Subscribe to our RSS Feed

မိုဘိုင်း ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တင်ဒါခေါ်ယူ

From : Pyi Myanmar Journal



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သော မိုဘိုင်းဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လုပ်ငန်းသုံးအဖြစ် အသုံးပြုရန်အတွက် တင်ဒါ ခေါ်ယူနေကြောင်း သိရသည်။ ထိုသို့ လုပ်ငန်းသုံးအဖြစ် တင်ဒါခေါ်ယူရာတွင် GSM ဆင်းကတ်ပေါင်း ၅၄၃၄၀၀ နှင့် WCDMA ဆင်းကတ်ပေါင်း ၂၅၀၈၀၀၀ ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် တင်ဒါခေါ်ယူနေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။ တင်ဒါ နောက်ဆုံးရက်မှာ သြဂုတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီအထိ ဖြစ်သည်။ ထိုသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ဒါခေါ်ယူခြင်း မှာလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငါးနှစ် စီမံကိန်းဖြင့် မိုဘိုင်းဖုန်း သန်း ၃၀ ကို ချထားပေးနိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိရာတွင် ပထမမိုဘိုင်းဖုန်း လေးသန်းကို ချထားပေးလျက် ရှိသော်လည်း GSM နှင့် WCDMA ဆင်းကတ်များမှာ လုံလောက်မှု မရှိသောကြောင့် တင်ဒါခေါ်ယူရခြင်း ဖြစ်သောကြောင့် တင်ဒါခေါ်ယူရခြင်း ဖြစ်သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်