Subscribe to our RSS Feed

စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန် ဒိန်းမတ်မှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက် လေ့လာ

From : .mrtv4

ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက်၊ ဒိန်းမတ် သံရုံးမှ သံအမတ်ကြီး၊ စီးပွားရေး ဆိုင်ရာ သံမှူးကြီးနဲ့ စီးပွားရေး ဆိုင်ရာ သံအရာရှိများ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦး ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံမှ စီပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံ ဆွေးနွေးမှုကို ဘြဂုတ်လ ၃၀ ရက်နေ့က မင်းရဲကျော်စွာ လမ်းရှိ UMFCCI မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံမှု မှာတော့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ ဒိန်းမတ် နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များဟာ စီးပွားရေး လုပ်ငန်းများမှာ ပူးပေါင်း ရင်းနှီးမြှုပ်နှံဖို့ အတွက် အပြန်အလှန် တွေ့ဆုံဆွေးနွေး ကြတာ ဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံမှု မှာတော့ ဒိန်းမတ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင် များဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာမှု အရ စီးပွားဆိုင်ရာ အခွင့်အလမ်းများ၊ စိန်ခေါ်မှု များကို ပိုမိုသိရှိလာဖို့ အတွက် စီးပွားရေး ကဏ္ဍများမှာ လာရောက် လေ့လာကာ လုပ်ငန်းရှင်များနဲ့ တွေ့ဆုံ ဆွေးနွေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒိန်းမတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပိုမိုရင်နှီးမြှပ် နိုင်ဖို့ အတွက် ကိုလည်း နှစ်နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ်ပြီး ဒိန်းမတ်နိုင်ငံ အနေနဲ့လည်း ၎င်းတို့နိုင်ငံမှ စီပွားရေး လုပ်ငန်းရှင် တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ အားပေးကူညီ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်