Subscribe to our RSS Feed

နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့  ကိုရီးယား သမ္မတ နိုင်ငံသို့ ထွက်ခွာ


နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား သမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ တရား ရုံးဥက္ကဌ LEE, Kang Kook ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ် မြို့၌ ကျင်းပ မည့် အာရှဖွဲ့စည်းပုံ အခြေ ခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်း များအသင်း ညီလာခံသို့တက်ရောက်ရန် ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန် မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာ သွားရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင် နှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြ သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ ဦးသိန်းစိုးနှင့် အတူ အဖွဲ့ဝင်အဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် ဦးစိုးသိန်း လိုက်ပါသွားသည်။

Myanmar Express

1 comments:

ဘာပဲပြောပြော ကချင်ကိစ္စတော့ မေ့ထားမှရမယ်ဟေ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်