Subscribe to our RSS Feed

ကားဈေးဂယက်ကြောင့် ဒေါ်လာဈေးတက်


From : ခေတ်လူငယ်

နိုင်ငံတော်က နိုင်ငံခြားငွေစာရင်း ဖွင့်ထားသူ မည်သူမဆို ၂၀၀၇ ခုနှစ်အထက် မော်ဒယ်လ်ကား တင်သွင်းခွင့်ပြုလိုက်သဖြင့် ကားဈေးကျပြီး ဒေါ်လာဈေး မြင့်တက် လာကြောင်း ဒေါ်လာရောင်း ဝယ်ရေး ဈေးကွက်မှ သိရသည်။ နိုင်ငံခြားငွေစာရင်း ဖွင့်ထားသူများ မော်တော်ကားတင်သွင်းမှု များပြားလာခြင်းကြောင့် ယခင်က ၈၂၀၊ ၈၂၅ ကျပ်အကြားရှိသော အမေရိကန် ဒေါ်လာမှာ ယခုအခါ ၈၂၇ ကျပ်အထိ ဈေးပေါက်နေကြောင်း၊ ကားတင်သွင်းခွင့် မူဝါဒသစ်ကြောင့် ကားဈေးကွက်အတွင်း ငွေကျပ်သိန်း ၇၀ ခန့်အထိ ဈေးချရောင်းသော်လည်း ကားအရောင်းအဝယ် နည်းပါးကြောင်း ဟံသာဝတီ ကားပွဲစားတန်းမှ သိရသည်။ မြန်မာ့ရွှေဈေးမှာ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက အမြင့်ဆုံး ငွေကျပ် ၇၅၉၅၀၀ ကျပ်အထိ ဈေးပေါက်ခဲ့သော်လည်း ယခုအခါ တစ်စတစ်စ ကျဆင်းလာသဖြင့် ငွေကျပ် ၇ သိန်းစွန်းရုံသာ ရှိတော့ကြောင်း၊ မေ ၁၂ ရက်က မြန်မာ့ရွှေဈေးက ငွေကျပ် ၇၀၀၅၀၀ ကျပ်သာ ရှိတော့ကြောင်း၊ ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေခြင်းကြောင့် ပြည်တွင်းရွှေဈေးမှာလည်း ယခုကဲ့သို့ ကျဆင်းနေခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က တစ်အောင်စ ဒေါ်လာ ၁၆၇၀ ဝန်းကျင်ရှိနေရာမှ ယခုအခါ ၁၅၉၀ ဒေါ်လာအထိ ကျဆင်းနေကြောင်း၊ ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းနေရာ အခေါက်ရွှေ တစ်ကျပ်သား ငွေကျပ် ၇၀၂၀၀၀ ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သား ငွေကျပ် ၆၆၃၀၀၀ ကျပ်အထိ ကျဆင်းနေကြောင်း၊ လောလောဆယ် ဈေးနှုန်းများအရ ရွှေဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်နေရာ ရွှေအရောင်းဈေးကွက် ရပ်သလောက် ဖြစ်သွားပြီး ရွှေအဝယ်ပြန်လိုက်နေကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်