Subscribe to our RSS Feed

အမေရိကန် နှင့် တောင်ကိုရီးယားတို့ လေတပ် စစ်ရေး လေ့ကျင့်မှု စတင်

From : သာအောင်


အမေရိကန်နှင့် တောင်ကိုရီးယား လေတပ် စစ်သည်များမှာ ကိုရီးယား ကျွန်းဆွယ် အနောက်ဘက်တွင် အကြီးမားဆုံးသော လေတပ် ပူးပေါင်း
စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီ ဖြစ်သည်။ အဆိုပါ နှစ်စဉ် ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုကို Max Thunder ဟု အမည်ပေးထားပြီး တနင်္လာနေ့က စတင်ခဲ့ခြင်း ဖြစ်ကာ လာမည့် မေလ ၁၈ ရက် အထိ ပြုလုပ်မည် ဖြစ်သည်။

မြောက်ကိုရီးယားတို့၏ လေကြောင်း တိုက်ခိုက်မှုများနှင့် စစ်အခြေစိုက် စခန်များကို တိုက်ခိုက်ခြင်း တို့ကို ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ယခုလို မဟာမိတ် နိုင်ငံ နှစ်ခုမှာ တစ်နှစ်လျင် ၂ ကြိမ်ကျစီ လေ့ကျင့်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပြောရာတွင် ယခု လေ့ကျင့်မှု အတွင်း လေယာဉ် အစီး ၆၀ ကျော် ပါဝင်မည် ဖြစ်ကာ ဖိုက်တာ ဂျက်လေယာဉ်များနှင့် သတိပေးချက် စနစ် တပ်ဆင်ထားသည့် အပြင် ထိန်းချုပ်နိုင်သော စစ်ထောက်လှမ်းရေး လေယာဉ်များလည်း ပါဝင်ကြောင်း ပြောခဲ့သည်။ လွန်ခဲ့သည့် ဧပြီလက တောင်ကိုရီးယား အနေဖြင့် ခရုစ် ဒုံးကျည်များကို ပြသခဲ့ကာ ယင်းဒုံးကျည်များမှာ မြောက်ကိုရီးယားရှိ မည်သည့် နေရာကို မဆို ပစ်ခတ်နိုင်ကြောင်းလည်း ပြောခဲ့သည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်