Subscribe to our RSS Feed

၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအား ယခင်နှစ်များထက် အချိန်စောကာ ပြုလုပ်သွားနိုင်ရန် စီစဉ်

From :MRTV4


မြန်မာ့ ရုပ်ရှင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုနှစ်မှာ ပြုလုပ်မယ့် ၂၀၁၁ခုနှစ်အတွက်  မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို ယခင်နှစ်တွေထက်
အချိန်စောကာ လာမယ့် ဒီဇင်ဘာလ အတွင်းမှာ ပြုလုပ် သွားနိုင်ဖို့ စီစဉ်လျက် ရှိတယ်လို့ သိပါတယ်။ ယခင်က နှစ်စဉ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ပွဲကို ဇန်န၀ါရီလ သို့မဟုတ် ဖေဖော်ဝါရီလ တို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၁ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို ယခုနှစ်မှာ ဒီဇင်ဘာလ အတွင်း ကျင်းပ ပြုလုပ်ရန် စီစဉ်မှုဟာ မြန်မာ့ရုပ်ရှင် လောကသား တွေရဲ့ ဆန္ဒအတွက် ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုနှစ်မှာ ပြုလုပ်မယ့် ၂၀၁၁ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ မှာတော့ မြန်မာ့ရုပ်ရှင် ဇာတ်ကား ၁၅ ကားကို ကြည့်ရှု စစ်ဆေး သွားမှာ ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ အခုလို ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ဖို့ အတွက် အခြေခံ စိစစ် အကဲဖြတ် ရွေးချယ်ရေး အဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက် ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို အခြေခံ စိစစ် အကဲဖြတ်ရေး အဖွဲ့ကို ယခင်နှစ်များက ဌာနဆိုင်ရာ ပုဂ္ဂိုလ် ခုနှစ်ဦး၊ စာပေနှင့် ဂီတ နယ်ပယ်မှ ပညာရှင် ၈ ဦး စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့စည်း ရွေးချယ်ခဲ့ပြီး ယခုနှစ် မှာတော့ သရုပ်ဆောင် ၂ ဦး ထပ်တိုး ဖွဲ့စည်းကာ စုစုပေါင်း ပညာရှင် ၁၇ ဦးနဲ့ စိစစ်အကဲ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


  
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်