Subscribe to our RSS Feed

နှလုံး ကျန်းမာရေးကို ကုသရန် ဟော်မုန်းတစ်မျိုး တွေ့ရှိ

From : MRTV4


ဂျပန် နိုင်ငံမှ သုတေသန ပညာရှင်များမှာ အဆီ ဆဲလ်များမှ ပြုလုပ်ထားသည့် ဟော်မုန်း တစ်မျိုးကို တွေ့ရှိခဲ့ပြီ ဖြစ်ကာ ယင်းမှတစ်ဆင့် နှလုံးရောဂါ
ဖြစ်သူများထဲမှ အချို့ကို ကုသနိုင်တော့မည် ဖြစ်သည်။ နာဂိုယာ ဆေးတက္ကသိုလ်မှ ပါမောက္ခ Noriyuki Ouchi ဦးဆောင်သည့် အဖွဲ့မှာ CTRP9 ဟော်မုန်း တစ်မျိုးကို လေ့လာရာမှ တစ်ဆင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

နှလုံးရောဂါ ခံစားနေရသည့် ကြွက်များရှိ Necrotic ခေါ် သေဆုံးသွားသော ဆဲလ်များကို အဆိုပါ ဟိုမုန်းနှင့်အတူ ထိုးသွင်း လိုက်ချိန်တွင်၂၄ နာရီ အတွင်း ၃၀ ရာနှုန်း ကျုံ့သွားခဲ့ကြောင်း တွေ့ရှိခဲရသည်။ အလားတူပင် အဝလွန်သည့် ကြွက်များ အတွင်းတွင် CTRP9 မှာ သာမန် ကြွက်များ၏ ထက်ဝက်သာ ရှိကြောင်းလည်း တွေ့ရှိခဲ့ရသည်။ ၎င်းတို့မှ ပြောရာ၌ CTRP9 မှာ နှလုံးတစ်ရှုး ကြွက်သားများ ပိတ်ဆို့မှု ဖြစ်စဉ်ကို ကောင်းမွန်စေရန် အတွက် လုပ်ဆောင်ပေးနိုင်သည့် ဒုတိယမြောက် ဟော်မုန်းတစ်မျိုး ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်