Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် အမတ်ဖြစ်လာသော်လည်း လယ်သမားတွေဘဝ ထူးခြားပြောင်းလဲမှု မရှိ

NLD ပါတီမှ အပြတ်အသတ် နိုင်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ် ဖြစ်လာခဲ့ပေမယ့် လယ်သမားတွေ ဘဝက ဘာမှ ထူးခြားပြောင်းလဲ လာတာ မရှိဘူးလို့ ရသေ့တောင်မြို့နယ် နီပူခံ ကျေးရွာက လယ်သမား တစ်ဦးက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်ပြီး လွှတ်တော်အမတ်ဖြစ်ရင် ချက်ချင်းပြောင်းလဲ မယ်လို့တော့ သူများတွေပြောနေကြတာပဲ... အလကားလျှောက်ပြောကြတာပါဗျာ.. အခု လွှတ်တော်အမတ်ဖြစ်ပြီလို့တော့ ကြားတာပဲ... ကျုပ်တို့တောင်သူတွေကတော့ ဒုံရင်းဒုံရင်းပါဗျာ... "

ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် နိုင်ငံရေး လုပ်ခဲ့တာ လ ပေါင်း ၂၀ ပြည့်တော့မှာ ဖြစ်ပြီး အခုချိန်ထိ သိသိသာသာရော၊ မသိမသာ ရော ပြောင်းလဲ တိုးတက်သွားတာ တစ်ခုမှ မရှိဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့မှ ဂျာနယ်လက်ပွေ့ရောင်းသူ တစ်ဦး ကလည်း ဘာမှ ထူးခြားမလာကြောင်း အခုလို ဆက်ပြောပါတယ်။

"လွှတ်တော်အမတ်ဖြစ်ပြီလို့တော့ ဓာတ်ပုံတွေထဲ တွေ့တာပဲ... ပြောင်းလဲပြီ ပြောင်းလဲပြီ... လို့လည်း သူတို့အချင်းချင်းပြောနေကြတာ ကြားတယ်... ဘာပြောင်းမှန်းတော့မသိဘူး.... ဒေါ်စု လွှတ်တော်အမတ် မဖြစ်ခင်ကလည်း ကျွန်တော်က ဒီအကျီင်္၊ ဒီဦးထုတ်နဲ့ ဂျာနယ်ရောင်းနေတာပဲ.. အခု လွှတ်တော်အမတ်ဖြစ်တယ်ဆိုတော့လည်း ဒီပုံစံအတိုင်းပဲ... ဘာမှ မပြောင်းလဲပါဘူး... မိန်းမကတော့ ကုန်ဈေးနှုံးတွေ နဲနဲပိုကြီးလာတယ်ပြောတယ်....."

လို့ ဆိုပါတယ်။

ကုပ်ချောင်းချောင်းဖြင့် လွှတ်တော်ရောက်လာသည့် ဒေါ်စု


ယခင် ဂျွန်ရက်တော ကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရစဉ် က လွတ်လာရင် အားလုံးပြောင်းပြီလို့ ပြောခဲ့ကြပေမယ့် လွတ်လာတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ဘာမှ ပြောင်းလဲ အောင်မလုပ်နိုင်ခဲ့ပါဘူး။ အခု လွှတ်တော်အမတ် ဖြစ်တော့လည်း ပြည်သူ့အကျိုးကို ခုချိန်ထိ ဘာမှ လုပ်ပေးနိုင်ခြင်း မရှိကြောင်း သိရပါတယ်။

Myanmar Express

1 comments:

Myanmar Ex ..facebook မှာ ပုံပြင်လေး တစ်ပုဒ် တင်ထားပါတယ် မူလစာမျက်နှာမှာ ထည့်ပေးစေလိုပါ တယ် (

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်