Subscribe to our RSS Feed

ပြည်တွင်းတွင် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် တစ်နှစ်ကျော်ကြာ လေ့လာမှု ပြုလုပ်ပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်မည်


From : .MRTV4

ပြည်တွင်းမှာ လေစွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖို့ အတွက်ကို ပြည်ပ နိုင်ငံများမှ လာရောက် လေ့လာမှုတွေ ပြုလုပ်လျက် ရှိပြီး

ဒီလိုလေ့လာမှုကို တစ်နှစ်ကျော်ကြာ အချိန်ယူ လေ့လာ သွားမှာ ဖြစ်တယ်လို့ နေပြည်တော် အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြား ချက်အရ သိရပါတယ်။ ဒီလို တစ်နှစ်ကျော်ကြာ အချိန်ယူ လေ့လာ ရခြင်းဟာ လေတိုက်နှုန်းမှာ ပုံမှန် တိုက်ခတ်မှု မရှိဘဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တာကြောင့် အသေအချာ အချိန်ယူ လေ့လာဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် ကုန်ကျစရိတ် မှာလည်း ကြီးမားတဲ့ အတွက် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု အခြေအနေ ရှိမရှိကို တစ်နှစ်ပတ်လုံး လေ့လာ သွားရမှာ ဖြစ်ပါတယ်။ အခုလက်ရှိ လေစွမ်းအင်မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖို့ အတွက် ဖြစ်မြောက် နိုင်စွမ်း လေ့လာမှုကို တရုတ်နိုင်ငံရှိ China Three Gorges Corporation နဲ့ ထိုင်းနိုင်ငံမှ ကုမ္ပဏီ တစ်ခုက လာရောက် လေ့လာလျက် ရှိတာ ဖြစ်ပါတယ်။ ဒီလို လေ့လာရာမှာ တရုတ် ကုမ္ပဏီမှ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့မှာ လေ့လာ နေတာ ဖြစ်ပြီး ထိုင်းကုမ္ပဏီ ကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး အစရှိတဲ့ ဒေသတွေမှာ လေ့လာမှုများ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။


Myanmar Express

1 comments:

http://www.youtube.com/watch?v=hQ8fA0e5iSA

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်