Subscribe to our RSS Feed

ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည့် ရေနံချက်စက်ရုံ နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးပါအဆိုပါ ရေနံချက်စက်ရုံတွင် တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ်


From : 7day

တရုတ်နိုင်ငံက စိုက်ထုတ် မတည်ပေးသော အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ (ကန်ဒေါ်လာ ၂၅၂၁ သန်း)ကျော် ကုန်ကျနိုင်သည့် ထားဝယ်ခရိုင် လောင်းလုံမြို့နယ်တွင် တည်ဆောက်လျက်ရှိသော ရေနံချက်စက်ရုံသည် StrategicI
tem လောင်စာစွမ်းအင်များ သိုလှောင်သိမ်းဆည်းထားပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က ပြောကြားသည်။

ပြည်ပမှ ရေနံစိမ်းကုန်ကြမ်း ၀ယ်ယူ၍ ထိုစက်ရုံ၌ ကုန်ချောထုတ်လုပ်ရာတွင် စက်သုံးဆီများ၊ ကတ္တရာများ ထွက်ရှိမည်ဖြစ်ပြီး ပလတ်စတစ်ကော်စိမ်း၊ ကန့် စသည့်ပစ္စည်းများလည်း ထွက်ရှိမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းဝယ်ယူပြီး ကုန်ချောထုတ်လုပ်ခြင်းဖြစ်၍ နိုင်ငံတော်စီးပွားရေးကို အထောက်အကူ ပြုစေမည့်အပြင် နိုင်ငံတော်ကာကွယ်ရေးအတွက် သိုလှောင်သိမ်းဆည်းထားမည် ဖြစ်သည့်အတွက်လည်း ကာကွယ်ရေးအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးကပြောကြားသည်။

ထို့အပြင် စက်ရုံတွင် အလုပ်သမား ၁,၈၅၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်ရမည်ဖြစ်ပြီး ဒေသခံများကို ဦးစားပေး ခန့်ထားမည်ဖြစ်ကြောင်း၊ လောလောဆယ်တွင် အင်ဂျင်နီယာနှင့် ကျွမ်းကျင်ဝန်ထမ်းများအား တရုတ်နိုင်ငံသို့ ကြိုတင်လေ့လာရေးအဖြစ် စေလွှတ်ထားပြီး ဖြစ်ကြောင်းလည်း ၎င်းကပင် ဆက်လက်ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရန် အတွက်လည်း စက်ရုံမှထွက်မည့် မီးခိုးငွေ့များအား နိုင်ငံတကာ စံနှုန်းအတိုင်း လိုအပ်သော သန့်စင်မှုများ ပြုလုပ်ပြီးမှ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ယင်းသန့်စင်မှုစနစ်အား ပျက်ယွင်းပါက စက္ကန့်ပိုင်းအတွင်း သိရှိကာ ပြုပြင်နိုင်မည့် စောင့်ကြည့်စနစ်ကိုပါ တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ၀န်းကျင်ဒေသခံများ၏ ကျန်းမာရေး၊ လူမှုရေး မထိခိုက်အောင်၊ ထိခိုက်မှုအနည်းဆုံး ဖြစ်ရန်လည်း ဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးချုပ်အောင်သော်က ပြောသည်။

စက်ရုံထွက် ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများကိုပါ ဘေးအန္တရာယ် ကင်းရှင်းစေရန် သန့်စင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ စက်ရုံနယ်နိမိတ်အတွင်းရှိ နေအိမ် ၉၄ လုံးကို ပိုးဇာပင်ဆီအုန်းခြံ၌ ပြန်နေရာချပေးမည်ဟု ဆိုသည်။ အဆိုပါ ရေနံချက်စက်ရုံအား တရုတ်နိုင်ငံမှ GDZR ကုမ္ပဏီ၊ ပြည်တွင်းမှ ထူးကုမ္ပဏီ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်မြင့်က ပြောကြားသည်

Myanmar Express

1 comments:

အမေရိကန်ဘက်လိုက်ပြီး၊ဒီမိုကရေစီကိုဗန်းပြပြီးလှုပ်ရှားနေသူနိုင်ငံရေးသမားတချို့  ဟာ ၊မသိနားမလည်တဲ့မြန်မာပြည်သူပြည်သားတွေကိုနည်းမျိုးစုံနဲ့ တရုတ်အပေါ်အကောင်းမမြင်ဘဲ ၊ အဆိုးဘက်ကဘဲမုန်းတီးရေးဖြစ်အောင်လုပ်နေကြတယ်၊

တကယ်တော့တရုတ်၊မြန်မာဟာနယ်စပ်ကပ်လျက်ရှိနေရုံမက၊တိုင်းရင်းသားတွေတချို့ ဆိုရင်နှစ်ဖက်နှစ်နိုင်ငံစလုံးကအသိမှတ်ပြုထားတာပါ၊

တရုတ်ဟာလဲမြန်မာလိုဘဲဗုဒ္ဒဘာသာကိုးကွယ်တဲ့နိုင်ငံလဲဖြစ်ပါတယ်၊
တကယ်တော့ချစ်စရာကောင်းလှတဲ့မြန်မာပြည်သူတွေနဲ့ တရုတ်
လူမျိုးတွေဟာအစဉ်အမြဲချစ်ချစ်ခင်ခင်ရှိကြပါတယ်

ယဉ်ကျေးမှုပိုင်းဆိုရင်လဲ မြန်မာပြည်သူပြည်သားတွေ ထဲမှာတရုတ်အစာတွေကိုတူနှစ်ချောင်းနဲ့ အစာစားတတ်သူတွေကိုကြည့်လိုက်ရင်သိသာပါတယ်

မြန်မာပြည်မှာနေထိုင်တဲ့တရုတ် နဲ့ ကုလား ဘာကွာသလဲဆိုရင်ကွာတွေအများကြီးပါ၊

ကုလားတွေကဘာသာရေးယူသီးမှုတွေဟာ တရုတ်တွေထက်ဆိုးပါတယ်

ကပ်စီးနှဲတာဆိုလဲကုလားကိုဘယ်သူမှလိုက်မမှီပါဘူး
တရုတ်သူဋ္ဌေးတွေဟာ တရုတ်နှစ်သစ်ကူးတိုင်း အလုပ်သမားတွေကို
အန်ပေါင်းပေးလေ့ရှိပါတယ်

မြန်မာစစ်အစိုးရလက်ထက်မှာ တရုတ်ပြည်ကပစ္စည်းတွေဈေးပေါပေါနဲ့
မြန်မာပြည်ထဲဝင်ရောက်လာတာကိုလဲ (တရုတ်စက်၊တရက်စုတ်)
လို့ပြောကြပါတယ်

ဒါပေမဲ့...အဲဒီအချိန်ကတကမ္ဘာလုံးကိုစီးပွါးရေးပိတ်ဆို့ဖို့ဖိအားပေးနေတဲ့
ဒီမိုကရေစီသမားတွေဟာမြန်မာပြည်တွင်းမှာမရှိတော့မသိပါဘူး၊

ဘာလဲဆိုတော့ တရုတ်ပစ္စည်းတွေကအောက်ခြေပြည်သူတွေရဲ့ ၀ယ်ယူနိုင်တဲ့ဈေး ဖြစ်နေတော့တရုတ်ပစ္စည်းတွေကိုဘဲဝယ်သုံးကြရပါတယ်

အခုလိုအရင်းရှင်စီးပွါးရေးစကားနဲ့ပြောရရင်တော့ တပြားဖိုးပေးရင်တပြားတန်တဲ့ပစ္စည်းဘဲရမယ်ဆိုတဲ့အတိုင်းပါဘဲ

မှန်ပါတယ်၊တချို့တရုတ်ထုတ်ကုန်ပစ္စည်းတွေကအရေအသွေးညံ့တယ်ဆိုတာ

ဒါပေမဲ့ ...ယနေ့ IT ပစ္စည်းတွေတော်တော်များများဟာ Made in China
ဖြစ်နေပါပြီ၊ ဘယ်လောက်နာမယ်ကြီးတဲ့ ကမ္ဘာကျော် SONY , HP , Canon , Epson, Dell , Toshiba , Fujitsu, Panasonic , Acer ,Asus , Lenovo , Sandisk , Hitachi , ....စတဲ့ ကုမဏီကြီးတွေဟာနာမည်သာခံထားပြီး၊ ပစ္စည်းတွေအားလုံးနီးပါးဟာတရုတ်ပြည်မှာထုတ်လုပ်တာပါ

ဒါကြောင့်စိတ်ဓါတ်ဖြုစင်တဲ့မြန်မာပြည်သူပြည်သားများဟာ၊ဒီမိုကရေစီအော်ပြီးအမေရိကန်နောက်လိုက်တွေရဲ့ နိုင်ငံရေးအရ အကြံအစည်နဲ့ တရုတ် နဲ့ မြန်မာ ကြားမှာအထင်မှားရန်တိုက်ပေးနေတာကိုကွက်ကွက်

ကွင်းကွင်းမြင်တတ်ဖို့လိုပါတယ်

တရုတ် ၊မြန်မာ နိုင်ငံခေါင်းဆောင်ကြီးတွေဟာလဲအိမ်နီးချင်းဆွေမျိုးပေါက်ဖေါ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွါးတိုးတက်ရေးကိုဆက်လက်ဆောင်ရွက်သွားကြမှာပါ

(တယုတ်မဟုတ်သော - တရုတ်ကြီး)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်