Subscribe to our RSS Feed

တိုက်ပွဲများဖြစ်နေသည့် ကိစ္စ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ဖြေရှင်းပေးနိုင်သည့် အရည်အချင်းမရှိ


တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ တာဝန်အား ဒေါ်အောင်ဆန်းစုကြည် ကို သူရဦးရွှေမန်းမှ ခန့်ထား ခိုင်းစေ ပြီး နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မှ တိုက်ခိုက်မှုတွေ ရှိလာကြောင်း သတင်းရရှိပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် အပြင် ရှမ်းပြည်နယ်တပ်မတော် နဲ့ ပါ တိုက်ပွဲတွေဖြစ်လျှက် ရှိပြီး ငြိမ်းချမ်းရေးနိုဘယ် ဆုရှင် လက်ရှိ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဤပြဿနာများကို ဖြေရှင်းနိုင်သည့် အရေအချင်း မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစု ဥက္ကဌ လုပ်နေတဲ့ မြောင်းမြ NLD နှင့် ကော့သောင်း NLD တို့မှ ပါတီတွင်း မှာ အချင်းချင်း မငြိမ်းမချမ်းဖြစ်ကာ ဆန္ဒပြမှုတွေ တောင် ရှိနေတာတောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို သံသယ ရှိလာကြပြီး အရှက်ရှိပါက လက်ရှိ ဥက္ကဌ တာဝန်ယူထားတော့ ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဌ တာဝန်ကိုလည်း နှုတ်ထွက်သင့်ကြောင်း လေ့လာသူများက သုံးသပ်ကြပါတယ်။

Myanmar Express

2 comments:

သူ့ပါတီကို အရင်ငြိမ်းချမ်း အောင်လုပ်ပါစေအုံး

အနောက်မျှော်မယ်တော်ကြီးက အဖေ့နံမည်နဲ့ လုပ်စားနေတာဆိုတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်မှာမှုတ်ဘူး။ စိုး၇ိမ်စရာတစ်ချက်ကတော့ သူရထားတဲ့တာဝန်ကိုအသုံးချပြီး နိုင်ငံတော်တစ်ခုလုံးရဲ့  စည်းလုံးညီညွှတ်မှုအရေးထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေထံမှ ထောက်ခံအရေးပေးမှုကိုရရှိအောင် အနောက်အလိုကျ သပ်လျှိုလုပ်ဆောင်ခွင့်ရသလ်ုဖြစ်ပြီး အခြေအနေတွေ ပိုဆိုးအောင် လုပ်သွားနိုင်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်