Subscribe to our RSS Feed

ငွေကြေးဆိုင်ရာ ကန့်သတ်မှုများ ဖယ်ရှားဖို့ အိုင်အမ်အက်ဖ်စီစဉ်

From :ခေတ်လူငယ်


မြန်မာအစိုးရက နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုနဲ့ ပေးချေမှုဆိုင်ရာ ကန့်သတ်ချက်အားလုံးကို ၂၀၁၃ ခုနှစ် မကုန်ခင် ဖယ်ရှားသွားဖို့ စီစဉ်နေတယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ဖော် ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မြန်မာအစိုးရက ငွေကြေးကို တပေါင်းတစည်းတည်း ပြုလုပ်ဖို့ ပြင်ဆင်နေတာကြောင့် ပြီးခဲ့တဲ့လက ငွေကြေးလွှဲပြောင်းမှု၊ ပေးချေမှုတွေနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကျယ်ပြန့်ပြီး ထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှုမျိုး လိုအပ်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားခဲ့ပါသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံဟာ ငွေကြေးလဲလှယ်နှုန်းကို တပေါင်းတစည်းတည်းဖြစ်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမှာဖြစ်ပြီး ငွေကြေးလဲလှယ်တဲ့အခါ ထားရှိခဲ့တဲ့ အကန့်အသတ်တွေကို ၂၀၁၃ နှစ်မကုန်ခင် တစ်ဆင့်ချင်း ဖယ်ထုတ်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ “စနစ်တွေအားလုံးကို မှန်မှန်ကန်ကန်နဲ့ ပြီးမြောက်ဖို့ဆိုတာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ အရင်တုန်းကလဲ မလိုက်နာခဲ့တာတွေ၊ မကျင့်သုံးခဲ့တာတွေ ရှိပါတယ်၊ ငွေကြေးကဏ္ဍကို အမှန်တကယ် ပြောင်းလဲစေချင်တယ်ဆိုရင် တကယ်အကျိုးရှိတဲ့ အကြံဥာဏ်တွေကို လိုက်နာရပါမယ်” လို့ စီးပွားရေးပညာရှင် ဦးမော်သန်းက ပြောပြခဲ့ကြောင်း သိရှိရသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်