Subscribe to our RSS Feed

သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေမယ့် သစ်သား ကွန်ပျူတာ

From : The IT Times Journal


ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ဖောက်ပြန်လာမှု စတဲ့ ဆိုးကျိုးတွေ မဖြစ်ပွားရလေအောင် သဟဇာတ ဖြစ်စေနိုင်တဲ့ သစ်သားကွန်ပျူတာတွေကို အိုင်ယာလန် နိုင်ငံက သြဂုတ်လ ၈ ရက်မှာ စွန့်ဦးတီထွင်ပြလိုက်ပါပြီ။ သူ့အရင်က ထုတ်လုပ်ခဲ့တဲ့ ကွန်ပျူတာတွေနဲ့ မတူတဲ့ အချက်က ဒီကွန်ပျူတာတွေမှာ သစ်သားတွေကို အများဆုံးသုံးပြီး ထုတ်လုပ်ထားတာပါပဲ။ ဒီသစ်သားကွန်ပျူတာဟာ သာမန် ကွန်ပျူတာ တစ်လုံးထက်စာရင် ကာဗွန် သုံးစွဲရမှုကို ၁၀ ရာခိုင်နှုန်းဟာလည်း သုံးစွဲသွားပြီးတဲ့အခါ အဟောင်းကို ပုံစံပြောင်းပြီး အသစ်တစ်ဖန် ပြန်လည် အသုံးချနိုင်အောင် စီမံထားပါတယ်။ I Am Eco လို့ နာမည်ပေးထားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ဂျာမန်နဲ့ အိုင်ယာလန် ပညာရှင်တွေ ပူးပေါင်းပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ အိုင်တီပစ္စည်းတွေကိုသာ ရွေးချယ်ထုတ်လုပ်သွားနိုင်အောင် ကြိုးစားသွားမယ်လို့ သိပ္ပံပညာရှင် အလက်ဇန္ဒားက ရှင်းပြပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်