Subscribe to our RSS Feed

ဝန်ကြီး ဦးအောင်မင်း နှင့် ဝါရှင်တန် ဒီစီ မြန်မာမိသားစုများ တွေ့ ဆုံဆွေးနွေး


အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မက်ထရို ဧရိယာအတွင်း
နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မေရီလန်းပြည်နယ် Rockville မြို့က ရပ်ကွက်ခန်းမတခုမှာ မနေ့ညပိုင်းက ၀န်ကြီး ဦးအောင်မင်း နှင့် ဝါရှင်တန် ဒီစီ မြန်မာမိသားစုများ တွေ့ ဆုံဆွေးနွေးခဲ့ ပါတယ်။

 ဝန်ကြီး ဦးအောင်မင်းက ပြည်ပရောက် မြန်မာနိုင်ငံသားတွေ
ကို နိုင်ငံသား ၂ ခု ခံယူခွင့် ပေးမှာမဟုတ်ပေမယ့် PR (ခေါ်) မြန်မာနိုင်ငံ
အတွင်း နှစ်ရှည် နေထိုင်ခွင့် သက်တမ်း ငါးနှစ်အထိ ပေးနိုင်အောင် ကြိုးစားပေမယ့် အကြောင်း ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကိုလည်း ဦးအောင်မင်းက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 
ဝန်ကြီး ဟာ မြန်မာမိသားစုများနဲ့ တွေ့ ဆုံရာမှာ လက်ရှိ နိုင်ငံရေး ၊ စီးပွါးရေး နဲ့ လူမှုရေး စတဲ့ အကြောင်း အရာတွေ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခဲ့ပြီး မြန်မာမိသားစုတွေရဲ့ မေးခွန်း တွေကိုလည်း စိတ်ရှည် လက်ရှည် ဖြေကြားသွားတာ တွေ့ ရပါတယ်။

မြန်မာမိသားစုတွေ အဓိကထားမေးမြန်းခဲ့ကြတာ ကတော့ နာမည်မဲ (Black List ) ကိစ္စ၊ နိုင်ငံသားကိစ္စ ၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ကချင်တိုက်ပွဲ ကိစ္စတွေကို မေးခဲ့တာတွေ့ ရပါတယ်။

ဝန်ကြီး ဦးအောင်မင်း ကလည်း မေးသမျှ မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့ပါတယ်။ နာမည်မဲ ကိစ္စနဲ့ ပါတ်သတ်လို့ ဖြေကြားရာမှာ သူတို့ ဆီကို စရင်းပို့ လာပါက နာမည်မဲ စရင်းက အမြန်ဆုံး ပယ်ဖျက်ပေးမယ်လို့ ဆိုပါတယ်။

ပြည်ပရောက်နေတဲ့ မြန်မာတွေ မြန်မာနိုင်ငံပြန်လားရင် ၅ နှစ်နေထိုင်ခွင့်ကို ဥပဒေပြဒါန်းနိုင်ဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း  ပြောပါတယ်။

ရိုဟင်ဂျာကိစ္စမှာတော့ ဥပဒေချိုးဖောက်သူကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုတော့ ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မယ်
လို့ ယုံကြည်ထားကြောင်း ၀ါရှင်တန် ဒီစီ မြန်မာမိသားစုများကို ၀န်ကြီး ဦးအောင်မင်း က ရှင်းလင်းပြောဆိုသွားပါတယ်။

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်