ယှဉ်ပြိုင်ကြမည့် စင်္ကာပူအမျိုးသားအားကစားရုံသည် ပရိသတ် ငါးသောင်းကျော်ဆံ့သဖြင့် မြန်မာပရိသတ်အတွက်
လက်မှတ်ခွဲတမ်း နှစ်သောင်းခွဲရောင်းချပေးသွားဖွယ်ရှိသည်ဟု မြန်မာပရိသတ်များက ခန့်မှန်းနေကြသည်။
မြန်မာနှင့်ထိုင်းအသင်းတို့သည်ဇွန်လ၁၅ရက် မြန်မာစံတော်ချိန်ည၇နာရီတွင် ယှဉ်ပြိုင်ဗိုလ်လုကြတော့မည်ဖြစ်သည်။
.. https://www.facebook.com/MyanmarExpress

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်