Subscribe to our RSS Feed

ကေအိုင်အိုနဲ့ အစိုးရတပ် ငါးကီလိုမီတာစီ နောက်ဆုတ်ဖို့ အကြံပေး


From : သာနောင်

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တပ်ရွှေ့နောက်ဆုတ်ရာမှာ နှစ်ဖက်စလုံး ငါးလီလိုမီတာစီ စရွှေ့သင့်တယ်လို့ နိုင်ငံတကာက အကြံပြုထားပါတယ်။ “သူနည်းနည်းရွှေ့ ကိုယ်နည်းနည်းရွှေ့ပေါ့၊ နိုင်ငံတကာက အကြံပေးတာ ငါးကီလိုမီတာ ရွှေ့လိုက်ပါတဲ့၊ ငါးကီလိုမီတာဆိုတာ လက်နယ်ငယ် တစ်ကမ်းပေါ့” လို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဆိုပါတယ်။ ကေအိုင်အိုတပ်တွေနဲ့ အစိုးရတပ်တွေကြားမှာ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ အဲသည်လို ပစ်ခတ်နေရတာဟာ တပ်တွေရဲ့ လိုအပ်ချက်အရ ရိက္ခာသယ်ယူရာမှာ၊ တပ်အချိန်းအပြောင်း လုပ်တဲ့အခါ လမ်းမှာ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ကြရတာလို့ ဆိုပါတယ်။ အဲသည်လို ထိပ်တိုက်တွေ့ကြတာက နှစ်ဖက်တပ်ချင်း အရမ်းနီးကပ်နေတာကြောင့်ဖြစ်ပြီး ပစ်ခတ်မှုတွေ မဖြစ်အောင် ကျွံနေတဲ့တပ်တွေကို ရွှေ့ပေးရပါမယ်။ အဲသည်လို တပ်ရွှေ့ပြောင်းရေးအတွက် နှစ်ဖက်စလုံးက စစ်ဦးစီးချုပ်တွေ တွေ့ဆုံညှိနှိုင်းနိုင်ဖို့ လိုပါတယ်။ အဲသည်လို တွေ့ဆုံနိုင်ဖို့ ခက်ခဲနေတာက တွေ့ဆုံမယ့်နေရာ ဖြစ်တယ်လို့ သိရပါမယ်။ “အဘတို့က အကြောင်းပြန်ပြီးပြီလေ၊ နောက်ဆုံး အကြောင်းပြန် ထားတာက နေပြည်တော်မှာ လာလုပ်ပါ၊ သမ္မတကြီး မျက်စိရှေ့မှာ လာလုပ်ပါ၊ မြန်မာပြည်မှာ ဒီထက်လုံခြုံတဲ့နေရာ မရှိတော့ဘူး” လို့ ဦးအောင်မင်းက ဆိုပါတယ်။ ဦးအောင်မင်းက ဆက်ပြီး “အဲဒီတော့ သူတို့ နေပြည်တော်ကို လာတဲ့အခါ လုံခြုံရေး၊ စားရေးသောက်ရေး အားလုံး တာဝန်ယူတယ်လို့ ပြောထားတယ်” လို့ ပြောပါတယ်။ “ပြည်တွင်းငြိမ်းချမ်းရေး မရရအောင် ကြိုးစားမယ်၊ အားလုံးညှိနှိုင်း ဆွေးနွေးပြီး အောင်မြင်အောင် ဆောင်ရွက်သွားမယ်” လို့ ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဆိုပါတယ်။ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းပြီး ကျွံနေတဲ့တပ်တွေကို ရွှေ့နိုင်မှသာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်နိုင်မှာပါ။ တခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ မတူဘဲ အချိန်ကြာမြင့်စွာ ဆွေးနွေးနေရတာဟာ နယ်မြေတွေ ကျွံနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ အကြံပေးချက်ကို လေ့လာဆွေးနွေးပြီး ညှိနှိုင်း အကောင်အထည်ဖော်ဖို့ လိုအပ်လာပြီ ဖြစ်သည်။

Myanmar Express


5 comments:

ဝန်ကြီးတို့ သမ္မတကြီးတို့ ကိုတော့အရမ်းကိုလေးစားပါတယ်။ အားလည်းနာပါတယ်။နိုင်ငံတော်ရဲ့ရည်မှန်းချက်ကိုမျက်ကွယ်ပြုတာမဟုတ်ပါဘူး။kia ကိုအချိန်တခုပေးပြီးစောင့်တာကောင်းမယ်ထင်တယ်။သတ်မှတ်ချိန်ကျော်ရင် ဆော်ကြတာပေါ့။ ဒီကောင်တွေဒါနဲ့ပဲတန်တယ်။

တော်လိုက်တဲ့ ဥာဏ်ကြီးရှင် ၅ ကီလိုမီတာ ရွှေ့ ပြီး ရင် ၂ ဘက်တပ် တွေ ပြန်တက် မလာ အောင် ဘယ်မအေလိုးက အလယ်က ထိုင်ပြီး ဒိုင်လူကြီးလုပ် မှာ လဲ
(ဗိုလ်လူရှုပ်)

အေး ဒိုင် လုပ် ဖို မင်းကို လျာ ထားတယ်။ ထမင်း ၀အောင် စား ထားဦး။ ခရာ သံကြား ပြီး မှ ဆို မင်းကို တစ် စစီ လိုက်ကောက် ဖို့ တောင် အချိန် ရမှာ မဟုတ် ဖူး။

အကြံကောင်းတစ်ခုပါဘဲ။
ကြိုးစားပေးနေသူများကို ကျေးဇူးတင်ပါတယ်။
ဗိုလ်လူရှုပ်ခင်ဗျား ပေါက်တတ်ကရလျှောက် မပြောပါနဲ့

သမ္မတ ကြီး ခင် ဗျား
အ ရင် က သမ္မတ ကြီး ပြော ဖူး တယ် လေ
အပြတ် တိုက် ချင် ရင် ရ တယ် ဆို
လုပ် လိုက် ပါ တော့ လား
က ချင် လူ ထု တွေ အ တွက် အ ကောင်း ဆုံး က
KIA ကို အ ပြတ် တိုက် တဲ့ နည်း ဘဲ ရှိ တော့ တာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်