Subscribe to our RSS Feed

ပြည်ပရောက် နိုင်ငံရေးသမား၏ သရုပ်မှန်ကို သိစေရန်


From : simple views ( http://simpleviewsonmyland.blogspot.com/ )

မြန်မာပြည် အရေးဟာ အခုချိန်မှာ ရှုပ်ထွေးနက်နဲလာနေပါတယ် ။ ပြည်ပမှာ နေထိုင်ဆဲမို. ပြည်တွင်းက လူတွေ မသိတဲ့ ပြည်ပရောက် နိုင်ငံရေးလုပ်စားများအကြောင်းသိထားတာမို. ကျမ ပြည်တွင်းမှာ နေထိုင်ခဲ့စဉ်က
ပြည်ပက နိုင်ငံရေးလှုပ်ရှားသူများအပေါ်မြင်တဲ့အမြင်ဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ် ။ အဲ့လိုပဲ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံ့အရေးကို စိတ်ဝင်စားတဲ့ မျိုးချစ် ညီအစ်ကို မောင်နှမများကို တကယ့် ပြည်ပမှာ
ဖြစ်နေတာလေးတွေကို ပြောပြချင် လို. ချရေးဖြစ်လိုက်ပါတယ် ။

ကျမ ပြောပြခဲ့ဖူးသလို နိုင်ငံရေးဆိုတာ ဘာလဲ ကျမ မသိပါဘူး ။ သို.သော် နိုင်ငံ့အရေး လို.
အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်တော့ ကျမသည် နိုင်ငံရေးကို စိတ်ဝင်စားပါသည် ။ ထိုနည်းတူ နိုင်ငံ့အရေး ဆောင်ရွက်မှု.များ ၊ ဆောင်ရွက်သူများကို စိတ်ဝင်စားရာကနေ နိုင်ငံရေးလုပ်စားများ အကြောင်းကို
သိလာခဲ့ရပါတယ် ။ ပြည်ပမှာ မြန်မာနိုင်ငံရေးလှုပ်ရှားသူများကို ကောင်းကောင်း ထောက်ပံ့ပါတယ် ။
သတင်း မီဒီယာ များကိုဆို ပိုထောက်ပံ့ပါတယ် ။ အထူးသဖြင့် နော်ဝေ က DVB သတင်းသမားများ အလွန်အထောက်အပံ့ကောင်းများ ရရှိပါတယ် ။ BBC ,VOA,RFA သတင်းဌာနတွေမှာ မြန်မာ အချင်းချင်းကြား နေရာလိုချင်မှု.တွေ ရှိပါတယ် ။ ပြောချင်တာက ပြည်ပ သတင်းမီဒီယာတွေကို ချင့်ယုံကြဖို.ပါ ။သူတို.က တိုင်းပြည်အတွက် လုပ်နေတာမဟုတ်ပါ ။ ကိုယ်ကျိုးအတွက်လုပ်နေတာတွေပါ ။

သူတို.သည် ဒေါ်အောင်ဆန်းစုကြည် နဲ. အစိုးရ မပြေလည်လေ သူတို.ပျော်လေပါပဲ ။
နိုင်ငံရေးလှုပ်ရှားသူများကလည်း ( ခေါင်းဆောင်ပိုင်း) တိုင်းပြည်ပျက်လေ သူတို.ခွက်ပြည့်လေပါပဲ ။ ဒီနေရာမှာ
ပြောပြချင်တာက နိုင်ငံခြား တိုင်းပြည်များသည် ရေရှည် နေထိုင်ဖို. မသင့်တော်ပါဘူး ။ ပညာ၊ စီးပွား ရှာပြီး
ကိုယ့်ရေမြေမှာ အခြေချခြင်းသည်သာ အကောင်းဆုံး ၊ မြန်မာ့မြေသာအကောင်းဆုံးဆိုတာ ပြည်ပရောက်နေတဲ့
မြန်မာတိုင်း ခံစားမိကြမှာပါ ။ မတတ်သာလို. သူများမြေမှာ ပညာရှာ ၊စီးပွားရှာနေကြပေမယ့် အိမ်ကို လွမ်းဆွတ်တဲ့စိတ်၊ အစားအသောက်တမ်းတတဲ့စိတ် တွေကတော့ မြန်မာတိုင်းရဲ့ တူညီတဲ့ ခံစားမှု.တွေပါ ။ အဲ..... အဲ့ဒီထဲကမှ မတူညီတဲ့ စုန်းပြူးတွေက ရှိစမြဲပါ ။ နိုင်ငံ့အရေးကို ခုတုန်းလုပ် ၊ အထောက်အပံ့အပေးအကမ်း နဲ. ကောင်းစားပြီး တိုင်းပြည်ပြန် သူဌေး လုပ်ချင်ကြတဲ့ နိုင်ငံရေးကုန်သည် စုန်းပြူးများပါပဲ ။ ဗီဒီယိုနဲ.ခွင်ရှာ ၊ သတင်းရောင်းပြီး စီးပွားရှာ ၊ သမိုင်းကိုလိမ်လို. ပထွေးကို နေရာပေး ၊ သူခိုး ဓါးရိုးကမ်းသူ နိုင်ငံရေး သူတောင်းစားတွေလို. ပြောရင်တောင် မမှားပါဘူး ။

ခုဆို အဲ့ဒီစုန်းပြူးတော်တော်များများ ပြည်တွင်း ပြန်ရောက်နေကြပါပြီ ။ ဦးဟန်ညောင်ဝေ ၊ ပြည်ပြေးစိန်ဝင်းလို. လူသိများတဲ့ ဒေါက်တာစိန်ဝင်း က စလို. ဒေါက်တာနိုင်အောင် ၊ မိုးသီးဇွန်တို. ပြည်တော်ပြန်ကြပါပြီ ။ ချီးထုပ်ကြီးများပေါ့ရှင် ။ သမ္မတကြီး ကို တစ်ခုပြောချင်တာက ပြည်ပရောက် ပညာတတ်များကို ပြည်တွင်းပြန်လာဖို. ခေါ်တာမျိုးကို လက်သင့်ခံနိုင်ပေမယ့် နိုင်ငံရောင်းစားခဲ့တဲ့ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များကိုတော့ လက်မခံသင့်ပါဘူး ။ သူတို.ရှုပ်ခဲ့တဲ့ အရှုပ်ထုပ်များကို ရှင်းခိုင်းပါ ။ ထိုက်သင့်သော အပြစ်ဒဏ်ကျခံပါစေ ။ ပြည်ပမှာ နေလို.ဝ မှ တိုင်းပြည်ပြန်သူဌေးလုပ် ပြီး ခေါင်းချမယ်ဆိုတာကတော့ လူပါးဝလွန်းလှပါပြီ ။

သူတို.ပြောကြပါလိမ့်မယ် ။ ငါတို.က တိုင်းပြည်အတွက် တိုက်ခဲ့တာ ၊ ကမ္ဘာသိအောင် လုပ်ခဲ့တာလို. ။ မှန်ပါတယ် ။ တိုင်းပြည်အတွက် လက်နက်ကိုင်ခဲ့ပါလိမ့်မယ် ။ ကျမတို. ပြည်သူတွေက လက်နက်ကိုင် လမ်းစဉ်ကို အားမပေးခဲ့ပါ ။ လက်နက်ကိုင်ပြီး လူတစ်စုကို နိုင်နင်းအောင် အုပ်ချုပ်နိုင်စွမ်းမရှိခဲ့လို. ၊ အာဏာရူးခဲ့ကြလို. အုပ်စုကွဲမှု.တွေ ၊ အစုလိုက် အပြုံလိုက်သတ်မှု.တွေ ဖြစ်ခဲ့ပါတယ် ။ ကမ္ဘာသိအောင်လုပ်တယ်ဆိုတာ နိုင်ငံ့အရေးထက် အိတ်ဖောင်းဖို.က ပိုပါလိမ့်မယ် ။ မြန်မာပြည်ရဲ့ သမိုင်းကိုရိုင်းစေတဲ့ ရိုဟင်ဂျာ အမည်ခံတွေကို နေရာပေးခဲ့တဲ့ အဖိုးကြီးများ ကို တွေ.ချင်ပါသေးတယ် ။

ဒီလူတွေ တိုင်းပြည်ထဲ ပြန်ရောက်တာ တိုင်းပြည်အတွက် အရမ်းအန္တရာယ် ရှိပါတယ်။ တိုင်းပြည်အတွက် ဆိုးကျိုးများကိုသာ ဖြစ်စေမှာဖြစ်ပါတယ် ။ ဒါကြောင့် ကျမ ပြည်သူတစ်ယောက်အနေနဲ. ကန်.ကွက်ပါတယ် ။

×××××××××××××

ကြုံတုန်း နောက်ထပ်ပြောချင်တာလေး တစ်ခုကတော့ လွတ်လပ်တိုင်းကောင်းတာ မဟုတ်ဘူးဆိုတာပါပဲ ။ လွတ်လပ်သင့်သောနေရာမှာသာ လွတ်လပ်စေလိုပါတယ် ။ ခုဆို တလွဲဆံပင်ကောင်း မီဒီယာ လွတ်လပ်ပြီဆိုပြီး စာစောင်တွေထဲ ကြက်သာသာ ပုံတွေပါလို.ပါ ။ သီချင်း သရုပ်ဆောင်တာတောင် မောင်နှမချင်း ၊ သားအမိချင်း ကြည့်လို.မသင့်အောင် ဖြစ်ပျက်နေကြပြီ ။ မြန်မာ့ယဉ်ကျေးမှု.ဟာ အရမ်းချစ်ဖို.ကောင်းပါတယ် ။ ရင်ဖုံးလက်ရှည် ဝတ်ဖို.ပြောနေတာမဟုတ်ပါ ။ အရှက်တရားလေး ရှိဖို.ပြောနေတာပါ ။ ထိုင်းနိုင်ငံ တိုးတက်ပါတယ် ။ ဒါပေမယ့် သူ.နိုင်ငံ ဖာနိုင်ငံဖြစ်သွားတယ် ။ တကမ္ဘာလုံးက အဲ့လိုပဲ သိကြတယ် ။ ကျမ အနေနဲ.တော့ ကျမ နိုင်ငံကို အဲ့လို နိုင်ငံ အဖြစ်မခံနိုင်ဘူး ။ နိုင်ငံ့အကြီးအကဲ များအနေနဲ.လည်း ခွင့်မပြုသင့်ဘူး ။

အနောက်နိုင်ငံတွေ တိုးတက်တာကို အတုယူပါ ။ သို.သော် ယဉ်ကျေးမှု.ကို မယူပါနဲ. ။ အရှင်းဆုံးပြောလိုက်မယ် ၊ ဒီက မိန်းမတွေသည် မူးလာရင် တွေ.တဲ့သူနဲ.အိပ်ပါတယ် ။ အလှအပ အပေါ်ယံဦးစားပေးပါတယ် ။ ပိုက်ဆံမရှိ အကြွေးကဒ်နဲ.သုံးပါတယ် ။ ယောင်္ကျားတယောက်ပြီးတယောက် အိပ်ဖို.လဲ ဝန်မလေးပါ ။ ကန်တော့ပါရဲ့ ဝါသနာအရ ဖာများပါပဲ ။ ဘာသာတရားမရှိ ၊ ဂါရဝတရား မရှိပါ ။ ဒါတွေကို အတုမယူကြပါနဲ.။ သူတို.စည်းကမ်းရှိပုံ ၊ အလုပ်ကြိုးစားပုံ များကိုသာ အတုယူပါ ။

အပြင်က ကြည့်ရင် အားကျစရာ ကောင်းပေမယ့် တကယ်တမ်းနေရတဲ့အခါ အလွန်စိတ်ပျက်စရာပါ ။ အကြွေးကဒ်မရှိရင် အသက်မရှင် နိုင်တော့သလို ရထားလမ်းပေါ် ခုန်ချသေသူတွေကလည်း နေ.စဉ် ရှိမြဲပါ ။ အလုပ်လက်မဲ့တွေ ၊ တောင်းစားသူတွေ ၊ အမူးအရှုး တွေ ၊ ဆေးစွဲသူတွေလည်း များပါတယ် ။ လုံခြုံမှု.ရှိတယ်ဆိုပေမယ့် ရဲမဖမ်းနိုင်သေးတဲ့ လုယက်မှု.တွေ ၊ အနုကြမ်းစီးမှု.တွေ ရှိတာပါပဲ ။ ဖုန်းလုရုံလောက်နဲ.တော့ ရဲက အလုပ်ရှုပ်မခံပါ ။ ဒါတွေဟာ ကိုယ်နေတဲ့ နေရာ နဲ.ဆိုင်ပေမယ့် ဗဟုသုတ အဖြစ်ပြောပြတာပါ ။ အမည်းတွေ နေတဲ့နေရာဆို ဝေးဝေးရှောင်နိုင်လေ ကောင်းလေပါပဲ ။ အာရှတိုက်သားတွေက တော်ရုံတန်ရုံဆို ရေငုံနှုတ်ပိတ်နေတတ်ကြတာမို. အာရှတိုက်သားတွေကို အနိုင်ကျင့်တတ်ကြပါတယ် ။ အစိုးရက အလိုလိုက်ခဲ့လို. benefits လို.ခေါ်တဲ့ ထောက်ပံ့ကြေးမှီစားနေတဲ့ လူပျင်းတွေဖြစ်လာကြလို. ခုဆို အစိုးရ အခက်တွေ.နေရပါတယ် ။ benefits ကြောင့် လင်ကောင်မပေါ်ပဲ မွေးတဲ့ single mother တွေ ကလေးမှီစားနေကြတာပါ ။ ဒါကြောင့်ခုဆို benefits ဖြတ်တောက်ခြင်း၊ အလုပ်အတင်းရှာစေခြင်း ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများကို အရင်ကလို အိမ်ခွဲ မနေစေပဲ မိဘ နဲ.ပြန်နေကြဖို.စီမံခြင်းများ ပြောင်းလဲပြုလုပ်နေကြပါပြီ။

ပြောချ
Linkင်တာက တနိုင်ငံနဲ.တနိုင်ငံ စီးပွားရေးခြင်း ၊ ယဉ်ကျေးမှု.ခြင်း မတူညီကြပါ ။ copy cat ဒီမိုကရေစီ မဟုတ်ပဲ ကိုယ့်နိုင်ငံ ၊ ကိုယ်ယဉ်ကျေးမှု. နှင့် ကိုက်ညီသော ဒီမိုကရေစီသာဖြစ်သင့်ပါသည်လို. ပြောချင်ပါသည် ။

.
Myanmar Express

4 comments:

US ka pyan lar tae chee htote tway ko ahtin kyi yin tot tine pyi pyat mar thay char tel.moe thee zun,naing aung,sein win, akone lone US goverment si ka tong sar ny tae tha dong sar tway ashet ma shi myat nar byong tite p lay than kg hit nay tel chee htote tway.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်