From : သွေးသစ္စာ
ပထမဦးစွာ အနေနဲ့ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ များ ၏ အရည်အချင်းများကို လေ့လာကြည့်ရအောင်ပါ... ၂၀၀၈ အခြေခံဥပဒေရဲ့ ပြဌာန်းချက်ထဲက အပိုဒ် ၅၉။ထဲမှာ ဖော်ပြထားပါတယ်....
၅၉။ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါ အတိုင်း ဖြစ်သည်-
(က) နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ္စာရှိသူ ဖြစ်ရမည်၊
(ခ မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော
တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊
(ဂ ) ရွေးချယ်တင်မြှောက်ခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊
(ဃ) နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး စသည့် အမြင်များ
ရှိရမည်၊
(င ) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀
နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်၊
ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း
နိုင်ငံတော်တွင် အခြေချ နေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေးတွက်ရမည်၊
(စ ) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ်
ခင်ပွန်းသော်လည်း ကောင်း၊မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်
သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ ၏ ကျေးဇူး
သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ
သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံခြား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏
လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း
ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
ဆိုပြီးပါရှိပါတယ်... အဲဒီ အထဲမှာ ဒေါ်စုနဲ့ ဘယ်အချက် ငြိနိုင်ပါသလဲ... (က)၊(ခ)၊(ဂ) တို့ ညီညွှတ်တယ်ထားပါ...
(ဃ)မှာရော ကြည့်ရအောင်ပါ (ဃ)မှာ ပြောထားတာက ( နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး စသည့် အမြင်များ ရှိရမည်၊) လို့ ပြောထားတာပါ ဒါကို တခြားသူတွေက စစ်တပ်က လူတွေပဲ အုပ်ချုပ်ရအောင်လို့ ဒီလို သတ်မှတ်ထားတယ်လို့ တဖက်သတ် ပြောကြပါတယ်... ဒါက မဟုတ်ပါဘူး... ဘာလို့လဲ ဆိုရင် စစ်ရေး အမြင်ရှိရမယ် ဆိုတာနဲ့ စစ်တပ်ကလူပဲ အုပ်ချုပ်ရမယ်လို့ မဟုတ်ပါဘူး၊ အဲလိုကျတော့ ယူဆကြပြီး စီးပွားရေး အမြင်ရှိရမယ် ဆိုတဲ့ ဟာကျတော့ စီးပွားရေးသမားလဲ ဖြစ်ရမယ်လို့ မယူဆကြဘူး... လူတွေက မကောင်းပြောချင်ရင် ရှာကြံ၊ ကတ်သတ် ပြောတတ်တယ် ဆိုတာ ဒါမျိုးတွေကို ပြောတယ် ထင်တယ်... အခု ဒီမှာ ဆိုလိုတဲ့ ဆိုလိုရင်းကတော့ တိုင်းပြည် ခေါင်းဆောင် ဖြစ်မယ့်သူ တစ်ယောက်ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး စသည့် အမြင်များ ရှိသင့်ပါတယ်... အမြင်ပဲ ရှိရမှာပါ... စစ်မှုထမ်းဖူးတဲ့သူ၊ စီးပွားရေး သမား (စီးပွားရေးလုပ်ဖူးတဲ့သူ) သူများရယ်လို့ မဟုတ်ပါဘူး... နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး အမြင်ရှိသူ မည်သူမဆို ဒီအချက်လေးနဲ့ ညီညွှတ်ပါတယ်... ပြောရမယ်ဆိုရင် ဒေါ်စု အနေနဲ့ ခက်ခဲတဲ့ အတားအဆီမဟုတ်ပါဘူး သူ့မှာ အမြင်ရှိရင် ရပါတယ်....
(င) မှာလည်း ဒေါ်စုနဲ့ ညီညွှတ်ပါတယ်...
(စ) မှာတော့ မညီညွှတ်တော့ပါဘူး...
(မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံခြား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊)
ဒီအချက်မှာ ဒေါ်စု အဓိကနဲ့ အကြီးမားဆုံး ငြိမယ့် အချက်ပါပဲ... ဒေါ်စုမှာက နိုင်ငံခြားသား ယောက်ျားနဲ့ရထားတယ်.. သူနဲ့မွေးထားတဲ့ နိုင်ငံခြားသား ကလေးတွေ ရှိသေးတယ်... အဲဒီ ကလေးတွေကလည်း နိုင်ငံခြားသူနဲ့ အိမ်ထောင်ကျတဲ့ သူက ကျပြီးနေကြပြီ၊ ပြောရမယ်ဆိုရင် သူ့ရဲ့သား အကြီးဆုံးနဲ့ မိန်းမဟာ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ ဖြစ်နေကြပါပြီ...
အခြေခံဥပဒေ ပြင်မယ်ဆိုလို့ ဒီလို ဒေါ်စုနဲ့ ငြိတဲ့ အချက်လေးကို ပြင်လို့ ကောင်းမကောင်း၊ ဖြစ်မဖြစ် စဉ်းစားကြည့်ရရင်ဖြင့် မကောင်းဘူးလို့ပဲ ယူဆမိပါတယ်.. ဘာဖြစ်လို့လဲ ဆိုတော့ ဒီအချက်လေးဟာ... ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို တိုင်းတစ်ပါး (နိုင်ငံခြား) လွှမ်းမိုးမှု မရှိအောင် ကာကွယ်ထား သင့်တဲ့ အချက်လေးလို့ပဲ ယူဆမိပါတယ်... ဒီလိုမှ ကာကွယ် မထားခဲ့ရင် တိုင်းတစ်ပါး (နိုင်ငံခြား) တွေကနေ စပိုင်တွေလွှတ် အမျိုးမျိုး ကြိုးစားပြီး နိုင်ငံရဲ့ သမ္မတ၊ ဒုသမ္မတ နေရာကို ရယူနိုင်ပြီး ကြိုးကိုင် ချယ်လှယ် သွားနိုင်ပါတယ်... ဒါကြောင့် ဒီအချက်လေးနဲ့ ကာကွယ်ထားသင့်ပါတယ်...
ဒီလိုဆိုရင် ဒေါ်စုဟာ သမ္မတ၊ ဒုသမ္မတ ဖြစ်နိုင်လားလို့ မေးလားရင် မဖြစ်နိုင်ပါဘူး... မဖြစ်ထိုက်ပါဘူး လို့ပဲ ပြောပါရစေ... ဒေါ်စု သမ္မတမကြီး ဖြစ်ခဲ့ရင် ဒုသမ္မတမကြီး ဖြစ်ရင် ဆိုပြီး အိမ်မက် မက်နေသူများ အိမ်မက်ကနေ နိုးထပြီး တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးပါတယ် ဆိုရင် တိုင်းပြည်နဲ့ လူမျိုး အတွက် ရေရှည် ကာကွယ်ဖို့ စဉ်းစားကြပါလို့ တိုက်တွန်း ချင်ပါတယ်ခင်ဗျာ....
Myanmar Express

Alexander Aris ရဲ့မိသားစု

14 comments:
Correct! မဖြစ်နိုင်ပါဘူး... မဖြစ်ထိုက်ပါဘူး
အော် အဲဒါကြောင့်လဲအဲရစ်မကြီးကအခြေခံဥပဒေတွေ ပြင်ဆင်ချင်တယ် တကဲကဲဖြစ်နေတာကိုး။ သူသမ္မတ ဖြစ်ဖို့အဟန့်အတားတွေဖြစ်နေလို့
ဟုတ်ပါတယ် ဒေါ်စုကြီးလုံးဝ မဖြစ်ထိုက်ပါ
ဘာဘဲဖြစ်ဖြစ်အမေစု သမ္မတဖြစ် ကိုဖြစ်ရမယ်။ ဉပဒေကိုအကုန်ပြင်မယ်။အမေစုကိုဘာမှတ်နေလဲ။ background တောင့််တယ်ဆိုတာမသိသေးဘူးလား။။။။။။
အ မှ တ် စ ဉ် ( ဂ ) ကို က န့်  ကွ က် တ ယ် ဗျို့  ... အ သ က် ကန့် သ တ် တာ မ ဖြ စ် သ င့် ပါ....
ဒေါစုကိုတော့ လုံးဝ ကန့်ကွက်ပါတယ် ဗျို့ ...............
ကျန်တဲ့အချက်ကို မပြောလိုပေမယ့် အချက် (ဃ)အချက်ကို ကန့်ကွက်ထားတာကို ပြန်ကန့်ကွက်လိုပါတယ် ဗျာ.....
သမ္မတ ဖြစ်ဖို့ ဒီလို စီးပွားရေးလုပ်ဖူးဖို့၊ စစ်မှုထမ်းဖူးဖို့မလိုပါဘူး။... ဒီလိုဆို ပြန်ကြည့်ရအောင် ဦးသိန်းစိန်ကို ဦးသိန်းစိန် စစ်မှုထမ်းဘူးတယ် ဟုတ်ပြီ စီးပွားရေးအကြောင်း ဘယ်လောက်နားလည်သလဲ၊ နိုင်ငံရေးကော.. ဘာမှ သေသေချာချာ နားမလည်ပါဘူး။ ဒါဆို တစ်ချက်ထောက်စရာရှိတာက ဦးသိန်းစိန်ဟာ တစ်ချိန်က နိုင်ငံတော် အကြီးအကဲတာဝန်ယူခဲ့တာကြောင့် အတွေ့အကြုံရှိတယ်လို့ပေါ့.... ဒါဆို ပြောပါရစေ သူတို့တော်နေရင် ဒီလို မြန်မာတွေ ငတ်နေ ပြတ်နေ သူများထက် နောက်မကျပါဘူး သူများတွေရှိက အကြွေးတွေ တင်မနေပါဘူးလို့ပြန်ပြောချင်ပါတယ်။ ဒါဆို ခု ဦးသိန်းစိန် သမ္မတ ဘယ်လိုလုပ်နေလည်း ဒါက လွယ်ပါတယ် သူ့မှာ အကြံပေးမည့်သူတွေ တရားဝင်ခန့်ထားသူများရှိပါတယ်... ဒီလိုပါဘဲ ဒေါ်စုဟာလည်း ဘာမှ မတတ်ဘဲဖြစ်ချင်ဖြစ်နေပါမယ် သို့သော် NLD မှာ အကြံပေးမည့်သူတွေ အများကြီးပါ.... ဒီလိုပြောရင်း နှုတ်ခွန်းဆက်ပါတယ်ဗျာ..........
ကျေးဇူးတင်လျှက်
ဘာ background လဲ... မင်းအမေလင် အမေရိကန်လား... စောက်ရူး...
မရဘူး မရဘူး
တို့တွေက Alexander Aris ကိုတောင်
မြန်မာပြည်ကို လာအုပ်ချူပ်စေချင်သေးတာ
သူက နိုင်ငံခြားပညာတွေလည်း တတ်တယ်လေ
အဟင့်ဟင့်
တရားသေ သဘောတရားတွေ တစ်ဖက်သတ်အဆိုးမြင်ခြင်းတွေ မနာလိုမုဒိတာ မပွားနိုင်ခြင်းတွေ ခင်ဗျားတို့ ပရိုရော အင်န်တီတွေရော မစွန့်နိုင်သမျှကာလပတ်လုံး မြန်မာပြည်မတိုးတက်တာ ကျုပ်တော့ မအံ့သြဘူဗျို့
မင်းနှမလင်တွေ၊မင်းအမေလင်တွေရောရှိတယ်ကွစောက်ပေါရဲ့။အခုအမေစုကလွတ်တော်ထဲရောက်နေပြီ၊ပြင်စရာရှိတာအကုန်ပြင်မယ်ကွာဘာဖြစ်လဲ။နောက်ဆုံးလွှတ်တော်ထဲကထိုင်ခုံတွေပါပြင်ဉီးမှာ။ငါတို့အမေစုကိုဘာမှတ်နေလဲ၊၊၊၊၊၊၊၊သိပြီလားစေါက်ပေါရဲ့၊၊၊၊
Are you funny?
လုံးဝမဖြစ် သင့်ပါ။ဒေါ်စုဟာ နိုင်ငံအတွက် တကယ်တန်းတော့ ထိထိရောက်ရောက် ဘာတစ်ခုမှ မလုပ်ခဲ့သေးပါဘူး။ရခိုင်ကအဖြစ်ကိုပဲကြည့်လေ
သူ့မှာ တကယ်တန်း စာနာစိတ်၊ မျိုးချစ်စိတ်ရှိရင် ဥရောပကို သွားပြီးလက်ဖြန့်ယူစရာ အကြောင်းမရှိဘူး။သူ့ဘာသာ ကိုယ်ကျိုးအတွက်သွားတာကို နိုင်ငံတော်အတွက်လို့ ပြောတာကို စက်ဆုတ်ရွံရှာတယ်။
မသိလို့မေးပါရစေ...ဒီဥပဒေတွေက 88 မတိုင်ခင်က ထုတ်ထားတာလား ဒါမှမဟုတ်..စစ်အစိုးရနဲ့ NLD အတိုက်အခံဖြစ် နေစဉ်အတော်တွင်း ထုတ်ထားတာလား ကျွန်တော်တို့ အမြင်ပြောရရင် အမေစု နဲ့အတိုက်အခံဖြစ်လို့ စစ်အာဏာရှင် စနှစ်မှာထုတ်ပြန်ထားတာလို့ ပဲ ယူစရပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်