Subscribe to our RSS Feed

ပုဂံဒေသတွင် ပြည်ပ ခရီးသွားများ အတွက် ခရီးစဉ် လုံခြုံမှု ဆိုင်ရာများ ဆောင်ရွက် သွားမည်

From : MRTV4


ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂံဒေသမှာ လာရောက် လည်ပတ်တဲ့ ခရီးသွားများ အတွက်
ခရီးစဉ် လုံခြုံမှု ဆိုင်ရာ များကို ပုဂံဒေသမှာ ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ပုဂံဒေသမှာ ခရီးသွားများ လုံခြုံရေး အတွက် ပြည်ပ ခရီးသွားများ စီးနင်းတဲ့ ဘတ်စ်ကားတွေမှာ ၀န်ကြီး ဌာနမှူသါသ များနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ Logo များ ကပ်ထားပြီး လုပ်ငန်းရှင်များနဲ့ ညှိနှိုင်းကာ ခရီးသွားများ အဆင်ပြေ စေရေး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ဆောင်ရွက်ပါက ပြည်ပ ခရီးသွားများ အတွက် ကားခ ပိုမို ကောက်ခံခြင်းများ မရှိတော့သလို ခရီးစဉ်များလည်း လုံခြုံမှုများ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ပုဂံဒေသမှာ ခရီးစဉ်များ လုံခြုံရေး အတွက် ကိုတော့ ယခုလ အတွင်း ဆောင်ရွက်သွား နိုင်ဖို့ စီစဉ်ထားပြီး ပြည်ပ ခရီးသွား များတဲ့ အခြား နေရာဒေသ တွေမှာလည်း ထပ်မံ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ၀န်ကြီး ဌာနဟာ ပြည်ပ ခရီးသွား များ လာရောက် အပန်းဖြေဖို့ အတွက် နေရာသစ် များကို ရှာဖွေ ဖော်ထုတ် လျက်ရှိပြီး ပြည်ထဲရေး ၀န်ကြီး ဌာနမှ နယ်မြေ သတ်မှတ်ချက်မှာ မပါဝင်တဲ့ ချင်းပြည်နယ်မှာ နေရာ ၄ နေရာ၊  စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၄ နေရာနဲ့ ကယား ပြည်နယ်မှာ နေရာ ၄ နေရာကို နေရာသစ် အဖြစ် ဖော်ထုတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်