ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပြည်တွင်းရှိ မိသားစုတွေ စိတ်ချလက်ချ ငွေပေးငွေယူ ငွေလွှဲပို့ပေးနိုင်ဖို့အတွက် အမေရိကန်အခြေစိုက် ကမ္ဘာကျော် Western Union ကုမ္ပဏီက လာရောက် လုပ်ငန်းဖော်ဆောင်တော့မယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဖက်စပ်လုပ်ငန်း အကောင်အထည်ဖော်နိုင်ဖို့ မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar
ဒါနဲ့ပတ်သက်ပြီး ဖက်စပ်လုပ်ငန်း အကောင်အထည်ဖော်နိုင်ဖို့ မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar
Oriental Bank နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပြီလို့ ကုမ္ပဏီအရာရှိတွေက မနေ့က ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စု ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာစတဲ့ မြို့ကြီး ၁၉ မြို့မှာ လုပ်ငန်းစတင်မယ်လို့ ဆိုပါတယ်။
နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားတဲ့ အဲဒီ Western Union ကုမ္ပဏီကြီးရဲ့ Asia Pacific ဒေသဆိုင်ရာဌာနခွဲ ဒုတိယ ဥက္ကဋ္ဌ Drina Yue က နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ မြန်မာလူမျိုး သိန်းပေါင်းများစွာနဲ့  သူတို့ မိသားစုတွေအတွက် ထိရောက်မြန်ဆန်ပြီး စိတ်ချရတဲ့ ငွေလွှဲလုပ်ငန်း ဖော်ဆောင်ပေးဖို့ ရည်မှန်းကြောင်း ပြောသွားပါတယ်။
Myanmar Expressပြည်ထောင်စု ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာစတဲ့ မြို့ကြီး ၁၉ မြို့မှာ လုပ်ငန်းစတင်မယ်လို့ ဆိုပါတယ်။
နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားတဲ့ အဲဒီ Western Union ကုမ္ပဏီကြီးရဲ့ Asia Pacific ဒေသဆိုင်ရာဌာနခွဲ ဒုတိယ ဥက္ကဋ္ဌ Drina Yue က နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ မြန်မာလူမျိုး သိန်းပေါင်းများစွာနဲ့  သူတို့ မိသားစုတွေအတွက် ထိရောက်မြန်ဆန်ပြီး စိတ်ချရတဲ့ ငွေလွှဲလုပ်ငန်း ဖော်ဆောင်ပေးဖို့ ရည်မှန်းကြောင်း ပြောသွားပါတယ်။

1 comments:
western union ဆိုတာ ကမ္ဘာတဝှမ်းမှာ ရှိပါတယ် ။ သို.သော် သိပ်တော့ စိတ်မချရဘူးလို. ကြားရပါတယ် ။ တဆင့်ပြန်ယူတဲ့ ကိုယ်စားလှယ်တွေပေါ်မူတည်ပြီး ပို.ခတွေ တနိုင်ငံနဲ.တနိုင်ငံမတူညီပါ ။ UK မှ တချို.ကိုယ်စားလှယ်များဆီင်္မှာ ပို.ခ နှုန်းတွေရှိပါတယ် ။ သို.သော် တခြားနိုင်ငံတွေမှာ ကျသင့်တဲ့ မူရင်းနှုန်းထက် ထပ်ဆင့်ပိုယူတာတွေ လည်း ရှိပါတယ် ။ သိပ်တော့ မယုံစေချင်ပါဘူး ။ ကိုယ်စားလှယ်ကြောင့်ပဲလား ၊ တနိုင်ငံနဲ.တနိုင်ငံ ဆက်သွယ်တဲ့နေရာမှာ မှားယွင်းမှု.ကြောင့်လားတော့မသိ ။ အခက်အခဲတွေ ရှိပါတယ် ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်