Subscribe to our RSS Feed

လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရုရှားအားကစားသမားများအား ဇိမ်ခံကားများချီးမြှင့်


From : မြဝတီ

လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရုရှားနိုင်ငံမှ အားကစားသမားများအား သြဂုတ် ၁၅ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပြီးနောက် Audi ဇိမ်ခံကားများကို လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ ချီးကျူးဂုဏ်ပြုသည့်အခမ်းအနားကို မော်စကိုမြို့ရှိ ကရင်မလင်နန်းတော် တွင်ကျင်းပခဲ့ပြီးနောက် ဇိမ်ခံကားချီးမြှင့်ပွဲ အခမ်းအနားကို ရင်ပြင်နီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တစ်ဦးချင်း သို့မဟုတ် အသင်းလိုက် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရုရှားနိုင်ငံမှ အားကစားသမား ၁၂၉ ဦး အနက် တစ်ဦးချင်းစီကို ၎င်းတို့ရရှိခဲ့သည့် ဆုတံဆိပ် အသီးသီးအလိုက် ကားမော်ဒယ်လ် တစ်မျိုးစီကို ပူတင်က ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo: လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရုရှားအားကစားသမားများအား ဇိမ်ခံကားများချီးမြှင့်  မော်စကို   သြဂုတ်   ၁၆  လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရုရှားနိုင်ငံမှ အားကစားသမားများအား  သြဂုတ် ၁၅ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပြီးနောက် Audi ဇိမ်ခံကားများကို လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ ချီးကျူးဂုဏ်ပြုသည့်အခမ်းအနားကို မော်စကိုမြို့ရှိ ကရင်မလင်နန်းတော် တွင်ကျင်းပခဲ့ပြီးနောက် ဇိမ်ခံကားချီးမြှင့်ပွဲ အခမ်းအနားကို ရင်ပြင်နီတွင် ကျင်းပခဲ့ကြောင်း သိရသည်။ တစ်ဦးချင်း သို့မဟုတ် အသင်းလိုက် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရုရှားနိုင်ငံမှ အားကစားသမား ၁၂၉ ဦး အနက် တစ်ဦးချင်းစီကို ၎င်းတို့ရရှိခဲ့သည့် ဆုတံဆိပ် အသီးသီးအလိုက် ကားမော်ဒယ်လ် တစ်မျိုးစီကို ပူတင်က ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Express

2 comments:

Putin is a corrupt dictator. Too bad, what do you expect from Russian mob?

that's it a car? if any Myanmar athletes win and medal our president will give a car, a house and 1000 thein kyats.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်