Subscribe to our RSS Feed

မနေ့က ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ဘန်ကီမွန်းအပါအဝင် ပြည်တွင်း ခေါင်းဆောင်း အများအပြား ကြိုဆို


မနေ့က ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွက် စစ်ဗိုလ်ချုပ်ကြီးဟောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ရဲ့ အတွေးခေါ်နဲ့ ထက်မြတ်မှုကို ဘန်ကီမွန်းအပါအဝင် ပြည်တွင်း ခေါင်းဆောင်း အများအပြား ကြိုဆို လိုက်ကြောင်း သတင်းရရှိပါတယ်။

ဒီကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ် သဟဇာတမျှတစွာ တည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအ၀ိုင်းရဲ့ အခြေအနေ အပါအ၀င် အကြမ်းဘက် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သောကြာနေ့က ကြေညာချက်မှာဖော်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ် ဆေးရေး ကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက် တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ခရစ်ယန်နဲ့ အစ္စလမ်ဘာသာက ခေါင်းဆောင်တွေပါသလို နိုင်ငံရေးလူမှုရေးစီးပွားရေး သတင်းစာနယ်ဇင်းနဲ့ အနုပညာ အသိုင်းအ၀ိုင်းက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်းပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လက စတင်ဖြစ်ခဲ့တဲ့ အသိုင်းအ၀ိုင်းနှစ်ဘက်ကြားပဋိပက္ခ အခြေအနေတွေတင်းမာနေဆဲဖြစ်တာကြောင့် အခုလို သမ္မတညွန်ကြားချက်နဲ့ ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းလိုက်တာကိုကြိုဆိုကြောင်း အဖွဲ့ဝင် မြန်မာမူဆလင်လူငယ်များအဖွဲ့ဥက္ကဌ ဟာဂျီဦးမြင့်ထွန်းကပြောပါတယ်။

အခုလို ပြည်တွင်းအလွာပေါင်းစုံက သမာသမတ်ရှိတဲ့သူတွေပါဝင်ဖွဲ့စည်းထားတဲ့ ကော်မရှင်အနေနဲ့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်ထက်ပိုပြီးအချက်အလက်တွေကို ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်မယ်လို့ အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်ကဆိုပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆောင်ရွက်ရမယ့်တာဝန်တွေထဲမှာ ရခိုင်ပြည်နယ်မှာ ကွဲပြားတဲ့ ဘာသာအယူဝါဒရှိသူ မတူညီတဲ့ လူမျိုးစုတွေအကြားငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်တဲ့နည်းလမ်းတွေကိုလည်း စုံစမ်းစစ်ဆေးရမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်ကိစ္စမှာ အဓိက အငြင်းပွားစရာဖြစ်နေတဲ့ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲခံနေရတဲ့ ၁၉၅၀ခုနှစ် တ၀ိုက် ဖဆပလအစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးနုလက်ထက်ကအခြေအနေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးနုသမီးဖြစ်သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ အတွင်းရေးမှုးချုပ် ဒေါ်သန်းသန်းနုကတော့ သမိုင်းအထောက်အထားနဲ့တကွအသေအချာစုံစမ်းဖို့လိုတယ်လို့ပြောပါတယ်။

တဖက်မှာလည်း စုံစမ်းစစ်ရေးကော်မရှင်အနေနဲ့ အချိန် တစ်လပဲရရှိတာကြောင့် နိုင်ငံတော်အစိုးရရဲ့ပံပိုးမှုလိုအပ်တယ်လို့ ဦးအေးသာအောင်ကပြောပါတယ်။ ဒေသခံရခိုင်ပြည်သူတွေကတော့ သမ္မတရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ အချိန်တလအတွင်း မှန်မှန်ကန်ကန် အချက်အလက်တွေကို မှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံ စုံစမ်းရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောဆိုနေကြပါတယ်။

ဦးသိန်းစိန်ဟာ သမ္မတသတ်တမ်း (၂) နှစ် မပြည့်ခင်မှာ မြန်မာ ခေါင်းဆောင်များသာ မက ကမ္ဘာ့ခေါင်းဆောင်များကပါ ကြိုဆိုမှုတွေ ဆက်တိုက် ခံနေရပြီး ဘယ်လ်ဂျီယံနိုင်ငံမှလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးဖို့ ကမ်းလှမ်းထားပါတယ်။ အခုလို ထူးချွန်ထက်မြတ်တဲ့ မြန်မာ့ဒီမိုကရေစီ ဖခင် ဦးသိန်းစိန်ဟာ စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်ပြီး စစ်တက္ကသိုလ် ကျောင်းဆင်း တစ်ဦးလည်း ဖြစ်ပါတယ်။

Myanmar Express

1 comments:

ငြိမ်းချမ်းစွာအတူနေဘို့  နည်းလမ်းကတော့ ဘင်ဂလီများမှ ရခိုင်တိုင်းရင်းသားများအား အကြမ်းဖက်မနှောင့်ယှက်နိုင်စေရန် Campဆောက် ထည့်ထားပြီး အစွန်းရောက်ခေါင်းဆောင်ပိုင်းနှင့် နောက်လိုက် များအား တတိယနိုင်ငံများသို့ အမြန်ပို့ ပေးသင့်ပါကြောင်း။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်