အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ် ကွန်မြူနစ်ပါတီမှ ဂုဏ်ထူးဆောင် တစ်ရုတ်မြို့တော်သူဘွဲ့ကို ယနေ့ အပ်နှင်းလိုက်ကြောင်း စင်ဟွာသတင်းဌာနမှ ကြေညာသွားသည်။
"အုံစင်းဆောက်ကြည် ဟာ တရုတ်မြို့တော်သူ ဖြစ်သွားပါပြီ" လို့ ဆင်ဟွာသတင်းဌာနက ဆိုသည်။
တရုတ်မြို့တော်သူ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံ အပြန်ခရီးအား မန္တလေးမြို့ရှိ တရုတ်လူမျိုးများမှ သွားရောက်ကြိုဆိုကြမည်ဖြစ်ကြောင်း သိရပြီး တရုတ်ဆန့်ကျင်ရေး လှုပ်ရှားနေသော ဒေါ်စုထောက်ခံသူများ ယခုရက်ပိုင်းအတွင်း နှုတ်ဆိတ်နေကြကြောင်း သတင်းရရှိပါသည်။
.. https://www.facebook.com/MyanmarExpress
4 comments:
ဘာကြောင့် ကျွန်တော် ထွက်လာရသလဲ ( အပိုင်း- ၁ )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒေါ်စုဆီက ဘာကြောင့် ကျွန်တော် ထွက်လာရသလဲ၊
အကြောင်းသုံးချက် ရှိပါတယ်။
(တစ်)။ ပါတီတွင်းဆက်ဆံရေးအခြေအနေ။
(နှစ်)။ ဒေါ်စုရဲ့ ထက်အောက်ဝဲယာဆက်ဆံမှု အခြေအနေ။
(သုံး)။ ဒေါ်စုရဲ့ လူမှုရေးအကြောင်းများ။
(၁) ပါတီတွင်းဆက်ဆံရေး
၈၈ အရေးတော်ပုံအပြီးမှာ ကျောင်းသားတွေထဲမှာ အကြမ်းအားဖြင့် လေးစုကွဲသွားတယ်။
ကိုနိုင်အောင်တို့နဲ့ ပါသွားသူများ၊ ကိုမင်းကိုနိုင်တို့နဲ့ ဗကသအဖြစ်ကျန်ခဲ့သူများ၊ ကိုမိုးသီးဇွန်တို့နဲ့ လူ့ဘောင်သစ်ဖြစ်သွားသူများနဲ့ ဒီချုပ်လူငယ်အဖွဲ့မှာပါသူများလို့ ခွဲခြားနိုင်ပါတယ်။
ကျွန်တော်ကတော့ ဒီချုပ်ထဲပါတဲ့ အုပ်စုထဲ လိုက်သွားပါတယ်။ ဒါကလည်း ဒေါ်စုကို အထင်ကြီးတာရယ်။ မကသ ကလာတာမို့ ဗကသ အောက် ခေါင်းမလျှိုခြင်တာရယ် နှစ်ခုလုံး ပါပါတယ်။
ဒီချုပ်ကို သိတဲ့အတိုင်း အောင်စုတင် လူကြီးသုံးဦး ခေါင်းဆောင်ပါတယ်။ စီအီးစီကို အောင်စုတင် အုပ်စုတစ်ခုစီက ၁၄ ဦးနဲ့ ဖွဲ့ပါတယ်။ စီအီးစီအားလုံးကို ခေါင်းဆောင်သုံးဦးကပဲ တိုက်ရိုက်ရွေးပြီး ခန့်တာ ပါ။ ဦးအောင်ကြီး ထွက်သွားတော့ စီအီးစီဝင်တွေက စုတင်အုပ်စုဝင်တွေပဲ ကျန်ပါတယ်။ ဒီချုပ် ဗဟိုကို ဖွဲ့ပြီးတော့ ပြည်နယ်၊ တိုင်းစည်းတွေ၊ မြို့နယ်စည်းတွေဆက်ဖွဲ့ပါတယ်။ ဒါတွေအားလုံး ဗဟိုဦးစီးစနစ်နဲ့ ခန့်အပ်ခဲ့တာပါ။ ဒီချုပ်အောက်ခြေအဖွဲ့ဝင်များအနေနဲ့ ပြောခွင့်မရှိပါ။ ပြောဖို့ကြိုးစားသူများရှိရင်လည်း ((ဒီအချိန်က စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန်၊ ရွေးကောက်ပွဲအတွက်လည်း ပြင်ရမယ်။ အခြေအနေ တည်ငြိမ်မှ ပြန်ရွေးကြတာပေါ့)) ဆိုပြီး ခေါင်းဆောင်များက ပြောခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ရွေးတော့လည်း စီအီးစီနဲ့ တိုင်းစည်းတွေ ညှိပြီး ရွေးခဲ့တာပါ။ မဆလ ခေတ်က ပါတီကချပေးတဲ့ကိုယ်စားလှယ်ကို ထောက်ခံရသလိုပဲ ကျွန်တော်တို့ စီအီးစီက ချပေးတာကို ထောက်ခံခဲ့ရတာပါ။
ဒီလိုနဲ့ ဒေါ်စု အထိန်းသိမ်းခံရတော့လည်း ((ဒေါ်စု မရှိသေးခင် ဒီလိုပဲ ထိန်းထားဦး ဒေါ်စု ထွက်လာမှ လုပ်ကြတာပေါ့)) နဲ့ပဲ အချိန်ကုန်ခဲ့တာပါ။ ၁၉၉၅ မှာ ဒေါ်စု ထွက်လာတော့လည်း ခြံဝမှာ ဟောပြောပွဲလုပ်တာ၊ သတင်းစာရှင်းလင်းပွဲ လုပ်တာ။ စီအာရ်ပီပီ ဖွဲ့တာနဲ့ပဲ အချိန်ကုန်ပြီး ၂၀၀၁ ခုနှစ်အထိရောက်ခဲ့ပါတယ်။
ပါတီအဖွဲ့အစည်းတွေကို ပြင်ဖွဲ့တာ၊ ပါတီတွင်းဒီမိုကရေစီ ရှင်သန်အောင်လုပ်တာတွေ လုပ်ရမယ့် အစား တိုက်ပွဲတွေဖော်ပြီး ပါတီထုကို ဆွဲဆောင်ထားဖို့ပဲ လုပ်ခဲ့တာပါ။
ပါတီတွင်းဒီမိုကရေစီ ရှင်သန်အောင်တောင် မလုပ်နိုင်ဘဲနဲ့ နိုင်ငံကို ဒီမိုကရေစီပန်းတိုင် ပို့နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါဟာ ဒီချုပ်အပေါ် စိတ်ကုန်ရတဲ့ အကြောင်းတစ်ချက်ပါ။
(၂) ဒေါ်စုရဲ့ ထက်အောက်ဝဲယာဆက်ဆံမှု အခြေအနေ
ဒေါ်စုရဲ့ ပညာအရည်အချင်း၊ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်မှု၊ အဟောအပြောကောင်းမှု နဲ့ နိုင်ငံတကာ ဗဟုသုတကြွယ်ဝမှုတို့ကို မျိုးချစ်တွေထဲမှာရော၊ တတ်သိတွေထဲမှာရော၊ အခြားပါတီက ခေါင်းဆောင်တွေထဲမှာရော ဘယ်သူမှ မယှဉ်နိုင်တာ။ မဆလ တံခါးပိတ်ခေတ်မှာ လူဖြစ်ရတဲ့ ကျွန်တော်တို့ကတော့ ဝေးရော။ ဒါပေမယ့် ဒေါ်စုက ကျန်တဲ့ခေါင်းဆောင်တွေမှာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သင်ခန်းစာတွေ အတွေ့အကြုံတွေ အများကြီးရှိတယ် ဆိုတာ မေ့နေခဲ့တယ်။ ဒါ့ကြောင့် ကျန်တဲ့လူတွေ အပေါ် အထင်သေးတဲ့စိတ်နဲ့ ကြည့်တာ၊ ပြောတာတွေကို တွေ့လာရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းလည်း ဒေါ်စုကြည်ထက် ငယ်တဲ့အချိန်မှာ ဖဆပလကို ခေါင်းဆောင်ခဲ့တာပါ။ ဒါပေမယ့် ဗိုလ်ချုပ်က ကျောင်းသားသမဂ္ဂ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း စတာတွေမှာ ခေါင်းဆောင်နေရာတွေ ယူခဲ့သလို ဗမာ့တပ်မတော်မှာလည်း ဦးစီးချုပ် လုပ်ခဲ့ပြီးမှ ဖဆပလ ခေါင်းဆောင်ဖြစ်ခဲ့တာပါ။
ဒါ့ကြောင့်လည်း ဦးဘဖေ၊ ဦးရာဇတ်၊ သခင်မြ၊ ပျော်ဘွယ်ဦးမြ၊ ဦးဘဂျမ်း စတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေကို အလေးထားနေရာပေးပြီး ခေါင်းဆောင်မှု ယူခဲ့တာတွေ့ရမှာပါ။
ဒေါ်စုကြည်ကတော့ ဗိုလ်ချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် မျိုးချစ်အဖိုးကြီးတွေကိုယ်တောင် အန်ကယ် ခေါ်ပြီး ပယ်ပယ်နယ်နယ် တွယ်ပါတယ်။ အဖိုးကြီးတွေခမျာ ((မစုရေ... အန်ကယ်တို့ကလေ)) နဲ့ ပြာနေအောင် ကြောက်ရပါတယ်။ တတ်သိတွေကိုလည်း ((ဘာတတ်သိပညာရှင်လဲ... ဘာညာ)) နဲ့အုပ်တာပါဘဲ။
ဒေါ်စု တန်းတူဆက်ဆံတာ နှစ်ယောက်တော့ ရှိပါတယ်။ ဦးဝင်းတင်နဲ့ ဗိုလ်ကြီးဟောင်းဝင်းထိန်ပါ။ ဒါ့ကြောင့်လည်း မိုးသီးဇွန်က သူ့စာတမ်းမှာ ((ဒီချုပ် စီအီးစီတွေဟာ ကပ္ပိယကြီးတွေလိုပဲ ကျောင်းထိုင်ဆရာတော် ဒေါ်စု မသိရင် ဘာမှမလုပ်ရဲဘူး)) လို့ ရေးခဲ့တာပါ။
ပါတီတွင်းမှာ ဒီလို ဆက်ဆံသလို မိတ်ဖက်ပါတီများနဲ့လည်း ဒီလိုပါဘဲ။ ဦးနုနဲ့ ၀ိဓူရသခင် ချစ်မောင်လို အစဉ်အလာကြီးတဲ့သူတွေကိုတောင် ၁၅၈ ပါတီညီညွတ်ရေးနဲ့ ပတ်သက်ပြီး ((တန်းတူ ပူးပေါင်းလို့မရ၊ ဒီချုပ် ခေါင်းဆောင်မှုကို ခံရင် ရမယ်)) လို့ပြောခဲ့သူပါ။
အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ပါတီကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ အဆိုပြုတော့ ((ကျွန်မတစ်ယောက်ဆိုရင် ရပြီ၊ အန်ကယ် တို့ ကျွန်မကို ကိုယ်စားလှယ်လွှဲကြောင်းသာ လက်မှတ်ထိုးပါ)) လို့ ပြောထွက်တဲ့သူပါ။ ကျွန်တော်တို့လို လူငယ်အဖွဲ့များကိုတော့ လုံခြုံရေးအဆင့်ထက်ပိုပြီး သဘောထားတာ မတွေ့ရပါ။
ဒေါ်စုဒဏ်ကို နိုင်ငံခြားသံအမတ်တွေလည်း ခံရဖူးပါတယ်။ ၁၉၉၆ မှာ အာဆီယံကို မြန်မာက ၀င်မယ် ဆိုတော့ ဒေါ်စု ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ အဲဒီအချိန်မှာ ဂျပန်ဝန်ကြီးချုပ်က စင်္ကာပူ ရောက်တုံး မြန်မာကို လက်ခံမယ့် အာဆီယံရဲ့သဘောထားကို လက်ခံတဲ့အကြောင်း သတင်းထောက်တွေ ကို ပြောလိုက်တယ်။ ဒီသတင်းကို ကြားတော့ ဒေါ်စုက ဂျပန်သံအမတ် ယိုချီယာမာဂူချီကို ဖုန်းဆက်ခေါ်ပါတယ်။ ဂျပန်သံအမတ်ရောက်လာတော့ အိမ်ထဲအ၀င်မခံဘဲ ခြံထဲက အခမ်းအနားတွေလုပ်တဲ့ တဲထဲမှာ ထိုင်ခိုင်းပြီး ဒေါ်စုက ထိုင်လိုက် လမ်းလျှောက်လိုက်နဲ့ တစ်နာရီလောက်ကြိမ်းမောင်းပြီးပြန်လွှတ်လိုက်တယ်။ ဂျပန်သံအမတ်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရဆီကို အစီရင်ခံတော့ ဒေါ်စုကို အလွန်မောက်မာတဲ့သူလို့ သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။
ခေါင်းဆောင်တစ်ယောက်ဟာ မိမိအခြေခံမူတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ရမယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ခိုင်ခိုင်မာမာရပ်တည်တာနဲ့ ခေါင်းမာတာ၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိတာနဲ့ မောက်မာတာ ကွာခြားတယ်လို့တော့ ထင်ပါတယ်။ ဒါတွေကိုမြင်တာများလာတော့ ဒေါ်စုရဲ့ ခေါင်းဆောင်မှု အရည်အချင်းအပေါ် သံသယ၀င်လာတာ အမှန်ပါဘဲ။
(၃) ဒေါ်စုရဲ့ လူမှုရေးအကြောင်းများ
၁၉၈၈ နိုဝင်ဘာကနေ စစ်တပ်က ဒေါ်စုခြံကို ၀င်ရှင်းတဲ့ ၈၉ ဇူလိုင် ၂၀ အထိ ခြံထဲမှာနေခဲ့ဖူးပါတယ်။ ထို့အတူ ၁၉၉၆ ကနေ ၂၀၀၁ အထိနေခဲ့ပါတယ်။ ဒေါ်စုက လူငယ်အဖွဲ့ဝင်အမျိုးသမီးများကို ညဖက်ဆိုရင် အပေါ်ထပ်မှာခေါ်ပြီး စကားပြောပါတယ်။ နောက်တော့ Safe Sex ဆိုပြီး စကားဝိုင်းဖွဲ့ ပါတယ်။
ပထမတော့ HIV ကာကွယ်ရေးအတွက် ပြောရင်းနဲ့ နောက်တော့ ကင်းဆေးအစီရင်ခံစာတို့ လေဒီချတ်ဒလီလပ်ဗ်ဗာ စာအုပ်အကြောင်းတွေလှည့်သွားပါတယ်။
ကင်းဆေးအစီရင်ခံစာဆိုတာက အမေရိကန်အမျိုးသား၊ အမျိုးသမီးတွေရဲ့ Sex Life ကို သုတေသနပြုပြီး ဘယ်လိုဆက်ဆံရမယ်။ ဘယ်နည်းကကောင်းတယ် စသည်ဖြင့် တစ်တစ်ခွခွပြောထားတဲ့စာတမ်းပါ။
အဲဒီလိုဆွေးနွေးတာက ဒေါ်စု နှစ်နှစ်ဆယ်ကျော်နေခဲ့တဲ့ အနောက်နိုင်ငံတွေမှာတော့ မဆန်းပေမယ့် ဒီမှာတော့ဆန်းပါတယ်။ အကျိုးဆက်ကတော့ ခြံထဲက လူငယ်တွေကြားမှာ ဇာတ်လမ်းတွေ ရှုတ်လာတာပါဘဲ။ ဒေါ်စုက ဒါတွေကို တင်းတင်းကျပ်ကျပ် စည်းကမ်းထိန်းဖို့မလုပ်ခဲ့ပါဘူး။ ဒီဖြစ်စဉ်တွေကို ကိုညိုအုန်းမြင့်တို့ ၀င်းဝင်းမာတို့ သိပါတယ်။ အချင်းချင်း စုမိရင်လည်းဆွေးနွေးဖူးပါတယ်။ ဘယ်သူမှတော့ ဒေါ်စုကို မဝေဖန်ရဲခဲ့ပါ။
နောက်တစ်ခုက ဒေါ်စုနဲ့ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေးဗစ်လှမြင့်တို့ရဲ့ မူမမှန်တဲ့ ဆက်ဆံမှုပါဘဲ။ ဒါကို ဒီချုပ်ခေါင်းဆောင်ပိုင်းရော၊ ခြံထဲက လူငယ်တွေရော ရိပ်မိပါတယ်။ ဦးအောင်ရွှေ တားတော့ ဒေါ်စုက ((အန်ကယ်တို့အသိအမြင်တွေနဲ့ တိုင်းတာမနေပါနဲ့ ။ West မှာ ဒါဟာ Normal Relationship ပါ၊ ကျွန်မဘာလုပ်နေတယ် ဆိုတာ ကျွန်မသိပါတယ်)) လို့ ဆိုခဲ့ပါတယ်။ ဦးအောင်ရွှေလည်း သံအမတ်နဲ့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေခဲ့တာပါ။ ဒေါ်စုပြောတဲ့ Normal Relationship ကို သူဘယ်လိုသဘောပေါက်လဲတော့ မသိဘူး။ နောက်ထပ်ပြောတာ မကြားရတော့ပါ။
ကျွန်တော်ကတော့ ရှေးဆန်တယ်ပဲဆိုဆို၊ ကိုယ့်ခေါင်းဆောင်ကို စံပြ Role Model အဖြစ် မြင်ခြင် ပါတယ်။ ဗြိတိသျှ နန်းရေးဝန် (၀န်ကြီးချုပ်) လွိုက်ဂျော့အကြောင်းရေးတဲ့ စာအုပ်မှာ လွိုက်ဂျော့ကို မကြိုက်တဲ့ ရန်သူတွေကတောင် သူ့ကိုယ်ကျင့်သိက္ခာကို လေးစားကြတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်သူမှ သံသယမရှိဘူးလို့ ရေးထားပါတယ်။ ဒီလို ခေါင်းဆောင်ကို လိုချင်ပါတယ်။ မူဝါဒတစ်ခု မှားတယ်၊ မှန်တယ်ဆိုတာကတော့ အမြင်အမျိုးမျိုးရှိနိုင်ပေမယ့် ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ရင်တော့ စံတစ်ခုပဲ ရှိရမယ် ထင်ပါတယ်။ ဒါဟာ ဒေါ်စုဆီကနေ ဒီချုပ်ကနေ ထွက်လာခဲ့တဲ့ နောက်ဆုံးအကြောင်းပါဘဲ။
ဒေါ်စုခေါင်းဆောင်မှုအပေါ် ဘ၀င်မကျတာ ကျွန်တော်တို့အငယ်တွေသာမဟုတ်ပါဘူး။ တတ်သိ အုပ်စုတွေထဲကလည်း ရှိပါတယ်။ မျိုးချစ်တွေကတော့ ဦးနေ၀င်းအောက်မှာ အသားကျခဲ့တော့ ဒီလို ခေါင်းဆောင်မှုမျိုး၊ ပါတီတွင်း ဒီမိုကရေစီမရှိတာမျိုးကို နေတတ်နေပြီထင်ပါတယ်။ သိတ်ပြောတာမတွေ့ရပါ။
၈၉ မတ်လထဲမှာ ဆရာမောင်ကိုယုကို ကျွန်တော်တို့ လူငယ်တစ်ချို့က ဆွေးနွေးဖူးပါတယ်။ ဆရာကတော့ ((ငါတို့ကျားမြီးဆွဲမိထားပြီ)) လို့ ပြောခဲ့တာမှတ်မိပါတယ်။ တကယ်လည်း ဒေါ်စုအပေါ် Personal Cult သဘောမျိုးဖြစ်လာတော့ ((ဒေါ်စုမရှိရင် ဒီချုပ်မရှိ၊ ဒေါ်စုမရှိရင် ဒီမိုကရေစီလှုပ်ရှားမှုမရှိ၊ ဒေါ်စုသာ စစ်တပ်ကို အကောင်းဆုံး တန်ပြန်နိုင်မယ့်သူ)) ဆိုတာမျိုးဖြစ်လာပါတယ်။ ဒါ့ကြောင့် ဒေါ်စုကို ဝေဖန်ရင် တန်ပြန်တော်လှန်ရေးသမား တံဆိပ်ကပ်ခံရမှာ သေချာနေတော့ ဘယ်သူကမှ ပါးစပ်မဟရဲပါဘူး။ မကြိုက်ရင် အကြောင်းတစ်ခုရှာပြီး ဘေးထွက်ထိုင်တာပဲ လုပ်ရဲပါတယ်။ တတ်သိမှာ အတက်ကြွဆုံး လှုပ်ရှားခဲ့တဲ့ ဆရာမောင်ဝံသ၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်စူးစမ်း၊ မသိင်္ဂီ င်္တို့အုပ်စုတွေ ဒီချုပ်ကနေ ဘေးထွက်ထိုင်နေတာတွေဟာ ဒီအကြောင်းတွေကြောင့်ပါဘဲ။
ကျွန်တော်တို့အနေနဲ့ ကိုယ်ပြောတာ မှန်တယ်လို့မဆိုလိုပါ။ သို့သော် ပါတီအတွင်းမှာ မိမိ သဘောထားကို တင်ပြခွင့်ရှိရမယ်။ ဗဟိုကော်မတီ၊ စီအီးစီဆိုတာတွေဟာ အောက်ခြေကနေ အဆင့်ဆင့် တင်မြှောက်ရွေးတာဖြစ်ရမယ်။ ပါတီရဲ့မူဝါဒတွေကို ဒီလို ဗဟိုအဖွဲ့အစည်းတွေမှာ ဆွေးနွေးဆုံးဖြတ်ရမယ် လို့ ယုံကြည်ပါတယ်။
အခုတော့ အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ဒေါ်စုက စီအီးစီကို အသိပေး၊ စီအီးစီက အတည်ပြု လုပ်လာပါတယ်။ တစ်ခါတစ်လေ စီအီးစီအဖွဲ့ဝင်အားလုံးတောင် အစည်းအဝေးမတက်ရတာမျိုး ရှိပါတယ်။ အမျိုးသားညီလာခံကနေ ဒီချုပ်ကိုယ်စားလှယ်တွေ ထွက်ခိုင်းတဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ဒေါ်စုတစ် ဦးတည်းဆုံးဖြတ်ပြီး ဦးအောင်ရွှေနဲ့ကိုယ်စားလှယ်တွေကို ခေါ်ပြောခဲ့တာပါ။ တကယ်တော့ ဒီဆုံးဖြတ်ချက်မျိုးဟာ ပါတီမူဝါဒရဲ့ အလှည့်အပြောင်းဆုံးဖြတ်ချက်ပါ။ ဗဟိုကော်မတီ အစည်းအဝေးမျိုးမှာ ဆုံးဖြတ်ရမယ့်ကိစ္စပါ။
ဦးတင်ထွန်းမောင်တို့ ခုနှစ်ယောက်က ဗဟိုကော်မတီမှာ ဆုံးဖြတ်ဖို့ပြောတော့ ((ကျွန်မဆုံးဖြတ်ပြီးပြီ၊ ဒါအတည်ပဲ၊ ကျွန်မခေါင်းဆောင်မှုကို မယုံကြည်ရင် ကျွန်မအဖွဲ့ချုပ်က ထွက်မယ်)) ဆိုပြီး အကြပ်ကိုင်ခဲ့ပါတယ်။ ဦးတင်ထွန်းမောင်တို့က စာတမ်းတင်တော့ အဖွဲ့ချုပ်က ထုတ်ပယ်ခဲ့ပါတယ်။ ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေကို အဖွဲ့ချုပ်က ထုတ်တဲ့ကိစ္စမျိုးဆိုတာ ဗဟိုကော်မတီ ဒါမှမဟုတ် ဗဟိုကော်မတီက အာဏာလွှဲထားတဲ့အဖွဲ့က ဆုံးဖြတ်၊ ဗဟိုကော်မတီကို အတည်ပြုချက်တောင်း ဒီလို လုပ်ရမှာပါ။ အခုတော့ ကျွန်တော်တို့အဖွဲ့ချုပ်ဟာလည်း မဆလလို ဗဟိုဦးစီးစနစ်နဲ့ တစ်ဦး တစ်ယောက်ကောင်းဝါဒ ကျင့်သုံးလာတာကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ခဲ့ရပါတယ်။ ဒီမိုကရေစီရေချိန်အရ ဒီလို ဦးဆောင်မှုကိုလည်း လက်မခံနိုင်ပါ။ ဒါ့ကြောင့် လမ်းခွဲပါတယ်။
ဒီမိုကရေစီကိုတော့ ယုံကြည်ဆဲပါ။ ဒါပေမယ့် ဒီလူနဲ့ ဒီပါတီနဲ့ ဒီမိုကရေစီရနိုင်မယ်လို့ မထင်ပါဘူး၊ အခုရေးတာက အကျဉ်းသာဖြစ်ပါတယ်။ ဒေါ်စုနဲ့ မိခင်ဒေါ်ခင်ကြည် ဆက်ဆံရေး၊ ဒေါ်စုနဲ့ ဦးအောင်ဆန်းဦး ဆက်ဆံရေး၊ ဒေါ်စုနဲ့ ခြံထဲမှာအတူနေတဲ့ ဒေါ်ခင်ကြီး (သခင်သန်းထွန်းဇနီး၊ ဒေါ်ခင်ကြည်အမ) မိသားစု ဆက်ဆံရေးတွေကိုကြည့်ရင် မိသားစုပြသနာတွေကိုတောင် စေ့စပ် အဖြေမရှာနိုင်တဲ့သူက အမျိုးသားရင်ကြားစေ့ရေးကို လုပ်နိုင်မယ်လို့ ယုံကြည်ရန်ခက်ပါတယ်။
ဒီချုပ်ကနေထွက်လာခဲ့တာ မှန်တယ်၊ မှားတယ် မပြောလိုပါ။ ဘာကြောင့်ထွက်ခဲ့တယ်ဆိုတာကို ပြောပြခြင်းသာဖြစ်ပါတယ်။ တိုင်းပြည် ပြင်ပရောက်နေတာမို့ ဒီချုပ်မှာ နေရာယူခြင်လို့ ၊ နအဖဆီက ပေးစာကမ်းစာစားခြင်လို့ ဆိုတဲ့အကြောင်းများမရှိပါ။ ဒါပေမယ့် ဘလော့ဂ်တွေပေါ်မှာ ဘုန်းတော်ဖွဲ့တွေ ဖတ်နေရလို့ တကယ်သိကြရဲ့လားဆိုတာ သိချင်လို့ရေးပြတာပါ။
ကျွန်တော်ပြောတဲ့အကြောင်းတွေကို သိပြီးသား၊ ဒီလိုခေါင်းဆောင်ပဲ ကြိုက်တယ်ဆိုရင် ပြောရန် မရှိပါ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါဘဲ။ ဘာမှမသိဘဲ သူများယောင်လို့ လိုက်ယောင်နေရသူများရှိရင် ဖတ်ကြည့်ပြီး ဒီအကြောင်းအရာတွေမှန်မမှန် ဆန်းစစ်နိုင်ဖို့ရည်ရွယ်ပါတယ်။ ကိုယ်ရေးကိုယ်တာ၊ ပုဂ္ဂိုလ်ရေးတွေပြောနေတယ်လို့မထင်စေခြင်ပါ။ ဒီမိုကရေစီစနစ်မှာ ခေါင်းဆောင်လုပ်သူများဟာ ပြည်သူများရော၊ မီဒီယာများရောရဲ့ ဝေဖန်စူးစမ်းမှုကို ခံနိုင်ရပါမယ်။ မှတ်ကျောက်အတင်ခံနိုင်ရပါမယ်။
အမေရိကန် မှာ အခုသမ္မတလောင်းရွေးပွဲအတွက် ပြိုင်ဆိုင်မှုတွေ စနေပါပြီ။ သမ္မတလောင်းတွေရဲ့ မူဝါဒများသာမက အကျင့်စာရိတ္ထ၊ အကျင့်စရိုက်၊ အပြုအမူများကိုပါ ဘက်စုံက ဝေဖန် ဆန်းစစ်နေတာတွေကို ဖတ်ရ၊ ကြည့်ရပါတယ်။ ပြည်သူတွေက သူတို့ကို ခေါင်းဆောင်မယ့်လူရဲ့အကြောင်းကို ဂဃနဏ သိခွင့် ရှိပါတယ်။ ကောင်းတာလေးတွေပဲဖော်ပြ၊ ကောင်းတယ်လို့ထင်အောင် ပုံဖော်ပေးတာတွေက တစ်ပါတီအာဏာရှင်စနစ်ရဲ့ အမူအကျင့်ဖြစ်ပါတယ်။ ဒ့ါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်ကိုခေါင်းဆောင်မယ်လူက ဘာလဲ၊ ဘယ်လဲ ဆိုတာက သိအောင်လုပ်ပြီးမှ ဆုံးဖြတ်ဖို့လိုပါတယ်။ အခုရေးပြရတာက ဒီရည်ရွယ်ချက်ပါဘဲ၊ ဘလော့ဂ်သာ မပေါ်ခဲ့ရင် အစိုးရလူ၊ တန်ပြန်တော်လှန်ရေးသမား ဆိုပြီး နှိပ်ကွပ်ခံရမှာမို့ စာမျက်နှာပေါ်မှာ မရေးရဲဖူး ဆိုတာ ၀န်ခံပါတယ်။
ရဲဘော်အောင်ထက်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်