Subscribe to our RSS Feed

ဒီငြိမ်းလင်းနှင့် စည်သူမောင်တို့၏ ထင်ပေါ်ချင်သော လုပ်ရပ်ကို ရှုံချကြောင်း ရေးသားထား


From : နိုင်ကိုဇော်

88 ရဲ့ စေတနာ ဝဿန် ဂီတ ဖျော်ဖြေပွဲတွင် စင်ပေါ်မှ ဆင်းလာချိန်တွင် ကိုမင်းကိုနိုင်၏ နောက်မှ ဒီငြိမ်းလင်းနှင့် စည်သူမောင်တို့၏ ထင်ပေါ်ချင်သော လုပ်ရပ်ကို ရှုံချကြောင်း မန္တလေးခရိုင်ကျောင်းသားဟောင်းနိုင်ကိုဇော် ရေးသားထားလေသည်။

88 ရဲ့ စေတနာ ဝဿန် ဂီတ ဖော်ဖြေပွဲ မှာ ကျောင်းသားခေါင်းဆောင် ဟောင်းကြီးတွေက ကျောင်းသား သမဂ္ဂ (၂) ခု ဖြစ်တဲ့ဗကသများအဖွဲ့ချုပ် နှင့် ကသဖ တို့ကို ဘက်လိုက်မှု မရှိ သာတူ ညီမျှ ဖြစ်စေရန် စီစဉ်ပေးခဲ့သည်။ ဖယောင်းတိုင်ကိုင်၍ ကဗျာရွတ်ဆိုရန် တဖက်ကို ကျောင်းသား (၂၅)ဦး စီ အညီအမျှကို စီစဉ်ပေးခဲ့ပြီး မျက်နှာလိုက်သည် မဖြစ်စေရန် (၂)ဖွဲ့လုံး ၏ ကျောင်းသားအလံ အား မသုံးရန် ပြောကြားထားခဲ့သည်။ သို့သော် တကယ့် တကယ် တွင် စင်ပေါ်မှ ဆင်းလာချိန်တွင် ကိုမင်းကိုနိုင်၏ နောက်မှ ဒီငြိမ်းလင်းနှင့် စည်သူမောင် တို့ မှ အသင့်ယူဆောင်လာသော ခွပ်ဒေါင်း အလံကို ဖြန့် လိုက်ပါသည်။ ခေါင်းဆောင် ၈၈ များ၏ စကားကို မလိုက်နာပဲ မိမိ ထင်ပေါ်မူကို ရှေ့ရှု၍ ဆောင်ရွက်ပြုမူခြင်းကို ရှုတ်ချပါကြောင်း ။ အဖွဲ့အစည်း ၊ ကော်မတီ စသည်တို့ တွင် ပါဝင်ပြီ ဆိုလျှင် အများ သဘောတူချက်ကို လိုက်နာရပါသည် ။ အားလုံးသဘောတူ ဆုံးဖြတ်ချက်ကို လိုက်နာတတ်သော ၊ လေးစားတတ်သော ကျောင်းသား ခေါင်းဆောင်များ ဖြစ်စေရန် ကြိုးစားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

Myanmar Express

2 comments:

min toh 88 tway ka lae akone chee htote tway gyi pel.

အ ခု ထက် ထိ ၈၈ တွေ ဘွဲ့ မ ရ သေး ဘူး သ နား စ ရာ ကောင်း လိုက် တာ မ စား ရ မ သောက် ရ ဒီ နိုင် ငံ ရေး ကို။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်