Subscribe to our RSS Feed

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း၏ အစုရှယ်ယာ အများပြည်သူသို့ ထပ်မံရောင်းချမည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO) ကုမ္ပဏီ၏ ဖွင့်ပွဲနှင့် အစုရှယ်ယာများ စတင်ရောင်းချခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ Stand Hotel ၌ သြဂုတ်လ ၂၆ ရက် နံနက် ၁၀း၃၀ နာရီတွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး အစုရှယ်ယာများကို စတင်ရောင်းချခဲ့ပြီးဖြစ်ပါသည်။ ၄င်းပွဲအား မတက်ရောက်ခဲ့ရသော အစုရှယ်ယာထည့်ဝင် ရင်းနှီးမြှုပ်နှံလိုသည့် တိုင်းရင်းသား လုပ်သားပြည်သူများနှင့် လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများအတွက် မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများတွင် ထပ်မံ၍ ရုံးခွဲများ ဖွင့်လှစ်ခြင်း၊ အစုရှယ်ယာများ ရောင်းချခြင်း အခမ်းအနားများကို ထပ်မံကျင်းပသွားမည်ဖြစ်ပါကြောင်းနှင့် အစုရှယ်ယာများကို တစ်စုလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် လူပုဂ္ဂိုလ်တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုလျှင် အစုအရေအတွက် (၁)သိန်း၊ တန်ဖိုးအားဖြင့် ကျပ်ငွေ (၁)ဘီလီယံအထိ ၀ယ်ယူနိုင်ပါကြောင်း၊ MAPCO ၏ ရုံးချုပ်ဖြစ်သော Sakura Tower Ground Floor တွင် ဆက်သွယ် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်