Subscribe to our RSS Feed

4G အင်တာနက် အသုံးပြုမှုကို နိုင်ငံတကာ ဆက်သွယ်ရေး အဖွဲ့၏ ခွင့်ပြုချက် ရရှိရန် ဆောင်ရွက်လျက်ရှိ


From : MRTV4

လာမယ့် ၂၀၁၃ ခုနှစ်မှာ ပြုလုပ်မယ့် ဆီးဂိမ်းကို အချိန်မီအောင် 4G အင်တာနက် စနစ်ရရှိ နိုင်အောင် ပြုလုပ်လျက် ရှိပြီး ဒီလို ပြုလုပ်ရာမှာ 4G စနစ်ဟာ
Data တွေ အသုံးပြုမှု လွယ်ကူပေမယ့် အသံ သုံးစွဲမှု မှာတော့ ITU International Telecommunication union ရဲ့ အသိအမှတ်ပြုမှု မရရှိသေး တာကြောင့် ခွင့်ပြုမှု ရရှိဖို့ အတွက် ဆောင်ရွက်လျက် ရှိတယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာမှာ စမ်းသပ် အသုံးပြုနေပြီ ဖြစ်တဲ့ 4G စနစ်ကို ITU အနေနဲ့ အသိအမှတ် မပြုသေးမီမှာ ပြည်တွင်းမှာ အသုံးပြုဖို့ အတွက် ခက်ခဲမှု ရှိနေသေးတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပြည်တွင်း သုံးစွဲနေတဲ့ အင်တာနက် အသုံးပြုမှု မြန်နှုန်းတွေ ပိုမို တိုးတက်လာ စေဖို့ အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်လျက် ရှိနေပါတယ်။ ပြည်တွင်းရဲ့ ဆက်သွယ်ရေး စနစ်မှာ လက်ရှိ ကာလ အတွင်း မိုဘိုင်းဖုန်း အများစုမှာ အင်တာနက် ချိတ်ဆက်ပြီး ဆက်သွယ် အသုံးပြု နိုင်အောင် ပြုလုပ်ထား တာကြောင့် အင်တာနက် အသုံးပြုမှုဟာ ယခင်ကထက် ပိုမိုများပြား လာပါတယ်။
လက်ရှိ မိုလ်ဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုရာမှာ ဂျီအက်စ် အမ်အမျိုးအစား အတွက် တစ်မိနစ်ကို နှစ်ကျပ်နှုန်းနဲ့ စီဒီအမ်အေ ဖုန်းအမျိုးအစားများ ဖြစ်ပါက တစ်မိနစ်ကို လေးကျပ်နှုန်းနဲ့ ကောက်ခံလျက် ရှိနေပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ အင်တာနက် အသုံးပြုမှုခ နှုန်းထားတွေကို လျှော့ချ နိုင်ဖို့စီစဉ် လျက်ရှိပြီး ၂၀၁၅ ခုနှစ်မှာ အင်တာနက် ကနဦး တပ်ဆင်ခကို အခမဲ့ တပ်ဆင်ပေး နိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်မှုတွေ ပြုလုပ်လျက် ရှိတယ်လို့ အင်တာနက် ၀န်ဆောင်မှု ပေးနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်