Subscribe to our RSS Feed

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက်မည်

From : .Hot News



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လက်တွဲတည်ဆောက် နိုင်မည့် ဟံသာဝတီအပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် မည်ဖြစ်ကြောင်းလေကြောင်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နွယ်နီဝင်းကျော်မှ ပြောသည်။


““အပြည်ပြည်ဆိုင်ရာ လေဆိပ် သစ်တစ်ခု တည်ဆောက်ဖို့ ၁၉၉၀ ခုနှစ် လောက်ကတည်းက ဆန္ဒ ရှိခဲ့တာပါ။ရန်ကုန်မြို့ကနေ မိုင် (၅၀)လောက်ကွာဝေးတဲ့နေရာမှာ နေရာကိုးခုလောက်ရွေးပြီး မြေပြင် ဒဏ်ခံနိုင်အား ဧရိယာကျယ်ဝန်း မှုစတာတွေကို ရွေးချယ်ပြီး ဟံသာ ၀တီအပြည်ပြည်ဆိုင်ရာလေဆိပ် နေရာကိုရွေးလိုက်တာပါ၊ဒီလေဆိပ် စီမံကိန်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ မှာ အပြီးတည်ဆောက်မယ်လို့ မှန်းထားတယ်””ဟု လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်း ကျော်မှHot Newsသို့ပြောသည်။


ယင်းကဲ့သို့ဆောက်လုပ်ရာ တွင် ဗိသုကာကဏ္ဍ၊လျှပ်စစ်စက် မှုကဏ္ဍ၊လေကြောင်းဆက်သွယ် ရေးကဏ္ဍ၊စက်ကိရိယာပိုင်းကဏ္ဍ စသည့် ကဏ္ဍများစွာပါဝင်သည့် အတွက်ကြောင့် ပြည်တွင်းပြည်ပ မှ ရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူကာ ဆောင်ရွက်မည်ဖြစ်သည်။


လက်ရှိတွင် လေဆိပ်စီမံကိန်း အတွက် ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံမှုအပေါ် ပြည်ပနိုင်ငံများ မှလည်း စိတ်ဝင်စားမှုများစွာရှိ သည့်အတွက် ဌာနသို့ လာရောက် လျှောက်ထားမှုများရှိကြောင်းသိရသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်